ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့လယ်ရှိ အကျယ် ၃၅ ဒသ မ
၃၇၅ ဧက အကျယ်အဝန်း ရှိ နောင်တုံရေကန်ကြီးအတွင်း ငါးဖမ်း ဆီးခွင့်လုပ်ငန်း တင်ဒါအား
ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေးကော် မတီမှ အများပြည်သူ သိရှိရန်ခေါ် ယူခဲ့သော်လည်း
လာရောက်လျှောက် ထားသူ မရှိခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေးကော်မတီမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွက်
နောင်တုံ ရေကန်အတွင်း ငါးဖမ်းဆီးခွင့် လုပ် ငန်းတင်ဒါအား အောက်တိုဘာလ ၈ ရက်မှ ၁၈ ရက်အတွင်း
တင် ဒါလျှောက်လွှာများ တင်သွင်း၍ နို ဝင်ဘာလ ၁ ရက်၌ တင်ဒါရောင်း ချပေးမည်ဟု ကြေညာထားသော်
လည်း တင်ဒါလျှောက်လွှာ ပိတ်ရက် အထိ လာရောက်လျှောက်ထားသူ မရှိခဲ့ကြောင်း ကျိုင်းတုံမြို့နယ်
စည် ပင်သာယာရေးဌာနမှ သိရသည်။
''စီးပွားရေးလုပ်ငန်းရှင် ဆိုတာ လုပ်ငန်းအတွက် ရင်းနှီးမယ့် ကုန်
ကျစရိတ်နဲ့ ရရှိနိုင်မယ့် အကျိုးအ မြတ်ကို ထည့်တွက်ကြမှာ ဖြစ်ပါ တယ်။ အနည်းဆုံး ကိုယ့်မြို့ရပ်ရွာ
ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီး အကျိုးအမြတ် မကျန်ရင်တောင်မှ အရင်းလောက် ရမယ်ဆိုရင်
လုပ် ငန်းရှင်ရှိဖို့ မျှော်လင့်မိပါတယ်''ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီ
ဥက္ကဌ ဦးခင်မောင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နောင်တုံရေကန်အတွင်း ငါးဖမ်း ဆီးခွင့်လုပ်ငန်းအား ကျိုင်းတုံမြို့နယ်
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနသို့ ၂ဝ၁၆
ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်စည် ပင် သာယာရေးကော်မတီ အနေဖြင့် ယင်းငါးဖမ်းလုပ်ငန်းကို
ယခုအခါ ပ ထမအကြိမ်အဖြစ် တင်ဒါခေါ် ယူခဲ့ သော်လည်း မအောင်မြင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
''မြို့နယ်ထွေအုပ်ရဲ့ ရှေ့မှာ မယက လက်ထက်ကလည်း ကန် ထဲမှ ငါးဖမ်းခွင့်လုပ်သူတွေ
ရှိခဲ့ ပါတယ်။ အခု စည်ပင်သာယာရဲ့ လက်အောက်ကို ရောက်သွားမှ လုပ် မယ့်သူမရှိတာက အကြောင်းတစ်ခုခု
တော့ ရှိနိုင်ပါတယ်''ဟု ကျိုင်းတုံ မြို့၊ အမှတ် (၅)ရပ်ကွက်၊ နောင်တုံ ရေကန်အနီးနေထိုင်သူ
ဦးစိုင်းဝန်း က ၄င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နောင်တုံ ရေကန်အတွင်း၌ပေါက် ဖွားနှုန်းမြန်ဆန်သည့် တီလားဗီးယား ငါးမျိုးများ
အများဆုံး ရှင်သန် ပေါက်ဖွားလျက်ရှိပြီး ကန်အတွင်း ရေအဝင်အထွက် မမှန်ခြင်း၊ ကန် အနီးပတ်ဝန်းကျင်ရှိ ဈေးရောင်း ချသူများ၏ ညစ်ညမ်း
ရေဆိုးများ စီးဝင်ခြင်း၊ ကန်ပတ်လမ်း လူနေ အိမ်များရှိ ရေနုတ်မြောင်းများမှာ ယခင်ရှမ်းပြည်နယ်
အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်သိန်း ၂ဝဝ ဖြင့် အ ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သော်လည်း
စံချိန်စံညွှန်း မပြည့်မီ ခြင်းများကြောင့် ယခုကဲ့သို့ တင်ဒါ လျှောက်ထားသူ မရှိခဲ့ခြင်းဖြစ်
သည်ဟု မြို့ခံများမှ ဝေဖန်လျက်ရှိသည်။
.
.
.
#KBZTai #Shan