လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို ပြန်လည်ကုစားပေးလျော်သင့်ကြောင်း ဥပေက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို ပြန်လည်ကုစားပေးလျော်သင့်ကြောင်း ဥပေက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာ ထုတ်ပြန်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
.
လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား ပြန်လည်ကုစားပေးလျော်မှု ပြုလုပ်ခြင်းအစီရင်ခံစာ ထုတ်ပြန် ခြင်းကြောင့် နစ်နာခံစားရသူများနှင့် ၄င်းတို့၏ မိသားစုများ တရားမျှတ မှုရရှိနိုင်ရန်အတွက် ပြည်သူများ ခံစားနေရမှုကို မှန်ကန်သည့်မှတ် တမ်းတစ်ခုအဖြစ် ထားရှိအသုံးပြုနိုင် ရန်ရည်ရွယ်ပြီး လူ့အခွင့်အရေး မှတ် တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma ဥပေက္ခာမပြုကောင်းသော ဘဝများ အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ဟု ပြန်လည်ကုစားပေးလျော်မှု အဖွဲ့ဝင် ဦးတိတ်နိုင်က ပြောသည်။
.
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၁ ခုအတွင်း ၁၉၇ဝ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုး ဖောက်မှုများကို စိစစ်သုံးသပ်ပြီး မြန်မာနိုင်ငံရှိ ခံစားနစ်နာသူများ၏ လိုအပ်ချက်များကို ဆန်းစစ် တင်ပြ ထားသည့် ယင်းအစီရင်ခံစာ ထုတ်ပြန်မိတ်ဆက်ပွဲကို အောက်တိုဘာလ ၁၆ ရက်က ရန်ကုန်မြို့၊ Kafe in Town တွင် ပြုလုပ်ခဲ့ကြောင်းသိရ သည်။
.
''နိုင်ငံတကာက ဖိအားတွေ ဒီ လောက်ကြီးနေတဲ့အချိန်မျိုးမှာ အစိုးရကိုယ်တိုင်က ဒီကိစ္စတွေကိုလုပ် ပေးနိုင်တယ်။ ပထမဆုံးအသိအမှတ် ပြုတယ်၊ ဝန်ခံတယ်၊ တောင်းပန် တယ်ဆိုတဲ့ အဆင့်အပြင် ပြန်လည် ထူထောင်ရေး လုပ်ပေး တယ်ဆိုတဲ့ အဆင့်မျိုး လုပ်လာနိုင်တယ်ဆိုရင် အခုခံစားနေရတဲ့ နိုင်ငံတကာက ဖိ အားတွေကို တစ်စုံတစ်ရာ ကျော်ဖြတ် နိုင်မယ် လို့ထင်ပါတယ်''ဟု ဦးတိတ်နိုင်က ပြောသည်။
.
ယင်းအစီရင်ခံစာထုတ်ပြန်နိုင်ရန်အတွက် ၂ဝ၁၆-၁၇ ခုနှစ်များ အတွင်း လူဦးရေ ၁၇ဝ ကို တွေ့ဆုံ မေးမြန်းခဲ့ပြီး စစ်မက်ဖြစ်ပွားရာဒေသ များတွင် လူ့အခွင့်အရေးချိုးဖောက် ခံရသူများ၊ နိုင်ငံရေးအကျဉ်းသား များနှင့် မြေယာသိမ်းဆည်းခံရမှု ကြောင့် ဒုက္ခရောက်ခဲ့ရသူများဟူ၍ ၃ ပိုင်းခွဲခြားကာ တွေ့ဆုံမေးမြန်းမှု များပြုလုပ်ထားသည်ဟု သိရသည်။
.
အစီရင်ခံစာတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စ သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး များရှိ  လူ့အခွင့်အရေး ချိုးဖောက်ခံ ခဲ့ရသူများကို တွေ့ဆုံမေးမြန်းထား ခြင်းဖြစ်သည်ဟု သိရသည်။
.
ထိုသို့ မေးမြန်းရာတွင် ဖြေကြား သူများက ၄င်းတို့၏ မိသားစုဝင် များသည် မတရားဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ် ခံရခြင်း၊ ပျောက်ဆုံးခြင်း၊ အဓမ္မပြု ကျင့်ခံရခြင်း၊ အတင်းအကြပ်ပြောင်း ရွှေ့ခံရခြင်းတို့ အပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှုများကို ကြုံတွေ့ ခံစားခဲ့ကြရသည်ဟု ပြောဆိုကြ ကြောင်း သိရသည်။
.
လူ့အခွင့်အရေးမှတ်တမ်းကွန် ရက်က စုဆောင်းထားသည့် အမှု ၆ဝဝဝ ကျော်တွင် ပဋိပက္ခကြောင့် ခံစားနစ်နာ သူများနှင့်စပ်လျဉ်းသည့် အမှု ၈၅ မှု၊ မြေယာသိမ်းဆည်းခံရမှု ၁၃ မှု၊ နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် စပ်လျဉ်းသည့် အမှု ၁၃ မှု ပါရှိသည်ဟု ဆိုသည်။
.
ဆန်းစစ်ချက်အရ အမှု ၉၅ မှု တွင် ၈၅ ရာခိုင်နှုန်းသည် လူ့အခွင့် အရေးချိုးဖောက်ခံရမှုများကို မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခြင်းဖြစ်ပြီး ၁၂ ရာခိုင်နှုန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက ပြုလုပ်ခြင်းဖြစ်ကာ ၃ ရာခိုင် နှုန်းမှာ အမည်မသိကျူးလွန်သူ များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
.
''အဓိကကတော့ အဲဒီတုန်းက ခံစားခဲ့ရသလို နောင်အနာဂတ်မှာ သူတို့လည်း မခံစားချင်ဘူး။ တခြားသူတွေလည်း မခံစားစေချင်ဘူး။ အဲ ဒီအတွက် အာမခံချက်မျိုး လိုချင် ကြတယ်။ လယ်ယာမြေအပါအဝင် ပစ္စည်းဥစ္စာ ဆုံးရှုံးသွား တဲ့သူတွေ၊ သူတို့ဘဝတွေ ပြန်လည်ထူထောင် ရေးအတွက် လယ်ယာတွေ၊ ပစ္စည်း တွေပြန်လိုချင်ကြတယ်။ ပျောက်ဆုံး သွားတဲ့၊ သေဆုံးသွားတဲ့ မိသားစု ဝင်တွေကို ကောင်းကောင်းမွန်မွန် သဂြိုဟ်နိုင်ဖို့ဖြစ်တယ်။ နောက်ကျူး လွန်တဲ့သူတွေက တောင်းပန်ဖို့၊ အသိအမှတ်ပြုဖို့ ပြောကြတယ်''ဟု ဦးတိတ်နိုင်က ပြောသည်။
.
ယင်းအစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၊ ND-Burma နှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများ စုဖွဲ့ထားသည့် ပြန် လည်ကုစားပေးလျော်မှု အလုပ်အ ဖွဲ့တို့က စုစည်းတင်ပြထားခြင်းဖြစ် ပြီး အစိုးရမှ ပြန်လည်ကုစားပေး လျော်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေ ရန် စည်းရုံးလှုံ့ဆော်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats