သိန္နီနှင့် လားရှိုးမြို့ကြားရှိ ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ် ၃ စီးပေါ်မှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်လာသည့် ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီနှင့် လားရှိုးမြို့ကြားရှိ ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ် ၃ စီးပေါ်မှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်လာသည့် ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးစခန်းနှင့် လားရှိုးမြို့ကြားရှိ ပြည်ထောင်စုလမ်းမ ကြီးတွင် ယာဉ် ၃ စီးပေါ်မှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်လာသည့် ပိုင်ရှင်မဲ့သစ်များကို အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့နယ်သစ်တောဦးစီးဌာမှ သိရှိရသည်။
.
.
ရေပူစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲများသည် ရေပူရွာနှင့် လားရှိုးမြို့ကြားတွင် ရှောင်တခင်စစ်ဆေးခဲ့ရာ ရေပူ ရွာအနီးလမ်းဘေးရပ်ထားသော ယာဉ် ၃ စီးပေါ်မှ ပိုင်ရှင်မဲ့သစ်များကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
.
“အောက်တိုဘာ ၃ ရက်၊ မနက် ၅ နာရီကျော်လောက်မှာဖမ်းမိတာပါ။ လူတွေကတော့မတွေ့ပါဘူး။ အခု တော့ စိစစ်တိုင်းထွာနေပါတယ်။ အမှုဖွင့်အရေးယူသွားမှာပါ။”ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးမှူး ဦးမျိုးကျော်ဟန်က ပြောသည်။
.
အဆိုပါသစ်တင်ယာဉ်များမှာ Nissan၊ Isuzu Giga နှင့် Mitsubishi အမျိုးအစာများဖြစ်ပြီး မီးသွေးအိတ်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်လာသည့် သစ်များကို လက်ရှိတွင် လားရှိုးသစ်တောဌာနထံ လွှဲပြောင်းပေးအပ်ထား ကြောင်း သိရသည်။
.
အဆိုပါသစ်များ၏ အရေအတွက်နှင့် သစ်အမျိုးအစားတန်ချိန်တို့အား လားရှိုးသစ်တောဌာနမှ စိစစ်နေဆဲ ဖြစ်ကာ သယ်ဆောင်လာသူများအား သိန္နီမြို့မ ရဲစခန်းမှ ဥပဒေနှင့် အညီ အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။  
.
.
.
#KBZTai #Shan

Journal Download

Photo of three cats