စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ နမ့်ပန်ချောင်း
နှင့် နမ့်စီးဟော်ချောင်းဆုံတွင် ဆောင်ရွက်မည့် ၃ဝ မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံကိန်း
လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊
ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးရုံး ခန်းမ၌
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
လက်မှတ်ရေးထိုးပွဲတွင် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့်
စီးပွားရေးဝန်ကြီး ဦး စိုးညွန့်လွင်က MOU လက်မှတ် ရေးထိုးခြင်း ဆိုင်ရာများနှင့် ပတ်သက်၍
အသေးစိတ် ရှင်းလင်းပြော ကြားခဲ့ပြီး ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ကိုယ်စား
ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်း ရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး
ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးစိုးစိုးဇော်နှင့် YS Golden Butterfly ကုမ္ပဏီမှ
CEO ဦးယောဆက်နှင့် တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီရေးအားလျှပ် စစ်စီမံကိန်းကို ၂ဝ၁၈ ခုနှစ်၊ မေလမှာ
စတင် ကွင်းဆင်းပြီး နေရာဒေသ အခြေအနေ ကြည့်ရှု စစ်ဆေးခြင်းနဲ့ စီမံကိန်းဧရိယာ တိုင်းတာကြည့်ရှု
ခြင်းလုပ်ငန်း၊ စီမံကိန်းဧရိယာ အတွင်း ရေသိုလှောင်မှုနဲ့ ပတ်ဝန်း ကျင်ကျေးရွာ ထိခိုက်နစ်နာ
မှုမရှိစေ ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းနေရာမှာ ၁၅ မိုင်လောက် ဝေးတဲ့ ကျေးရွာ
၃ ရွာပဲရှိပါတယ်၊ ဒီနေရာကို နောင်ချိုကနေ လာမယ် ဆို မိုင် ၄ဝ ကျော်ကွာဝေးပြီး မိုးကုတ်
ဘက်က လာရင်လည်း လာလိုရတဲ့ နေရာ ဖြစ်ပါတယ်။ စီမံကိန်းလုပ် ငန်းကို ၂ နှစ်ခွဲနဲ့ ၃ နှစ်
ဝန်းကျင် တော့ကြာမယ်လို့ ခန့်မှန်းထားပါ တယ်။ ဘာဖြစ်လိုလဲဆိုရင် သွားလာ ရေး ခက်ခဲမှုကြောင့်ပါ၊
ပတ်ဝန်းကျင် ကျေးရွာ ၃ ရွာကိုလည်း လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်း မာရေးနဲ့ ဒေသဖွံ့ဖြိုးရေး
လုပ်ငန်း တွေကို ဆောင်ရွက်ပေးသွားမှာပါ။ ရေအားလျှပ်စစ် စီမံကိန်း ပြီးရင်တော့ ဒေသမှာရှိတဲ့
ကျေးရွာတွေကို ရောင်း ချပေးသွားမယ်။ ပိုလျှံတဲ့ဓာတ်အား ကိုတော့ အစိုးရ မဟာဓာတ်အား လိုင်းထဲကို
ဖြည့်တင်းပေး သွားမှာ ပါဟု'' YS Golden Butterfly ကုမ္ပဏီမှ CEO ဦးယောဆက်က ပြောကြားသည်။
.
အဆိုပါ MOU လက်မှတ်ရေး ထိုးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးစိုးညွန့်လွင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်ဥပဒေချုပ်
ဦးတင်ဦး၊ YS Golden Butterfly Co,. Ltd မှ CEO ဦးယောဆက် နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan