နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင်
အောက်တိုဘာ ၈ ရက်၊ နံနက် ပိုင်းက တွဲယာဉ် ၃ စီးဆင့်တိုက်မှုကြောင့် လမ်းခေတ္တပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း
နောင်ချိုမြို့နယ် ယာဉ်ထိန်းရုံးမှ သိရှိရသည်။
.
.
“လမ်းဘေးမှာရပ်ပြီးပြင်နေတဲ့
တွဲကားကို နောက်က တွဲကားတွေက တစ်စီးပြီးတစ်စီး ဆင့်တိုက်သွားတာပါ။ လူ ပွန်းပဲ့ ဒဏ်ရာလောက်ပဲရသွားတယ်။”ဟု နောင်ချိုယာဉ်ထိန်းရုံးမှ
ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးက ပြောသည်။
နောင်ချိုဘက်ခြမ်းလမ်းပိုင်း မိုင်တိုင်အမှတ်(၇၉၅/၆)အကြားတွင် နံနက်
၉ နာရီဝန်းကျင်က တွဲ ၂၂ ဘီးယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်သွားခဲ့ခြင်းကြောင့် (၃)နာရီဝန်းကျင်ကြာ
ခေတ္တပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
“မွန်းလွဲတစ်နာရီလောက်မှာ
လမ်းပွင့်သွားတာပါ။ ဒီလမ်းပေါ်မှာတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ကိစ္စတွေက တော့ဖြစ်နေတာပါဘဲ။
အဓိကဖြစ်နေတာကတော့ ကုလားမကွေ့(ခေါ်)နံပတ်(၇)ကွေ့မှာ အဆိုးဆုံးဖြစ်ပါတယ်။ နိုင်လွန်ကတ္တရာကို
ကောင်းကောင်းလေးခင်းပေးလိုက်ရင် အဆင်ပြေသွားမယ်လို့မြင်ပါတယ်။”ဟု ကုန်တင်
ယာဉ်မောင်း ဦးနေလတ်က ပြောသည်။
.
အဆိုပါ ယာဉ်သုံးစီးဆင့်တိုက်မှုကို နောင်ချိုမြို့မ ရဲစခန်းမှ အမှုဖွင့်
အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း နောင်ချိုမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
.
.
.
#KBZTai #Shan