ကျိုင်းတုံ နည်းပညာတက္ကသိုလ်တွင် ရေတွင်းတူးရာမှ ဓါတ်ငွေ့ များ ထွက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ နည်းပညာတက္ကသိုလ်တွင် ရေတွင်းတူးရာမှ ဓါတ်ငွေ့ များ ထွက်လာ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ လွိုင်မွေလမ်း၊ မိုင်းလပ် ကျေးရွာအုပ်စုတွင် တည်ရှိသော ကျိုင်းတုံ နည်းပညာ တက္ကသိုလ် ကျောင်းဝင်းအတွင်း စက်ရေတွင်း တူးဖော်ရာမှ မီးလောင်စေနိုင်သည့် ဓါတ်ငွေ့ ထွက်လာသဖြင့် ရေတွင်း တူးဖော်သည့်လုပ်ငန်း ယာယီ ရပ် နားပြီး စောင့်ကြည့်ခဲ့ရကြောင်း သိ ရသည်။
.
 
.
စက်တင်ဘာလ ၂၇ ရက်တွင် စက်ရေတွင်း တူးဖော်သည့် လုပ်ငန်း အား တာဝန်ယူဆောင်ရွက်လျက်ရှိ သော ကိုစိုး မိသားစု စက်ရေတွင်း တူးလုပ်ငန်းမှ လုပ်ငန်းခွင် အတွင်းရှိ  အနက်ပေ ၄၅ဝ ခန့်ရှိသော ရေတွင်း မှ ညနေ ၃ နာရီ အချိန်ခန့်တွင် ပုပ်နံ့ စတင်ရရှိခဲ့ပြီးနောက် မြေပြင်ပေါ်သို့ ရွှံ့ရေများ၊ ကျောက်ခဲလုံးများနှင့် အ တူ ဓါတ်ငွေ့များ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
ဓါတ်ငွေ့များ ထွက်ရှိမှုကို မှတ် တမ်း ရိုက်ယူထားခဲ့သည့် ကိုစိုး စက်ရေတွင်းတူး လုပ်ငန်းပိုင်ရှင် ဦး စိုးလွင်က ''ပထမတော့ အနံ့ဆိုးကို အရင်ရလိုက်ပါတယ်။ နောက်ပြီး ရေတွင်းတူးစက် မော်တာနဲ့ ဆက် တူးတော့ ရှူးရှူးရှဲရှဲ အသံနဲ့ ရေတွေ ပန်းထွက်လာပြီး အပေါ်ကောင်းကင် ကို တံလျှပ်လို ပုံစံ ပန်းထွက်လာ တော့မှ ဓါတ်ငွေ့ဖြစ်နေမှန်း သတိထားလိုက်မိပါတယ်''ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အခင်းဖြစ်နေရာအား ကျိုင်း တုံမြို့ရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျိုင်းတုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဘူမိ ဗေဒဌာနမှ ဆရာ/ဆရာမများ လာ ရောက်ကြည့်ရှုခဲ့ပြီး ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဓါတ်ငွေ့ ထွက်ရှိမှု အခြေအနေအား စောင့်ကြပ် လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
.
''ဘေးအန္တရာယ် ကင်းရှင်းတဲ့ အချိန်အထိ စောင့်ကြည့်ခဲ့ပါတယ်။ ညနေ ၅ နာရီခွဲလောက်မှ ဓါတ်ငွေ့ ထွက်တာ ရပ်သွားခဲ့ပါတယ်''ဟု ယင်းနေရာသို့ သွားရောက်ကြည့် ရှုခဲ့သည့် ကျိုင်းတုံမြို့နယ် အုပ် ချုပ်ရေးမှူး ဦးတင်မြင့်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကျိုင်းတုံနည်းပညာတက္ကသိုလ် တည်ရှိသည့် မိုင်းလပ်ကျေးရွာ အုပ်စုတွင် မြေအောက်၌ သက်တမ်း နု ကျောက်မီးသွေးကြောများ တည် ရှိပြီး ၂ဝ၁၃ ခုနှစ်က ထိုင်းနိုင်ငံ မှ လန်ဖုန်ဒန်ကုမ္ပဏီသည် ယင်းနယ် မြေအတွင်း ကျောက်မီးသွေး တူး ဖော်ရေးနှင့် ဆက်စပ်၍ ယန္တရားများ အသုံးပြုကာ လာရောက်စမ်းသပ် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပြီး ဒေသခံတိုင်းရင်းသားများမှ ကန့် ကွက်မှုရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ နည်းပညာတက္ကသိုလ် ဝင်းအတွင်း စက်ရေတွင်းတူး လုပ်ငန်းအား စက်တင်ဘာလ ၂၈ ရက်၊ ညနေပိုင်းတွင် ပြန်လည်တူး ဖော်လျက်ရှိပြီး သက်နု ကျောက်မီး သွေးကြောအတွင်း ခိုအောင်းနေ သည့် ဓါတ်ငွေ့အနည်းငယ် ထွက် ရှိခြင်းသာ ဖြစ်သော်လည်း ဆက် လက် တူးဖော်ရာတွင် ဂရုစိုက်စောင့် ကြည့် သွားမည်ဖြစ်ကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats