အင်းလေးဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေဟု ဆို

စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသအား အင်းတိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိရေး အတွက် တောင်းဆိုသွားရန် သက် ဆိုင်ရာ အင်းတိုင်းရင်းသားအဖွဲ့အ စည်းများမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
 .
.
အင်းတိုင်းရင်းသားများ၏ ကိုယ် ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖြစ် ရရှိရေး အတွက်စီစဉ်ရာတွင် ပထမဆုံးအ နေဖြင့် နမ့်ပန်ကို မြို့နယ်အဖြစ်ပြန် လည်ရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာ နများသို့ တောင်းဆိုသွားမည်ဖြစ် ကြောင်း သိရသည်။
.
'အင်းတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖြစ်ဖို့အတွက် အရင်ဦး ဆုံးနမ့်ပန်ကို မြို့နယ်အရင်တောင်းမယ်။ နမ့်ပန်ရဲ့သမိုင်းကြောင်းနဲ့ လူမှု ရေး၊ စီးပွားရေးစတဲ့အကြောင်းအရာ တွေကို စုစည်းမယ်။ သက်ဆိုင်တဲ့ဌာ နတွေ အဆင့်ဆင့်ကို တင်ပြတောင်း ဆိုသွားမယ်။ စာတွေတင်ဖို့ အခုစ လုပ်နေပါပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖြစ်လာပြီဆိုရင် ဒေသရဲ့ဖွံ့ဖြိုးတိုး တက်ရေး၊ နိုင်ငံရေး ဒါတွေကို ဌာန ဆိုင်ရာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်လို့ ရတယ်။ တိုးတက်မှုကတော့ အများ ကြီး ကွာသွားမယ်။ ဥပမာ ပညာ ရေးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရက ကျောင်းသားတွေက တက္ကသိုလ်ဝင် တန်းအောင်ရင် ဆေးတက္ကသိုလ်ကို တက်လို့ရတယ်။ လုပ်ရမယ့်လုပ်ငန်း စဉ်ကတော့ တော်တော်လေးခက် ခက်ခဲခဲ ရှိပါတယ်''ဟှုလေန အ့နှုညူနူေုန မှ ဦးခင်မောင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်ပန်ကျေးရွာအား မြို့အဖြစ် တောင်းဆိုသွားရန်အတွက် တောင် ကြီးမြို့ အပါအဝင် အင်းလေးဒေသ ရှိ ဆရာတော်များနှင့် အရပ်ဘက်အ ဖွဲ့များသည်  နမ့်ပန်တွင် စက်တင် ဘာလ ၂၉ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
နမ့်ပန်သည်  ယခင်က မြို့နယ် အဖြစ်တည်ရှိခဲ့ပြီး တော်လှန်ရေး ကောင်စီ အစိုးရလက်ထက် ၁၉၆၇ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါ တီ(ဗကပ)များ ဝင်ရောက်လာသည် ဟုဆိုကာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး မြို့နယ်အဖြစ်မှ ကျေး ရွာအဖြစ် အစိုးရကသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အင်းလေးဒေသတွင် လက်ရှိ ညောင်ရွှေမြို့နယ်တစ်ခုသာရှိသည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုသည့်အခါ မြို့နယ် ၂ ခု လိုအပ်သောကြောင့် နမ့်ပန်အား မြို့နယ်အဖြစ် ပြန်လည်သတ်မှတ် ပေးရေးကို အဓိကထား လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိ ညောင်ရွှေမြို့နယ်တွင် နန်းပန်ကျေးရွာအုပ်စုအပါအဝင် ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး မြို့နယ်လူဦးရေ စုစုပေါင်း ၁၇၂၅၂၄ ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats