ထက်ထက် (ဟိုပုံး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက် ၊ နယ်မြေ(၁)ရှိ နေအိမ် တစ်လုံးတွင် ယနေ့ အောက်တိုဘာလ
၂၈ ရက်နံနက် ၉ နာရီ၊ ၄၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ရပ်ကွက်၊ နယ်မြေ (၁) နေ အိမ်ရှင် ဦးသိန်းမောင်၏ သွပ်မိုး
၂ ထပ်၊ ထရံကာ၊ အုတ်ညှပ်၊ ဝါးကြမ်းခင်း နေအိမ် အပေါ်ထပ်တွင် ဝါးထရပ်နှင့် ကပ်လျက် ၁၂
ဗို့ ဘက်ထရီအား ဆိုလာဖြင့် အားသွင်းရာမှ ဘက်ထရီအိုး အပူလွန်ကဲ ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဟိုပုံးမြို့နယ် မီးသတ်တပ်ဖွဲကမှ
ဦးစီးမှူး ဦးစောမောင် ဦးဆောင်သော အဖဲါ့မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ်
၁ စီင်္း၊ မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦး၊ အရပ်မီးသတ်တပ်ဖွဲ့ဝင် ၂၃ ဦးတို့နှင့် အတူ ရပ်ကွက်နေ
ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး
အဆိုပါ မီးလောင် ကျွမ်းမှုကြောင့် ဝါးထရံအကာနှင့် ဝါးကြမ်းခင်းများ မီးလောင်ပျက်စီးခဲ့ပြီး
ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၆၄၀၀ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင်ဦးသိန်းမောင်အား
ဟိုပုံးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan