လားရှိုးမြို့ရှိ အထက(၁) ကျောင်း၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်နေ့ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ အထက(၁) ကျောင်း၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်နေ့ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲပြုလုပ်



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာ ၉ ရက်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါး ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
 
.
အဆိုပါပြိုင်ပွဲကို လားရှိုးမြို့၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး)မှ ဦးစီး ကာ “ပြည်သူ့ဘ၀တိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့်စီးပွားဆုံးရှုံးမှုလျော့ချစို့ခေါင်းစဉ်ဖြင့် ပြုလုပ် ခဲ့ကြောင်း သိရသည်။ 
.
“အဓိကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ ဘေးအန္တရာယ်ကျရောက်တဲ့အခါမှာ တုံပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေကြားမှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာနဲ့ ဗဟုသုတ တွေ ကျယ်ကျယ်ပျံ့ပျံ့ရရှိအောင်လို့ ကလေးသူငယ်တွေကို ဦးတည်ဆောင်ရွက်တာဖြစ်ပါတယ်”ဟု လားရှိုးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောသည်။
.
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ဘေးအန္တရာယ်လျော့ပါးရေး မဟာဗျူဟာအဖွဲ့မှ နှစ်စဉ်အောက်တိုဘာ ၁၃ ရက်ကို သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
.
“မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာပါ။ တစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာပါ။ နှစ်စဉ် ပုံစံတစ်မျိုးမျိုးနဲ့ ကျင်းပခဲ့တာပါ။ ဒီနေ့တော့ စာစီစာကုံးနဲ့ ပန်းချီပြိုင်ပွဲကျင်းပတာပါ။ဟု ဦးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျှော့ပါးရေးနေ့အခမ်း နားနေ့တွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  
.
.
.
#KBZTai #Shan

Journal Download

Photo of three cats