ရဲဘော်-မြသိန်း (ဟိုပုံး)
.
.
လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က ကျွန်တော်သည် ဟိုပုံးမြို့လမ်းစဉ်ပါတီ
အခြေ စိုက် အဖွဲ့အစည်း တစ်ခုတွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ရန်ကုန်မြို့ကပြောင်းရွှေ့လာခါစ
ဖြစ် ပါသည်။ တစ်နေ့တွင် ဒေါက်တာ ဟန်ငြိမ်း(နာမည်လွှဲ)ဆိုသည့် မြို့နယ်ဆရာဝန်တစ်ဦးက
မြန် မာနိုင်ငံကြက်ခြေနီအသင်း (ဗဟို)က တစ် ဆင့် ပေးပို့လာသော ''ဆု''အထုပ်တစ်ထုပ်ကို
ကျွန်တော့်ဆီ ယူလာပြီး ပေးအပ်ပါသည်။ ဆု အထုပ်ကို ဖွင့်ကြည့်တော့ အိမ်သုံးဆေးဝါးတ ချို့၊
မျက်နှာသုတ်ပဝါ၊ သွားပွတ်တံ၊ သွားတိုက် ဆေး၊ ဆပ်ပြာတုံး၊ စွပ်ကျယ် စသည့် တစ် ကိုယ်ရေသုံး
ပစ္စည်းများ ဖြစ်နေပါသည်။ ထိုဆု ပစ္စည်းများအပြင် ဒေါက်တာ ဟန်ငြိမ်းသည် သူ့ကိုယ်ပိုင်ငွေ
နှစ်ရာကျပ်ကိုလည်း ကျွန်တော့် ကို ဆုချပါသည်။ ကျွန်တော်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း
ကဗျာပြိုင်ပွဲတွင် ဆုတစ်ဆု ချိတ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သူက မြို့နယ် ကြက်ခြေနီအသင်း
ဥက္ကဌဖြစ်ကာကျွန်တော်က ကြက်ခြေနီအသင်း ဂုဏ်ဆောင်ခဲ့သည်ဟု ဆို ပါသည်။ အမှန်က ကျွန်တော်သည်
ကြက်ခြေ နီတပ်ဖွဲ့ဝင် မဟုတ်သလို ကြက်ခြေနီအသင်း ဂုဏ်ဆောင်ရန် ကြိုးပမ်းခဲ့သည်လည်း မဟုတ်
ပါ။ စာပေကဗျာ ဝါသနာဗေကြာင့် ကမ္ဘာ့ကြက် ခြေနီနေ့ အလွတ်တန်းအဆင့် ကဗျာပြိုင်ပွဲသို့ ရေးပို့ယှဉ်ပြိုင်ခဲ့ခြင်းသာပါ။
အတိုချုပ်ပြီး အဓိ ကကိုပဲ ပြောပါရစေ၊ ထိုနေ့က စပြီး သူနှင့် ကျွန်တော်သည် မိတ်ဆွေများ
ဖြစ်ခဲ့ကြပါသည်။
ဒေါက်တာဟန်ငြိမ်းသည် ဌာနဆိုင်ရာတာဝန် လူမှုရေး ကျန်းမာရေးတာဝန်များဖြင့်
ကျွန် တော်တာဝန် ထမ်းဆောင်ရာဌာနသို့ မကြာမကြာ ရောက်လာလေ့ရှိပါသည်။ ကျွန်တော်တို့ ဌာနသည်
ဌာနစုံနှင့် လူထုလူတန်းစား ပေါင်းစုံ ဝင်ထွက်သွားလာရာ နေရာ ဖြစ်ပါသည်။ ဒေါက် တာဟန်ငြိမ်းနှင့်
ကျွန်တော်လည်းမကြာခဏ စကားပြောခွင့်ရပါသည်။ သူသည် ခေတ်ပညာ တတ်လူကြီး တစ်ဦးဖြစ်ပြီး
ပေါင်းသင်းဆက်ဆံ ရေး ရည်မွန်ပါသည်။ သူ့အလုပ်သူ ကျွမ်းကျင် ပါသည်။ ဆေးကုသရေးရော ခွဲစိတ်ရေးရာဘက်
စုံနိုင်နင်းပါသည်။ သို့သော် သူသည် မဟုတ် လျှင်တော့ သည်းမခံတတ်သူပါ။
.
ဤနေရာတွင် ဟိုပုံးမြို့သမိုင်းဝင် စကား တစ်ခွန်းကို ဒေါက်တာဟန်ငြိမ်းပြောသွားဖူး
သည်ကို ကျွန်တော် ဖောက်သည်ပြန်ချချင်ပါ သည်။ ထိုစဉ်က လမ်းစဉ်ပါတီခေတ်ပါ။ ပါတီ ဝင်မှ
ဂုဏ်ရှိသောခေတ်၊ ပေါ်ပြူလာဖြစ်သော ခေတ်၊ (အထူးသဖြင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့်
အရာရှိများ ပါတီဝင်ဖြစ်မှ လူရာဝင်ဆံ့ သော ခေတ်) ဖြစ်ပါသည်။ ဒေါက်တာဟန်ငြိမ်း သည် ပါတီမဝင်ပါ။
ပါတီဝင် မဟုတ်ပါ။ သူ့ကို စည်းရုံး၍လည်း မရပါ။
.
တစ်နေ့တွင် သန့်ရှင်းရေးလုပ်အားပေးပွဲ တစ်ခု၌ မြို့နယ်ကြက်ခြေနီ
တပ်ဖွဲ့ဝင်ကလေး တချို့နှင့် လမ်းစဉ်လူငယ် အဖွဲ့ဝင် ကလေးတ ချို့ စကားများကြပါသည်။ နင်ဘဲငဆ
ဖြစ်ကြ ပါသည်။ ကြက်ခြေနီလူငယ်နှင့် လမ်းစဉ်လူငယ် တို့ အပြိုင်အဆိုင် စကားနိုင်လုကြရာမှ
မီးပွင့် မီးပွားကလေးများ ဖွာကျလာခြင်းပါ။ သူတို့ဝိ ရောဓိကလေးက လူကြီးများဆီအထိ ကူးစက်
ရောက်ရှိသွားပြီး ပဋိပက္ခကြီးအသွင် ဖြစ်သွားပါ သည်။ ကျောင်းဆရာ ဆရာမများနှင့် ကျန်းမာ
ရေးဝန်ထမ်းများအထိ ကူးစက်သွားပါသည်။ သန့်ရှင်းရေး လုပ်အားပေးသူအချင်းချင်း စိတ် ဝမ်းကွဲပြား
သွားကြခြင်းပါ။ ဒါကို ပါတီကောင်စီ လူကြီးများလည်း သိရှိသွားကြပါသည်။ ဒေါက် တာဟန်ငြိမ်းက
''ဟေ့ ကြက်ခြေနီအဖွဲ့ဆိုတာ ကမ္ဘာ့အဖွဲ့အစည်းကွ နိုင်ငံတိုင်းမှာ ရှိတယ်။ လမ်းစဉ်လူငယ်အဖွဲ့က
နိုင်ငံတိုင်းမှာ မရှိဘူး'' ဟု ရင်ဖွင့်ပြောဆိုလိုက်ပါသည်။ ပါတီကောင်စီ လူကြီးများက
''ဒေါက်တာဟန်ငြိမ်းက ပါတီရဲ့ စည်းရုံးရေးကို အန်တုတာပဲ''ဟု မှတ်ချက်ပြုပါ သည်။ သူ့ကို
မြို့နယ်လူကြီး အတော်များများ က အမြင်မကြည်လင်တော့ပါ။ သို့သော် ပဋိ ပက္ခကြီးအသွင်တော့လည်း
ဆက်မဖြစ်ခဲ့ပါ။ ဒေါက်တာဟန်ငြိမ်း အပြောကလည်း ဟုတ် တုတ်တုတ်ဆိုတော့ ဟိုပုံးမြို့တွင်
သူ့စကား သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပါတော့သည်။ (ယခုအခါတွင်တော့ သူ့စကားသည် ကွတ်တိမှန်
ကန်နေပါသည်။ ဤကား စကားချပ်)။
.
အခုတော့ ဒေါက်တာဟန်ငြိမ်း မရှိတော့ပါ။ သူကွယ်လွန်သွားခဲ့သည်မှာ
ကြာပြီ ဖြစ်ပါ သည်။ သူသာရှိလျှင် အခုအသက် ခုနစ်ဆယ့် ရှစ်နှစ်လောက် ရှိရော့မည်။ ကျွန်တော်က
သူ့ အောက် ရှစ်နှစ်ငယ်၍ ကျွန်တော့်အသက် အခု ခုနစ်ဆယ် ပြည့်တော့မည်။ သူသည် လွန်ခဲ့ သော
အနှစ်လေးဆယ်လောက်က ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူ့အသက်မှာ လေး ဆယ်ပင် မပြည့်သေးပါ။
အရွယ်ကောင်းတုန်း ဖြစ်ပါသည်။
.
သူကွယ်လွန်ခဲ့ခြင်းအကြောင်းမှာ မူးယစ် ဆေးဝါး (ထိုစဉ်က ဘိန်းဖြူ)စွဲနေရာမှ
သားကွဲ မယားကွဲ အိမ်ထောင်ကွဲ ဖြစ်ကာ နောက်ဆုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး ကွယ်လွန်ခဲ့ခြင်း
ဖြစ်ပါသည်။ သူ မူးယစ်နွံအတွင်း နစ်မြှုပ်ခဲ့သည် ကတော့ အခြားမြို့မှာပါ။ ဟိုပုံးမြို့မှာကတည်း
က သူ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်ခဲ့မှာ ပါ။ ထိုသို့ပင် ကျော်စောသတင်း ရှိခဲ့ပါသည်။
သူကွယ်လွန်တော့ အဲဒီအခြားမြို့နယ်မှာပါ။ မူး ယစ်ဆေးဝါးဟူသည် ဆရာဝန်သော ဘာသော နားမလည်။
သူ့ကျွန်ရက်ထဲ ရောက်သွားလျှင် သေလမ်းသွားသည်နှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလား။
.
ကျွန်တော်သည် ယခုအခါ မြန်မာနိုင်ငံအ ရပ်ရပ်က မူးယစ်ဆေးဝါး သတင်းများကို
နေ့ စဉ်လိုလို ကြားသိ မြင်တွေ့နေရပါသည်။ ရောင်း ဝယ်ဖောက်ကား လက်ဝယ်ထားရှိမှုနှင့်အလွယ်
တကူသုံးစွဲကြသူများအကြောင်း ဖြစ်ပါသည်။ လုံးဝ နှလုံးစိတ်ဝမ်းမချမ်းမြေ့ပါ။ အထူးသဖြင့်
မူးယစ်ဆေးဝါး အမျိုးမျိုးကို လူတန်းစားအဖုံဖုံ တို့က အမျိုးမျိုးအထွေထွေ မှီဝဲနေကြသည်လေ။
လူတန်းစားအဖုံဖုံထဲတွင် မူးယစ်ဆေးဝါးအ ကြောင်း ခရေစေ့တွင်းကျသိသော၊ ဆိုးကျိုးမျိုး
စုံကိုလည်း ပါရဂူမြောက် သိရှိသော၊ မူးယစ် ဆေးစွဲသူများကိုပင် ပျောက်ကင်းအောင် ကုသ ပေးနိုင်သော
ဆရာဝန်လိုပညာတတ်သမား တော်များကပင် သုံးစွဲတတ်သည်ဆိုတော့ ကျွန် တော်ဘာမျှ မပြောတတ်တော့ပြီ။
ကျွန်တော် စိတ်ကုန်သွားပြီ။ အထက်က ကျွန်တော့်မိတ် ဆွေဆရာဝန် ဒေါက်တာဟန်ငြိမ်းကိုသာ
နမူ နာအဖြစ် ကြည်ပါ့တော့။
.
တကယ်ဆိုလျှင် ကျွန်တော့်မိတ်ဆွေ ဆ ရာဝန် ဒေါက်တာဟန်ငြိမ်းသည် ပညာတတ်
တစ်ယောက်ဖြစ်ပါသည်။ လူတော်တစ်ယောက် လည်းဖြစ်ပါသည်။ သို့သော် သူသည် သူတတ် ထားသော ပညာအပေါ်
အပြည့်အဝ ဆင်ခြင် ဝေဖန်သုံးသပ်နိုင်စွမ်းမရှိခဲ့ဘဲ ဘဝမှာ မှားယွင်း စွာ ပြုမူနေထိုင်ခဲ့မိခြင်းဖြစ်ပါသည်။
တစ်နည်း အားဖြင့် တတ်သိထားသော ခေတ်ပညာတစ် ရပ်အပေါ် ဆင်ခြင်တုံတရားလျော့ပါးအားနည်း ကာ
ပျော့ညံ့မိုက်မဲ မိခဲ့ခြင်းဖြစ်ပါသည်။ နောက် ထပ်တစ်နည်းအားဖြင့် ပညာတတ်၊ ပညာတော် သော်လည်း
အကြောင်းနှင့်အကျိုးကို ချိန်ဆ တွေးခေါ်တတ်သော အမှန်နှင့် အမှားကိုခွဲခြမ်း စိတ်ဖြာမှုမရှိခဲ့သောကြောင့်
ဘဝတစ်ခုလုံးဆုံး ရှုံးခဲ့ရပါသည်။
.
စာရှုသူများခင်ဗျား လောကတွင် လူရယ် လို့ ဖြစ်လာလျှင် လူတိုင်းပညာတတ်ခွင့်ရှိပါ
သည်။ ပညာရှိခွင့်လည်း ရှိပါသည်။ ပညာဆိုရာ ၌ အတန်းပညာ၊ ဘွဲ့၊ ဒီဂရီ၊ ဒေါက်တာ၊ ပါရ ဂူတို့ကိုချည်း
ဆိုလိုသည်မဟုတ်ပါ။ အသက်အ ရွယ်နှင့် ကာယ၊ ဥာဏ၊ ဝီရိယစွမ်းအားအလိုက် တတ်မြောက်သော အသိပညာ၊
အတတ်ပညာ အသက်မွေးဝမ်းကြောင်းပညာတို့သည်လည်း ပညာများပင်ဖြစ်ကြပါသည်။ ကားဝပ်ရှော့တွင်
လေးငါးခြောက်တန်း အတန်းပညာလောက်နှင့် အပတ်တကုပ်ကြိုးစားလုပ်ကိုင်နေသည့် လူ ငယ်မှအစ
စာရေးစာချီ၊ ကျောင်းဆရာ/ဆရာ မ၊ စစ်သား၊ မန်နေဂျာ၊ အစိုးရဝန်ထမ်း၊ ပုဂ္ဂ လိကဝန်ထမ်းများအလယ်၊
ဆရာဝန်၊ အင်ဂျင် နီယာ၊ လုပ်ငန်းရှင်များအဆုံး အားလုံးသော လူထုလူတန်းစားတို့သည် ပညာတတ်များဖြစ်
ကြသည်ဟု ဆိုထိုက်ပါသည်။ ထိုမှတစ်ဖန် မိမိ အလုပ်အကိုင် ပညာအဆင့်အတန်းအပေါ် မူ တည်၍ အကြောင်းအကျိုး
အကောင်းအဆိုး များကို တွေးခေါ်ယူဆကာ လှုပ်ရှားရုန်းကန်နေ ကြသူများ၊ တစ်နည်းအားဖြင့် ဘဝအတွေ့အ
ကြုံမှ ရရှိသော အမှန်အမှားများကို ပိုင်းခြားစိ စစ်ကာကောင်းရာကောင်းကြောင်းများကို
လုပ် ကိုင်ဆောင်ရွက်နိုင်စွမ်းရှိသူများကို ပညာရှိများ ဖြစ်ကြသည်ဟု ဆိုထိုက်ပါသည်။
.
သို့ဆိုလျှင် လောကတွင် အောက်ပါပုဂ္ဂိုလ် လေးမျိုးလေးစားတို့ ရှိကြမည်ဟု
ထင်ပါသည်။
.
၁ ပညာတတ် ပညာရှိ နှစ်မျိုးစလုံးပြည့်စုံသူ ''အကောင်းဆုံး'' ပုဂ္ဂိုလ်
၂ ပညာတတ် ပညာရှိ ပညာမတတ်သော်လည်း
ပညာရှိသူ''သင့်''အဆင့် လူပုဂ္ဂိုလ်
၃ ပညာတတ် ပညာမရှိ ပညာတတ်သော်လည်း
ပညာမရှိသူ''ညံ့''အဆင့် လူပုဂ္ဂိုလ်
၎ ပညာမတတ် ပညာမရှိ နှစ်မျိုးစလုံးချို့ယွင်းသူ ''အညံ့ဆုံး''လူပုဂ္ဂိုလ်
.
ဆိုတော့ကာ ကျွန်တော်တို့ လူသားများ သည် အမှတ်စဉ်(၁)အဆင့်''အကောင်းဆုံး''လူပုဂ္ဂိုလ်များဖြစ်အောင်
ကြိုးစားတည်ဆောက် နေကြရမည်ဖြစ်ပါသည်။ ထိုအဆင့်ကို လူတော် လူကောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။
အမှတ် စဉ်(၂)အဆင့် ''သင့်''သတ်မှတ်ချက်နှင့်ပြည့်စုံ လျှင်လည်း ထိုသူမျိုးသည် ဘဝတွင်လှတပတ
ရှိနိုင်ပါသေးသည်။ သို့သော် အမှတ်စဉ်(၃)အ ဆင့်တွင် အကျုံးဝင်ပါသည်။ ကဲ အမှတ်စဉ် (၄)အဆင့်
''အညံ့ဆုံး''လူပုဂ္ဂိုလ်ဆိုလျှင်ကား ဆန်ကုန်မြေလေးဘဝတွင် နစ်မွမ်းသွားမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် လူ ဖြစ်ရခိုက်ဘဝဝယ် ပညာတတ်ခွင့်၊ ပညာရှိခွင့် များကို
ကိုယ်စွမ်းÓာဏ်စွမ်းအလိုက် ရယူပိုင် ဆိုင်ကြကာ လူဖြစ်ရကျိုးများနပ်အောင် စဉ်း စားချင့်ချိန်တတ်သော
အသိတရားများဖြင့် ကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ပါသည်။
.
.
.
#KBZTai #Shan