မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်နှင့်ထိစပ်နေသည့် နယ်စပ်များမှ တရုတ်နိုင်ငံသို့ စပါးများ
တရားမဝင်သယ်ယူရောင်းချနေမှု သည် ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်စေကာ ဆန်စက်များပပျောက်
သည်အထိ ဖြစ်ပွားနိုင်ပြီး မွေးမြူရေး ကဏ္ဍကိုလည်း ထိခိုက်ကာ ကုန်ဈေး နှုန်းကြီးမြင့်မှု
ဖြစ်ပွားစေသဖြင့် စပါး များ တရားမဝင်သယ်ယူရောင်းချနေ မှုအား ထိထိရောက်ရောက်အရေးယူ တားမြစ်ရန်
လိုအပ်နေသည်ဟု ရှမ်း ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က
ကမ္ဘောဇတိုင်းသို့ပြောသည်။
.
.
''ကမ္ဘာမှာ စပါးရောင်းချတာ ဘယ်နိုင်ငံမှမရှိပါဘူး။ နိုင်ငံတော်အ
နေနဲ့လည်း သယ်ယူရောင်းချခွင့်ပေး မထားဘူး။ စပါးကိုရောင်းတော့ စပါး ခွံကအစ ဖွဲနု၊ ဖွဲကြမ်း
အားလုံးလိုအပ် တဲ့ မွေးမြူရေးကဏ္ဍကိုပါ ထိခိုက်စေ တဲ့အပြင် အလုပ်သမားတွေပါအလုပ် မရှိဖြစ်ကုန်ပါတယ်။
ဒါကြောင့် အခုလို စပါးတွေ တရားမဝင်သယ်ယူရောင်း ချနေတာကို ထိထိရောက်ရောက် အ ရေးယူဆောင်ရွက်မှသာ
အခြေခံစား သုံးကုန်ကဏ္ဍ ကောင်းမွန်စေမှာပါ။ မြန်မာနိုင်ငံမှာလက်တစ်ဆုပ်စာကပဲ ချယ်လှယ်နေတာဖြစ်လို့
ထိရောက်စွာ အရေးယူတဲ့နည်းလမ်းကို ကျင့်သုံးဖို့ လိုအပ်ပါတယ်''ဟု ဦးမင်းအောင်က ပြောသည်။
အလားတူ စပါးများနယ်စပ်သို့ တရားမဝင် တင်ပို့ရောင်းချနေမှုနှင့် ပတ်သက်၍
ကျိုင်းတုံမြို့၊ ဆန်ကုန် သည်များ အသင်းနှင့်ဆန်စက် လုပ် ငန်းရှင်များအသင်း ဥက္ကဌဦးမုန်းကို
ကလည်း ''လမ်းကြောင်းတွေမှာ လုံ ခြုံရေးအရပဲရှိတယ်။ တရားဝင်အခွန် ဆောင်အဖွဲ့တွေက ခဏပဲ
နေသွား တော့ အခုလို စပါးဈေးကောင်းရဖို့ တရုတ်ဘက်ပို့တဲ့အခါ နိုင်ငံတော်အ တွက် အခွန်နစ်နာစေပါတယ်။
အစိုးရ ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းကို မကြာခဏ တင်ပြခဲ့ပေမယ့် ဘာမှ မလုပ်ပေးနိုင်
တော့ ဒီလိုပဲဖြစ်နေပါတယ်။ ဆန်စက် တွေကလည်း မကြိတ်ရတော့ ပိတ် သိမ်းကုန်ကြပြီ။ မွေးမြူရေးသမား
တွေမှာလည်း တိရစ္ဆာန်အစာ မရ တော့ လုပ်ငန်းတွေလျော့လာရသလို အသားငါးဈေးတွေ မြင့်လာကြရ
တယ်။ နောက်ပိုင်းဆန်စက်လုပ်ငန်း တွေ လုံးပါး ပါးသွားမယ်လို့ ယူဆပါ တယ်''ဟု ၄င်း၏အမြင်ကို
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်၌ ဆန်စက်အ ကြီး/အသေး ၃၅ လုံးရှိရာမှ လက်ရှိ တွင်
၁၈ လုံးမှာ နှစ်စဉ်အခွန်ဆောင် ရန် အခက်အခဲရှိလာသည့်အပြင် ဆန် ကြိတ်ခွဲမှု မရှိသဖြင့်
တရားဝင်စာတင် ကာ ပိတ်သိမ်းပြီးဖြစ်ကြောင်း၊ ယခု တရုတ်ငွေဈေးကျချိန်တွင် စပါး ၄ဝ ကီလိုတစ်အိတ်လျှင်
ယွမ်ငွေ ၁ဝဝ ခန့်ရှိနေသော်လည်း ဈေးမြင့်စဉ်က ၁၂ဝ ယွမ် အထိရရှိခဲ့သဖြင့် ကျိုင်း တုံထွက်စပါးများ
မိုင်းလားသို့ တရား မဝင်ထွက်ရှိခဲ့ကြကြောင်း၊ ကျိုင်းတုံ ဒေသတွင် တစ်နှစ်လျှင် စပါးတင်းရေ
၈ သိန်းခန့်ထွက်ရှိလျက်ရှိပြီး မိုင်း လားမှာ နိုင်ငံခြားဈေးကွက် တစ်ခု အနေဖြင့် စပါးကိုသာဝယ်ယူနေခြင်း
က ပြည်တွင်းလိုအပ်ချက်ကို အ ထောက်အပံ့မဖြစ်စေသဖြင့် အစိုးရ ပိုင်းမှ လိုအပ်သလို အရေးယူဆောင်
ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ဦးမုန်းကိုက
ပြောကြားသည်။
.
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးထွက်ပေါက်ဖြစ်သည့် မူဆယ် ဘက်တွင်
အောက်တိုဘာလ ၅ ရက် ကကျင်းပသည့် ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေး (ဝ၇၃/၂ဝ၁၈-၁၉)၏ ဆုံးဖြတ်ချက်အရ
ဆန်စပါး ကုန်စည်ဒိုင်(မူဆယ်)တွင် စပါးများ (လုံးဝ) တင်ပို့ရောင်းချခွင့်မပြုထား ကြောင်းနှင့်
တင်ပို့ရောင်းချနေမှုများ အား အထူးတားမြစ်ပါကြောင်း အ သိပေးကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်း
သိရသည်။
.
တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ နယ်စပ်မှ ဆန်ဝင်ရောက်မှုကို
တရားမဝင်အဖြစ်သတ်မှတ်ထားပြီး ၄င်းတို့အလိုရှိမှသာ ဝယ်ယူမှုများ ရှိ နေသဖြင့် တစ်ဖက်သတ်စီးပွားရေး
ဖြစ်နေမှုအား တရားဝင်ဖြစ်စေရန် နှစ် နိုင်ငံအစိုးရချင်း ညှိနှိုင်းလုပ်ဆောင် ရန်လိုအပ်လျက်ရှိနေကြောင်း၊
စပါး ဝယ်ယူမှုမှာလည်း တရားမဝင် ကြောင်း ဆန်ကုန်သည်များထံက သိရှိရသည်။
.
.
.
#KBZTai #Shan