လွှတ်တော် ရေးရာကော်မတီများသည် အစိုးရအဖွဲ့ကဲ့သို့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အမိန့်အာဏာရှိသည့် အဖွဲ့အစည်းမဟုတ်ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွှတ်တော် ရေးရာကော်မတီများသည် အစိုးရအဖွဲ့ကဲ့သို့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အမိန့်အာဏာရှိသည့် အဖွဲ့အစည်းမဟုတ်ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြော


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ရှမ်းပြည်နယ် လွှတ်တော်မှ ရေးရာကော်မတီများသည် အစိုးရအဖွဲ့ကဲ့သို့ ဆုံးဖြတ်ချက် ချပိုင်ခွင့် အမိန့်အာဏာရှိသည့် အ ဖွဲ့အစည်း မဟုတ်သည့်အတွက် စိစစ်တွေ့ရှိချက်များကို သုံးသပ်၍ အ ကြံပြုချက်အတိုင်း ဆောင်ရွက်ပေး ရသော အဖွဲ့အစည်းဖြစ်သည်ဟု ရှမ်းပြည်နယ်လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် လျှပ်စစ်ရေးရာ ကော်မတီ ဥက္ကဌ၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦး ခိုင်ညီညီကျော်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံလူထုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၈ ရက်က တောင်ကြီးမြို့နယ်၊ တောင် လေးလုံးကျေးရွာအုပ်စု၊ လွယ်မင်း စင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် ဦးခိုင်ညီညီကျော်က ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
''ကျွန်တော်တို့ ရေးရာကော်မတီ ဆိုတာ ရှမ်းပြည်နယ်အစိုးရအဖွဲ့လို ဆုံးဖြတ်ချက်ချပိုင်ခွင့် အမိန့်အာဏာ ရှိတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ကျွန် တော်တို့ရဲ့တွေ့ရှိချက်တွေကို စိစစ် သုံးသပ်ပြီး အမြင့်ဆုံး အကြံပြုချက် အတိုင်း ဆောင်ရွက်ပေးရခြင်းသာဖြစ် ပါတယ်။ ကျွန်တော်တို့ရဲ့ အကြံပြုချက် တွေကို သက်ဆိုင်ရာအစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်ပေးနိုင် ခြင်းမရှိရင် လွှတ်တော်ကနေပြန်ပြီး အစိုးရအဖွဲ့ကို မေးခွန်းမေးမြန်းရတာ ပဲဖြစ်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာ ကွင်းဆင်းစိစစ်တဲ့ အဖွဲ့တွေကတော့ ပြန်သွားပြီး၊ အောက်ခြေက ဘာမှမ ထူးခြားသေးဘူးဆိုတဲ့ အသံမျိုးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်''ဟု ဦးခိုင်ညီညီကျော်က ပြောသည်။
.
အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံ ပြည်သူများက တောင်လေးလုံးကျေး ရွာအုပ်စုအတွင်းရှိ ကျားမင်းကြီး အရက်ချက် စက်ရုံနှင့် ပတ်သက်၍ ထိ ခိုက်နစ်နာ ခံစားနေရမှုများကို တင် ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ် စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ် တော် တိုင်ကြားစာများ စိစစ်ရေးကော် မတီ ဥက္ကဌ၊ မိုးနဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်တို့က စက်ရုံနှင့် ပတ်သက်သည့် စိစစ်လေ့ လာ တွေ့ရှိချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ယင်းအရက်ချက်စက်ရုံမှ စွန့်ပစ် သည့် ရေဆိုးရေညစ်များကြောင့် လယ်တောတွင် အလုပ်လုပ်သူများ၌ ယားနာများပေါက်ကာ ဆေးလိမ်း၊ ဆေးထည့်သော်လည်း ပျောက်ကင်း မှုမရှိခဲ့ကြောင်း၊ ယခင်က ပြည်သူများ ချိုးရေ၊ သုံးရေအဖြစ်အသုံးပြုလျက် ရှိသည့် ရေမြောင်းသည် စွန့်ပစ်ရေ များကြောင့် အရောင်ပြောင်းလဲကာ ဓါတ်ပြောင်းလဲမှု ဖြစ်ပွားခဲ့ပြီး ပြည် သူများ ထိခိုက်နစ်နာနေရကြောင်း၊ ထို့အပြင် အနံ့အသက်ဆိုးများကို ရှူရှိုက်နေရသည့်အတွက် ဒေသခံ ပြည်သူများ ကျန်းမာရေးထိခိုက်လျက် ရှိပြီး စက်ရုံပိတ်သိမ်းရေးအတွက် လက်မှတ်ပေါင်း ၁၆၉၉ ခု ကောက်ခံ ၍ ရှမ်းပြည်နယ်လွှတ်တော်၊ ရေးရာ ကော်မတီ ၄ ခုသို့ တင်ပြထားပြီးဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။
.
''စက်ရုံကထွက်ရှိတဲ့ အနံ့တွေ ကြောင့် ကျွန်တော်တို့ပြည်သူတွေ စားမဝင်၊ အိပ်မပျော်တာတွေ ဖြစ်ရ ပါတယ်။ ခေါင်းကိုက်ပြီး အသက်ရှူ ကြပ်တာတွေ ဖြစ်ပါတယ်။ ဒီစက်ရုံ က ဆောက်ထားတာ ၇ နှစ်လောက် ရှိပါပြီ။ အရင်ကလည်းအနံ့တွေ ထွက်တယ်။ ဒီနှစ်လောက်တော့မဆိုး ပါဘူး။ ဒီနှစ်မှ ဆိုးဆိုးရွားရွားဖြစ်လာ တာပါ။ မနက်ပိုင်း ၃ နာရီဝန်းကျင် လောက်ဆိုရင် ပိုဆိုးပါတယ်။ ဘယ် လိုမှ အိပ်လို့မရဘူး။ စက်ရုံကြီးပိတ် သိမ်းဖို့ပြောနေတာ မဟုတ်ပါဘူး။ အ နံ့အသက်လေး ထိန်းပေးဖို့လောက် ပဲ ပြောတာပါ''ဟု ဖက်နန်ကျေးရွာမှ ဒေသခံပြည်သူ ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းတွေ့ဆုံပွဲသို့ လွယ်မင်းစဉ် ဆရာတော် ဥူးကောသလ္လနှင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ တောင်လေးလုံးကျေး ရွာအုပ်စု၊ တောင်ဦးကျေးရွာ၊တောင် ခြေ ကျေးရွာ၊ ဖက်နန်ကျေးရွာ၊ ဥမှင်ကျေးရွာ၊ တောင်လေးလုံးကျေး ရွာများမှ ဒေသခံပြည်သူများ၊ သံတဲ ကျေးရွာအုပ်စု၊ သံတောင်ကျေးရွာ၊ ကုန်းမို့ကျေးရွာ၊ သံသေကျေးရွာ၊ ကင်တုတ်ကျေးရွာများမှ ဒေသခံပြည် သူများ၊ မိုင်းသော်အရှေ့ကျေးရွာအုပ် စု၊ ဟဲကယ်ကျေးရွာ၊ မန်ကျည်းပင် ကျေးရွာ၊ ဆည်ကြီးကျေးရွာများမှ ဒေ သခံပြည်သူများ၊ မိုင်းသော်အနောက် ကျေးရွာအုပ်စု၊ ပန့်ပုံးကျေးရွာ၊ စမ်း ချောင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ များမှဒေသခံပြည်သူများ၊ ရွှေညောင် မြို့မှ ဒေသခံပြည်သူများ စုစုပေါင်း ၁၅ဝဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats