ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊ မြို့မရပ်ကွက်အတွင်းရှိ
ပြည်တော်အေးလမ်းသည် ဆိုးရွားစွာ ပျက်စီးနေပြီး မြို့တော် ၏ အင်္ဂါရပ်ကို ထိခိုက်ကာ အရုပ်
ဆိုး အကျဉ်းတန်နေသဖြင့် ပြုပြင် ပေးရန် လိုအပ်သည်ဟု တောင်ကြီး ဒေသခံများမှ ဝေဖန်ပြောဆို
လျက်ရှိသည်။
.
.
''တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွင်း လမ်းတွေကတော့ ပြုပြင်သင့်တာ
အများကြီးပါ။ အဲဒီထဲမှာ ပြည်တော်အေး လမ်းက တော်တော်လေးဆိုးတယ်။ ပြုပြင်ပေး ဖို့လည်း
ပြည်သူတွေက ပြောဆို နေတာကြာပါပြီ။ လမ်းတွေ ပျက်စီး တာကလည်း အဲဒီလမ်းထဲမှာ ကား ဂိတ်တွေ
ရှိတယ်။ ကားကြီးတွေ အ ဝင်အထွက် တော်တော်လေးများ တယ်။ အိမ်ဆောက် ပစ္စည်းတွေ၊ သံ ထည် ပစ္စည်းတွေတင်တဲ့
တွဲကားတွေ၊ ကုန်တင်ယာဉ် ကြီးတွေက အမြဲတမ်းလိုလို အဝင်အထွက် ရှိ နေတယ်။ အဲဒီကားတွေက
ဒီပြည် တော်အေးလမ်းထဲမှာ ကုန်တင်ကုန် ချတာတွေ ညအိပ်ရပ်နားတွေလုပ် နေတော့ လမ်းကပြင်ထားလည်း
ခဏလေးနဲ့ ပြန်ပျက်တာပဲ။ ပြင်တဲ့  အခါမှာ သေချာ စနစ်တကျမလုပ်ဘဲ လာဖာသွားတာ လောက်ပဲဆိုတော့
လမ်းတွေက ခဏခဏ ချိုင့်ခွက်တွေ ဖြစ်နေတော့တာပဲ။ ဒီတစ်ခါ ပြင်မယ် ဆိုရင်တော့ အစိုးရဘတ်ဂျက်ကို
ပြည့်ပြည့်ဝဝ အသုံးပြုပြီး ရေရှည် အတွက် သေချာ စနစ်တကျ ပြုပြင် ပေးဖို့ လိုအပ်ပါတယ်''ဟု
တောင် ကြီးဒေသခံ ဦးတင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ပြည်တော်အေးလမ်း၌ ကုန်တင်ယာဉ်ကြီများနှင့် တွဲကား များ အမြဲလိုလို
အဝင်အထွက်ရှိနေ ပြီး ယာဉ်၏ဝန်ကို မခံနိုင်သဖြင့် လမ်း မကြာခဏပျက်စီးနေရခြင်း ဖြစ်သည့်
အတွက် ယာဉ်အဝင်အထွက်ကို ထိန်းသိမ်းသင့်ကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
.
''အဲဒီလမ်းက တော်တော်လေး ကို ဆိုးနေတာပါ။ ချိုင့်ခွက်တွေ ချည်းပဲ။
လမ်းက ပြင်ထားလည်း ကုန်ကြီးတွေ ခဏခဏ ဝင်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ပြန် ပျက်တာပဲ။
ဒါကြောင့် ရေရှည်ခိုင် ခံ့အောင် စနစ်တကျ ပြုပြင်ပေး သင့်ပါတယ်။ အဲဒီတစ်လမ်းထဲ ပြင်
ဖို့လိုနေတာတော့ မဟုတ်ပါဘူး။ အဲ ဒီနားက တူးမြောင်းလမ်းတို့ မြောက် ကျောင်းလမ်းတို့လည်း
ပြင်ဖို့လိုနေ ပါတယ်။ ချိုင့်ခွက်တွေက အကြီး ကြီးတွေချည်းပဲ''ဟု တောင်ကြီး ဒေသခံတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် တွင်း လမ်းများပေါ်တွင် မိုးများ သည်းထန်စွာ
ရွာသွန်းမှုကြောင့် ရေပြည့်ရေလျှံမှု ဖြစ်ပွားနေခြင်း၊ လမ်းများ မကြာခဏ ချိုင့်ခွက်ဖြစ်
ကာ ပြည်သူအများ လမ်းခရီးအန္တ ရာယ်ဖြစ်ပွားနေရခြင်း တို့ကြောင့် ပြုပြင်ပေးရန် လိုအပ်ကြောင်း
ဒေသ ခံများမှ ပြောဆိုလျှက်ရှိသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ
အမှုဆောင်အရာရှိ ဦးအေးကိုထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ အစည်းအဝေးရှိ
နေသဖြင့် ပြောကြားပေးနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
.
ယင်း ပြည်တော်အေးလမ်းအပြင် မြို့မရပ်ကွက်အတွင်းရှိ ရေမဲလမ်း၊ မြောက်ကျောင်းလမ်း၊
တူးမြောင်း လမ်း၊ ကျောင်းကြီးစု ရပ်ကွက်ရှိ တိုင်းရင်းသားပေါင်းစုံ သုဿန်သွား လမ်း၊
ရေအေးကွင်းရပ်ကွက်ရှိ ခိုင် မေတ္တာဆေးရုံအရှေ့လမ်း တို့သည် လည်း ဆိုးရွားစွာ ပျက်စီးနေသည့်
အတွက် ပြုပြင်ပေးရန် လိုအပ် ကြောင်း ဒေသခံများက လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုလျက်
ရှိသည်။
.
.
.
#KBZTai #Shan