နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ မင်္ဂလာဈေးအပြင် လမ်းဘေးနှစ်ဘက်တွင်
ရောင်းချနေသော နံနက်ခင်း ဈေးသည်များကို အောက်တိုဘာ ၁ ရက်မှစ တင်ကာ မင်္ဂလာဈေးအတွင်းနှင့်
အခွန်လွတ်ဈေး၌သာ ရောင်းချခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့ အမှတ် (၆) ရပ်ကွက်၊ ရွှေဖီဦးလမ်းရှိ မင်္ဂလာ ဈေး
(ဈေးသစ်)တွင် နံနက်ခင်းပိုင်း ရောင်းချနေသော ဈေးသည်များ အား မြို့အင်္ဂါရပ်နှင့်အညီ
သာယာလှ ပစေရေးအတွက် မင်္ဂလာဈေး အတွင်းနှင့် အခွန်လွတ်ဈေး ၌သာရောင်းချစေခြင်း ဖြစ်ကြောင်း
သိရသည်။
''လမ်းပေါ်မှာ ရောင်းတာကို ရေရှည်မှာ ဘယ်သူမှ လက်မခံချင် ကြဘူးလေ။
သန့်ရှင်ရေးအတွက်ရော၊ အစစအရာရာ အတွက် လုပ်ဆောင်ရတာပါ။ ဈေးအတွင်းမှာ နေရာတွေပေးပြီး
ရောင်းခိုင်းတာပါ'' ဟု ကျောက်မဲမြို့နယ် စည်ပင်သာ
ယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်း က ပြောသည်။
.
အဆိုပါ ဈေးသည်များ ပြောင်းရွှေ့ရောင်းချပေးရန်အတွက် ပြီးခဲ့သည့်
၂ လခန့်က ကျောက်မဲမြို့ တော်ခန်းမ၌ ခေါ်ယူတွေ့ဆုံ ဆွေးနွေးကာ သဘောတူညီချက် ရယူ ထားခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။
.
''သူတို့က လမ်းနှစ်ဘက်လုံး မှာ ရောင်းချနေတာ ယာဉ်ကြောပိတ် တာတွေ၊
အမှိုက်တွေ ကျန်ခဲ့တာတွေ၊ ပြီးရင် မနက်ဆိုအစောကြီး လာပြီး ဆူညံနေတာပဲ။ ပြီးရင် ဒီလမ်းက
ကျောက်မဲ-မိုးကုတ် အဝေးပြေးလမ်း မကြီး ဖြစ်နေတာလည်း ပါတာပေါ့။ ဈေးထဲမှာ ရောင်းတာလည်း
ကောင်း ပါတယ်ဗျာ''ဟု ကျောက်မဲမြို့မှ ဒေသခံ ဦးပေါက်ကျော်က ပြောသည်။
.
အဆိုပါ နံနက်ခင်း လမ်းဘေး ရောင်းချနေသူများအား မင်္ဂလာ ဈေး (ဈေးသစ်)အတွင်း
မရောင်းလိုသူများ အနေဖြင့်လည်း အမှတ် (၈) ရပ်ကွက် အတွင်း ရှိသည့် အ ခွန်လွတ် ဈေးများတွင်
ရောင်းချနိုင် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan