ဟိုပုံးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများသို့ ဆိုလာ ၂၇ဝ စုံ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများသို့ ဆိုလာ ၂၇ဝ စုံ ထောက်ပံ့



ထက်ထက် (ဟိုပုံး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာလ ၁၈ ရက် နံနက် ပိုင်းက ဟိုပုံးမြိ့နယ်၊ နောင်ဒေးကျေး ရွာအုပ်စု၊ နောင်ဒေးကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင် က ဆိုလာပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး မောက်လွတ်ကျေးရွာ၊ မေးကင်းကျေးရွာ၊ နောင်ဝယ်ကျေး ရွာ၊ နောင်ဒေးကျေးရွာ၊ မီးရဲ့ကျေးရွာ နှင့် ဒုံရင်းကျေးရွာများသို့ ၂၇ဝ စုံ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
''အခုလို လျှပ်စစ်မီးမရသေးတဲ့ ကျွန်တော်တို့ဒေသမှာ ဆိုလာနဲ့ မီး လင်းနိုင်အောင် ဆောင်ရွက်ပေးတဲ့ နတလ နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ကို အထူးကျေး ဇူးတင်ပါတယ်။ အရင်ကမှောင်မှောင် မဲမဲ ဖယောင်း တိုင် မီးနဲ့နေရတဲ့အ ချိန်ကို ကျွန်တော်တို့ ကျော်လွန်နိုင် ခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ ဒေသတွေရဲ့လမ်းပန်း ဆက်သွယ်ရေးသွားလာ လွယ်ကူ ချောမွေ့အောင်လည်း ဆောင်ရွက် ပေးစေလိုပါတယ်''ဟု နောင်ဒေး ကျေးရွာဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် တစ်အိမ်ထောင်လျှင် ဆိုလာပြား ၁ ပြား၊ ဘက်ထရီ ၁ လုံး ထောက်ပံ့ပေး အပ်ခဲ့ပြီး မီးချောင်း ၁ ချောင်းနှင့် မီးလုံး ၂ လုံး၊ အသုံးပြုနိုင်သည့် အပြင် ဖုန်းအားသွင်းခြင်းတို့ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ် တော်ကိုယ်စားလှယ်၊ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားအ ဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒေသ ခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats