မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊
ပါဆာ၊ ဆမ်ဖူးကျေးရွာ အခြေစိုက် စကခ(၁၈)လက်အောက်ခံ ဆမ်ဖူးရှေ့တန်းစခန်းမှ အရာရှိအချို့
ဒေသခံ ရွာသားများ၏ ဆိုင်ကယ်များကို မကြာခဏ ချောဆွဲမှုများ ပြုလုပ်နေသည့်ဟု လွှတ်တော်ကိုယ်စားလှယ်များရုံးမှ
သိရသည်။
.
.
''ကျွန်တော်တို့ ဒေသခံပြည်သူတွေနဲ့ အောက်တိုဘာ ၁၁ ရက်နေ့ညနေပိုင်းက
တွေ့ဆုံပွဲ လုပ်တဲ့အခါ သူတို့ရွာမှာ အရာရှိတချို့က ဆိုင်ကယ်တွေကို ချောဆွဲတယ်။ မပေးရင်လည်း
ခြိမ်းခြောက်တယ်လို့ ထည့်သွင်း ပြောဆိုလာ တာပါ။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့
ရှိပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
ဒေသခံပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် တက်ရောက်လာသော
ဒေသခံရွာသား များက ဆမ်ဖူးရှေ့တန်းစခန်းမှ အရာရှိအချို့ ရွာသားများ၏ ဆိုင်ကယ်လမ်းမကောင်းသည့်ကိစ္စ၊
လျှပ်စစ်မီးကိစ္စ၊ ကျန်မားရေး၊ ပညာရေးနှင့် စပါးပင်များ မဖွံ့ဖြိုးသည့်ကိစ္စရပ်များကိုတင်ပြခဲ့ကြကြောင်း
သိရသည်။
.
ယင်းကဲ့သို့ တပ်မတော်အရာရှိများမှ ဆိုင်ကယ်ချောဆွဲမှုနှင့် ပတ်သက်၍
ဆမ်ဖူးကျေးရွာ ဒေသခံ တစ်ဦး ကလည်း ''ဒီရှေ့တန်းစခန်းမှာ အလှည့်ကျ တာဝန်ထမ်းဆောင်လာတဲ့
အရာရှိတွေက တစ်ဦးနဲ့ တစ်ဦးမတူကျပါဘူး။ တချို့အရာရှိတွေကျတော့ ခဏခဏ ဆိုင်ကယ်ချောဆွဲတယ်။
ကျွန်တော်တို့လည်း တောင်ယာနဲ့ လယ်လုပ်ငန်း တွေကို ဒီဆိုင်ကယ်နဲ့ပဲ အားပြုပြီး သွားလာနေရတာပါ။
မပေးရင်လည်း ခြိမ်းခြောက်တယ်လေ၊ ကြောက်တော့လည်း ပေးနေရတယ်။ ကြာလာတော့ ဆိုင်ကယ်လည်း
ကြံ့ခိုင်မှုမရှိတော့ဘူး။ တချို့ အရာရှိတွေလည်း သဘောကောင်း တယ် ဘာမှ ချောဆွဲခြင်းမရှိပါဘူး''ဟု
ပြောသည်။
.
တွေ့ဆုံပွဲကို ဆမ်ဖူးကျေးရွာ ရွာလယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊
မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးဝင်းစွမ်းနှင့်
ပါတီဝင်များ၊ ပါဆာ၊ ဆမ်ဖူးကျေးရွာမှ ရွာသူ ရွာသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan