တာချီလိတ်၌ ကျပ်သိန်းပေါင်း ၂၄၂ဝ ကျော်တန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူမှုန့်များ ဆက်တိုက်ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ကျပ်သိန်းပေါင်း ၂၄၂ဝ ကျော်တန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူမှုန့်များ ဆက်တိုက်ဖမ်းဆီးရမိ



မိုင်းမော(တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံတွင် အောက်တိုဘာလ ၉ ရက်၊ ညပိုင်းက မြို့ပေါ်ပိတ်ဆို့ ရှာဖွေ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မောင်းနှင်ထွက်ပြေးသည့် မော်တော်ယာဉ်အား လိုက်လံဖမ်းဆီး စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၄၂ဝဝဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စံသိန်း ဦးစီးအဖွဲ့၊ မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင်နှင့် မူးယစ်တပ်ဖွဲ့စု(၃ဝ)မှ ဒုရဲအုပ် ဝင်းမင်းသန့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် ၉ နာရီခွဲတွင် သက်သေများနှင့်အတူ  တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံတွင် မြို့ပေါ် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် တာချီလိတ်မြို့တွင်းမှ ရီဂျီးနားဂေါက်ကွင်းဘက်သို့ မောင်းနှင်လာသော Toyota Vogo အနက်ရောင်မော်တော်ယာဉ်အား စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ ဟိုတယ်တာချီလိတ်အနောက်ဘက် သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ည ၁ဝ နာရီတွင် ဟိုတယ်တာချီလိတ် အနောက်ဘက် တောင်စောင်းနေရာတွင် မော်တော်ယာဉ်အား ရပ်တန့်ခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဆင်းပြေးသွားသဖြင့် ၄င်းယာဉ်အား ပူးပေါင်းအဖွဲ့မှ ရှာဖွေရာ မော် တော်ယာဉ်၏ နောက်ခန်းရှိ အစိမ်းရောင် ကျောပိုးအိတ် နှစ်လုံးအတွင်းမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၂၄၂ဝဝဝ ပြား၊ အလေးချိန် ၂၄ ဒသမ ၂ ကီလိုခန့် (ဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၂၄၂ဝ သိန်းခန့်)၊ ယာဉ်အတွင်းမှ Wiko အမျိုးအစား ရွှေအိုရောင်ဖုန်းတစ်လုံး၊ L-MAX အမျိုးအစား အဖြူရောင်ဖုန်း တစ်လုံးတို့အား သက်သေခံ မော်တော်ယာဉ်နှင့်အတူ သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှ ရဲအုပ် စိုင်းခမ်းစိုင်း ဦးစီးအဖွဲ့ ပါဝင်သော ပူပေါင်းအဖွဲ့ဝင်များသည် ယင်းနေ့ ညနေပိုင်းတွင် သက်သေများနှင့်အတူ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ ရှာဖွေစစ်ဆေးနေစဉ် ယာဒို မောင်းနှင်ပြီး နောက်တွင် မငယ် လိုက်ပါလာသော Honda Wave-i (110) အမျိုးအစား မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နောက်မှလိုက်ပါလာသည့် မငယ် အတွင်းခံ အင်္ကျီအတွင်းမှ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စိတ်ကြွ ဆေးပြား ၅၇ ပြား၊ အလေးချိန် ၅ ဒသမ ၇ ဂရမ်ခန့် (ဒေသတန်ဖိုးငွေ ၅၇ဝဝဝ ကျပ်ခန့်)နှင့် ဘိန်းဖြူမှုန့် အလေးချိန် ဝ ဒသမ ၈ ဂရမ်ခန့်စီပါ ၂ ဘူး၊ စုစုပေါင်းအလေးချိန် ၁ ဒသမ ၆ ဂရမ်ခန့် (ဒေသတန်ဖိုးငွေ တစ်ဂရမ်လျှင် ၁၆ဝဝဝ ကျပ်နှုန်းဖြင့် ၂၅၆ဝဝ ကျပ်ခန့်)တို့အား ရှာဖွေတွေရှိခဲ့သည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ ယာဒို (၄ဝ)နှစ်၊ စန်းလု(အောက်)ကျေးရွာနေသူနှင့် မငယ် (၃၅)နှစ်၊ ပုန်းထွန်ရပ်ကွက်နေသူတို့အား တာချီလိတ်မြို့မရဲ စခန်းက မယ(ပ)၉၄/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်း၊ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ တိမ်းရှောင်နေသူများအား  မယ(ပ)၉၅/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖြင့်လည်းကောင်း အသီးသီးဖွင့်လှစ်ကာ တိမ်းရှောင်နေသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats