နွန်းနွန်းနော် (ဇမ္ဗူသီဟ)
.
ကျွန်မတို့ ဝန်ထမ်းဘဝမှာ လစာတိုးတာ ၂ဝဝဝ ခုနှစ် ရှေ့ကတစ်ကြိမ်၊
၂ဝဝဝ၊၂ဝဝ၆၊ ၂ဝ၁ဝ၊ ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ ဒီနှစ် ၂ဝ၁၈ ခုနှစ်အထိ စုစုပေါင်း လစာတိုးတာ (၈)ကြိမ်
ဖြစ်ပါတယ်။ ဖြစ်စဉ်ကလည်း လစာတိုးမယ်ဆို တဲ့ အသံကြားတာနဲ့ တိုးမြှင့်ပေးတဲ့ လစာက လက်ထဲ
မရောက်သေးပါ။ အခြေခံ စားကုန်တွေ ကတက် ဈေးမှာနေရာယူထားပြီး ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းက
အိနြေ္ဒတောင် မရပါ။
.
.
ကျွန်မတို့ ရွှေနိုင်ငံကလည်း လစာတိုးတိုင်း ဈေးမတက်ရရင် ခေတ်မမီတဲ့
နိုင်ငံလို့တောင် ပြောစရာ ဖြစ်နေ ပါပြီ။ တက်ပြီးရင်လည်း ဒီက နေ့အထိ ဘာအကြောင်းနဲ့မှ
ပြန်ကျရိုး ထုံးစံ မရှိပါ။ နိုင်ငံတော်ကလည်း ခေတ် ကာလနဲ့ လိုက်လျော ညီထွေဖြစ်အောင် ကြည့်ရှုပေးပါ
တယ်။ ပေးကားပေး၏။ သို့သော် ပြည့်ပြည့်ဝဝ မခံစားရပါ။ ကုန်ဈေးနှုန်းတက်တာ ဝန်ထမ်း များနဲ့
အခြေခံလူတန်းစားများအထိ နာကြပါ တယ်။ ဈေးတက်တာ မထူးဆန်းတော့သလို ရိုးနေသလိုတောင် ဖြစ်နေပါပြီ။
ဒါပေမဲ့ အလ ကားနေရင်း ဈေးတက်တာကိုတော့ ဘယ်သူမှ မနှစ်သက်ကြပါ။
စပါးဈေးက တစ်တင်းကို (၅ဝဝ)နီးပါး တက်နေမှတော့ မရှိမဖြစ် ဆန်ကလည်း
ဈေးမ တည်ငြိမ်တော့ပါ။ မိသားစုတိုင်းမှာ စားဝတ် နေရေး၊ ပညာသင်ကြားရေးအပြင် နေထိုင်မ
ကောင်းရင် ဆေးခန်းပြဖို့ ငွေလိုနေပါပြီ။ မ တက်သာတော့ တချို့များနီးရာဆေးဆိုင် ဒါမှ
မဟုတ် ကွမ်းယာဆိုင်လေးက ဆေးနဲ့ အားကိုး ပြီး အသက်ဆက်ရပါတယ်။
.
ဒီခေတ် အခြေခံလူတန်းစားဘဝက အိမ်ရှိ လူကုန်အလုပ်လုပ်ရပါတယ်။ တချို့များ
ငါးပိ ရည်နဲ့ တို့စရာကို ဟင်းကြီးအဖြစ် စားသုံးနေရ ပါတယ်။ အုတ်သယ်၊ သဲသယ် အလုပ်ကြမ်း
သလား လုပ်အားခ တစ်ရက်လျှင် အမျိုးသမီး က (၅၅ဝဝ)၊ အမျိုးသားက (၇ဝဝဝ)ပါ။ ကွမ်း၊ ဆေးလိပ်၊
လမ်းစရိတ် နုတ်လိုက်ရင် ဆန်ဝယ် ဖို့ ရှိသေးတော့ မစုဆောင်းနိုင်ပါ။ ဒါတောင် ရှင်တော်ဟောတဲ့
အဆိပ်ရည်ကို နှစ်ချိုက် သောက်သုံးရင်တော့ မွဲပြာကျပြီး၊ နူရာဝဲစွဲ၊ လဲ ရာသူခိုးထောင်းထက်
အခြေအနေ ပိုဆိုးသွား နိုင်ပါတယ်။ ကျွန်မတို့ရဲ့ စစ်ဘေးရှောင် စခန်း များနဲ့ ပရဟိတဂေဟာတွေမှာ
အာဟာရချို့တဲ့ တဲ့ ကလေးတွေ ဝဝလင်လင် မစားရတဲ့ က လေးများလည်း ရှိနေနိုင်ပါတယ်။ စားသောက်
ဆိုင်ကြီးတွေမှာ စားသောက်ဖြုန်းတီးနေသူများ လည်း မြင်တွေ့နေဆဲပါ။
.
ကျွန်မရဲ့ ပင်စင်လစာဆိုတဲ့ လက်နက်နဲ့ ကုန်ဈေးနှုန်းကို တိုက်နေတာ
(၁ဝ)နှစ် ရှိနေပါ ပြီ။ သရေဆိုတာ မရှိ အမြဲအရှုံးနဲ့ပဲ ရင်ဆိုင်နေ ရပါတယ်။ ဈေးဆိုင်ကို
ဈေးနှုန်းတက်ရတဲ့ အ ကြောင်းရင်း မေးမိတာ၊ အရင်ဝယ်က ဘယ် လောက်၊ အခုဝယ်က ဘယ်လောက်ဆိုပြီး
ဆောင့်ကြီးအောင့်ကြီးနဲ့ ဘောက်ချာထုတ်ပြပါ တယ်။ သူတက်ကိုယ်တက်ပဲတဲ့၊ ကျွန်မက သ ဘောရိုးနဲ့
မေးမိတာ မှားပါတယ်။
.
အိမ်ရှင်မကြီးများ နေ့စဉ်ချက်နေတဲ့ဟင်းက ထပ်နေပြီး ရိုးအီနေပြီမို့ မြိန်ရာဟင်းတစ်ပွဲဖြစ်
ဖို့ တော်တော် စဉ်းစားရပါသတဲ့။ ကျောင်းထ မင်းဗူးအတွက်၊ အိမ်သားတွေအတွက် ဖန်တီး နေရတာ
တစ်ခါတလေများ အကယ်ဒမီကျော် ဟိန်းကဲ့သို့ စစ်ပွဲတစ်ရာပဲ နွှဲလိုက်ချင်ပါသတဲ့။ ဟင်းတစ်ပွဲက
ပိုခက်ခဲနေတယ်။ ငွေကလည်း အသုံး မခံဘူး။ ဦးနှောက်ခြောက်တယ်တဲ့လေ။
.
ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့ အစီအစဉ်ရှိမရှိ
ဘယ်စီး ပွားရေး ပညာရှင်ကို မေးရပါ့မလဲ။ ဈေးဝယ်ရ တာ တစ်ခါတလေ စိတ်ညစ်မိပြီး၊ဈေးနှုန်းပြန်
မကျနိုင်တဲ့အတူတူ စီးပွားရေး တက္ကသိုလ်ဆို တာ မရှိသင့်တော့ဘူးလို့ ပြောမိတော့ စီးပွား
ရေးဘွဲ့ကို ဂုဏ်ထူးနဲ့အောင်ထားတဲ့အပြင် နိုင် ငံရပ်ခြားမှာ စီးပွားရေးပညာ ရွှေတံဆိပ်နှစ်ခုရ
ထားတဲ့ တူမလေးက မျက်လုံးပြူးလာပြီး တစ် ကမ္ဘာလုံး ရိုက်ခတ်နေတဲ့ ကိစ္စတဲ့။ အင်အား ကြီး
နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ ကြီးတို့ရဲ့ ကုန်သွယ်စစ်ပွဲကြောင့် ကုန်ဈေးနှုန်း
မြင့်မားတဲ့ ဒဏ်ကို ပြည်သူတွေ ခံနေရပါသ တဲ့။ ကျပ်ငွေတန်ဖိုး ကျဆင်းလို့ သွင်းကုန်ကို
တန်ဖိုးတက်ပြီး ဝယ်ရတာတဲ့။ ဥပမာ စက်သုံး ဆီဈေးကို တက်ဈေးနဲ့ ဝယ်ရတယ်။ ဆီဈေး တက်လို့
ကုန်ပစ္စည်းတွေ အနည်းအကျဉ်း ဈေး တက်တာတဲ့။ ဆန်၊ ပဲ စသဖြင့် ပို့ကုန်က ဈေး ရတော့ ပို့ကုန်များများ
တင်ပို့နိုင်ရင် စီးပွားရေး ကောင်းလာမယ်။ အခုကိစ္စက အခိုက်အတန့်ပါ။ စိတ်ရှည်သည်းခံပြီး
ခြိုးခြံချွေတာရမှာပေါ့တဲ့။ ကုန်ဈေးနှုန်းကျဖို့တော့ မမျှော်လင့်ပါနဲ့တဲ့။
.
သူ့လက်ချာကလည်း အခိုက်အတန့်ပါတဲ့။ ဒေါ်လာစားဆိုတော့ ငွေလွှဲရင် ကျပ်ငွေများများ
ရတော့ ပြောအားရှိတာပေါ့လို့ ပြောလိုက်တော့ များများရပေမယ့် ပြည်သူတွေ ဒုက္ခရောက်နေ ရင်
သူလည်း မပျော်ပါဘူးတဲ့ ပြောရှာတယ်။
.
အိမ်နီးချင်းနိုင်ငံက ဟင်းရွက်သစ်သီးတွေ ဝယ်စားဖို့ မသင့်ပါ။ ကျွန်မတို့
နိုင်ငံက စိုက်ပျိုးရေးကို အလေးထားတဲ့ နိုင်ငံပါ။ စူပါမားကက် နဲ့ စတိုးဆိုင်တွေကို
ကြည့်လိုက်ရင် နိုင်ငံခြား အစားအသောက်က စင်ပေါ်မှာ နေရာယူထား ပါတယ်။ သွင်းကုန်တွေဖြစ်တဲ့
အဝတ်အထည် နဲ့ စားစရာတွေကို ဥပေက္ခာပြုသင့်ပါပြီ။ ကျွန်မ တို့နိုင်ငံမှာ စိုက်ပျိုးဖို့
လွင်ပြင်ကျယ်ကြီးတွေနဲ့ မြစ်ကြီးတွေ ရှိပါတယ်။
.
ခြိုးခြံချွေတာရမယ်ဆိုလို့ ပြန်လည်အမှတ် ရမိတာ ရှိပါတယ်။ တိုင်းကားပြည်ရွာ
သာလွန် ဖွံ့ဖြိုးအောင် ကြံဆောင်ခဲ့လို့ သာလွန်မင်းတ ရားကြီးလို့ အမည်တွင်ခဲ့တဲ့ ဘုရင်မင်းကြီးက
နန်းတက် (၁၉)နှစ်အတွင်း မွန်-မြန်မာ စစ်ပွဲကို ဆင်နွှဲရင်း နိုင်ငံရဲ့ စီးပွားရေးနဲ့
အုပ်ချုပ်ရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တိုင်းခန်းလှည့်လည်စဉ် ထမင်းရည်ငဲ့
ပစ်နေတဲ့ မိခင်တစ်ဦးကို လမ်းမှာရပ်တန့်ပြီး ချွေတာရေး နည်းလမ်းကောင်းကိုတောင် ပြောဆိုဆုံးမခဲ့ပါ
သေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ဝ ကျော် ကပါ။
.
အခုအချိန်မှာ နိုင်ငံတကာကလည်း လူ့အ ခွင့်အရေးကိစ္စကို အကြောင်းပြုပြီး
ကျွန်မတို့ နိုင်ငံကို ဖိအားပေးနေ ပါတယ်။ လူသားချင်း စာနာမှုဆိုတာ ဘာကိုများ ဆိုလိုနေပါသလဲ
မ သိပါ။ ကျွန်မတို့က စာနာတတ်လို့ အိန္ဒိယနိုင် ငံလို သူ့နယ်စပ် စည်းရိုးနားကို လူဖြစ်စေ၊
တိရစ္ဆာန်ဖြစ်စေ ကပ်လာတာနဲ့ သေနတ်နဲ့ ပစ် ထည့်တာမျိုးလည်း မလုပ်ခဲ့ပါ။ တစ်ခါတလေ လည်း
သမ္မတပူတင်လို ဘယ်သူကဲ့ရဲ့ ရှုတ်ချ ပါစေ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့လမ်းသူ လျှောက်နေတာမျိုးလည်း
တစ်မျိုးကောင်းပါ တယ်။
.
ရတနာပုံခေတ်ကိုလည်း ပြန်တွေးမိပါ တယ်။ မင်းတုန်းမင်းကြီးရဲ့ ညီတော်
အိမ်ရှေ့စံ ကနောင်မင်းသားက ခေတ်မီနိုင်ငံတော်ကြီးဖြစ် ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၈၆၈
ခုနှစ်မှာ သေနတ် ထုတ်လုပ်တဲ့ စက်ရုံ၊ အမြောက်စက်ရုံ၊ သံရည် ကျိုစက်ရုံ၊ သဘောင်္လုပ်စက်ရုံ၊
ရက္ကန်းစက်ရုံ တို့ကို တည်ထောင်ခဲ့ပါတယ်။ ရေမြှုပ်ဗုံးကို လည်း တီထွင်စမ်းသပ်ပါတယ်။
အိန္ဒိယ၊ အီတ လီ၊ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံသို့ ပညာတော် သင်များကို စေလွှတ်ပါတယ်။ ကနောင်မင်း
သားသာ တူတော်များဖြစ်ကြတဲ့ မြင်ကွန်းမြင်းခုံ တိုင်တို့ရဲ့ လုပ်ကြံမှုကို မခံရရင် အခုအချိန်မှာ
ကျွန်မတို့နိုင်ငံမှာ အဏုမြူလက်နက်ကို ကျော် လွန်ပြီး ဟိုက်ဒရိုဂျင်လက်နက်တောင် ထုတ်
လုပ်နေလောက်ပြီ။ စကတည်းကိုက မညီညွတ် ခဲ့လို့ နိုင်ငံမတိုးတက်တာ ဖြစ်ပါတယ်။ ညီညွတ် ခြင်းသည်
ချမ်းသာသုခကို ဖြစ်စေသည်ဆိုတဲ့ အဆိုလည်း ရှိပါတယ်။
.
ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ ၁၉၈၈ ခုနှစ်ကစပြီး ဈေးကွက်စီးပွားရေးကို
အ ကောင်အထည်ဖော်ပါတယ်။ ဘယ်နိုင်ငံဖြစ်ဖြစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို
ပဲ ရှာဖွေသွားနေကြပါတယ်။ ကျွန်မတို့ အိမ်နီး ချင်းအိန္ဒိယနိုင်ငံက ပြင်သစ်ကိုကျော်လွန်ပြီး
ကမ္ဘာပေါ်မှာ စီးပွားရေး အတောင့်တင်းဆုံး နံ ပါတ်(၆) ဖြစ်နေပါပြီ။ ဟုတ်ပါတယ်။ ကျွန်မ
မဇ္ဈိမတစ်ခွင် ခရီးလှည့်လည်တဲ့အခါ အိန္ဒိယနိုင် ငံရဲ့ ကျေးလက်ဇနပုဒ်မှာ ရှိတဲ့ တဲအိမ်တိုင်း
လျှပ်စစ်မီးလင်းနေတာကို မြင်တွေ့ခဲ့ပါတယ်။
.
နိုင်ငံတော်က အလွန်အရေးကြီးတဲ့ ငြိမ်း ချမ်းရေး၊ တည်ငြိမ်ရေး လုပ်ငန်းကို
အကောင် အထည်ဖော်နေချိန် နိုင်ငံကလည်း ဓနအင်အား၊ ဘဏ္ဍာအင်အား နည်းပါးတဲ့ကြားက ပြည်သူ တွေ
လိုအပ်တဲ့ စီမံကိန်းကိုလည်း ဖော်ဆောင် ပေးလျက် ရှိပါတယ်။ ပြည်သူ့ကိုယ်စားလှယ် များက
ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးအတွက် လွှတ်တော်များမှာ ဆွေးနွေးချပြပေးနေတာကို လည်း ရှုမြင်ရပါတယ်။
ဒါကြောင့်လည်း ကျွန် မတို့က အကောင်းမြင်စိတ် ထားကြပြီး အမျိုး သားအကျိုးစီးပွား အသိတရားနဲ့
ဝိုင်းဝန်းပူး ပေါင်းပါဝင်ဖို့ လိုအပ်ပါကြောင်း ရေးသားလိုက် ပါတယ်။
.
.
.
#KBZTai #Shan