နွားချေးမှတဆင့် ဘိုင်အိုဂတ်စ် (Bio Gas) ထုတ်လုပ်သွားရန် Red Horse Dairy Industries Limited မှ စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နွားချေးမှတဆင့် ဘိုင်အိုဂတ်စ် (Bio Gas) ထုတ်လုပ်သွားရန် Red Horse Dairy Industries Limited မှ စီစဉ်နေ



ယမုံ (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်တွင် နွားချေးမှတဆင့် ဘိုင်အို ဂတ်စ် (Bio Gas) ထုတ်လုပ်သွား ရန် Red Horse Dairy Industries Limited မှ ၂ဝ၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။
.
.
ထိုသို့ ထုတ်လုပ်ရန် ထိုင်းနိုင်ငံ ရှိ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) ၏ နည်းပညာ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ် ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း ၂၅ဝဝ ဝန်းကျင် အသုံးပြုရန် ခန့်မှန်းထား ကြောင်း သိရသည်။
.
“ဘိုင်အိုက်ဂတ်စ် ထုတ်လုပ် ဖို့ နည်းပညာကိုတော့ ချင်းမိုင်တက္က သိုလ်ကထောက်ပံ့မှာ ဖြစ်ပါတယ်။ သူတို့နဲ့က MoU တော့ ထိုးပြီးသွား ပြီ။ ငွေကြေးစောင့်နေလို့ မလုပ်ဖြစ် သေးတာပါ။ လာမယ့် နှစ်ကုန်လောက် မှာ စတင်သွားဖို့ရှိပါတယ်။ MoU ထိုးတာကတော့ တစ်နှစ်ကျော်သွား ပါပြီ။ စက်ရုံကိုတော့ ဒီမှာပဲ ထုတ် လုပ်မှာဖြစ်ပါ တယ်။ နွားချေးခြောက် ကို မီးရှို့ပြီးတော့ ထမင်း၊ ဟင်း ချက်တဲ့အခါ အသုံးပြုလို့ ရတယ်။'' ဟု Red Horse Dairy Industries Limited ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။
.
ယင်းစက်ရုံအတွက် မြေနေရာ ကိုလည်း နောင်ချိုမြို့ရှိ PEP နို့ စားနွားမွေးမြူရေးခြံအတွင်း ဆောင် ရွက်သွားမည်ဖြစ်ပြီး ထွက်ရှိသည့် နွားချေးများကို ကုန်ကြမ်းအဖြစ်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
''နည်းပညာ မတတ်သေးတော့ gas တန်ချိန် ဘယ်လောက်ထုတ်မယ် ဆိုတာ မသိသေးဘူး။ ရင်းနှီးမြှုပ် နှံမှုက အန်ကယ် တစ်ယာက်တည်း ရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။ စက်ရုံမှာ အသုံးပြုမယ့် စက်ပစ္စည်းတွေကတော့ ဘယ်နိုင်ငံက ဝယ်ယူမယ်ဆို တာ မသိသေးဘူး။ အဲ့ဒါက ဘယ်ဟာနဲ့ အဆင်ပြေတယ် ဆိုတာ ချင်းမိုင်တက္ကသိုလ်က ဆောင်ရွက်ပေး မှာဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်မှုကနေ ထွက်ရှိလာတဲ့ ဓါတ်အား ကိုတော့ ကျွန်တော်တို့ နို့စားနွားမွေးမြူရေး ခြံမှာပဲ ပြန်လည်အသုံးပြုသွားမှာ ဖြစ်ပါတယ်။'' ဟု ဦးထွန်းထွန်းက ပြောသည်။
.
ဘိုင်အိုဂတ်စ် (Bio Gas) ထုတ် လုပ်သည့် PEP နို့စားနွားမွေးမြူ ရေးခြံကို ကျပ်သိန်းပေါင်း ၂၅ ဝဝဝ ဝန်းကျင် အကုန်ကျခံ၍ ရင်း နှီးမြှုပ်နှံထားကြောင်း သိရသည်။
.
''ဒီအလုပ်ကို စလုပ်တုန်းကတော့ သိန်းတစ်သောင်းခွဲနဲ့ လုပ် မယ်ဆိုပြီး မှန်းထားတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်း စိုက်ထည့်ရင်းနဲ့ အဲ့လောက်ကျော်သွားတယ်။ ဒီနှစ် လောက်မှာ အရင်းလောက်တော့ စရမယ်လို့ ထင်ပါတယ်။ ကျန်တဲ့ ၂ နှစ် ကျော်လောက်က ရှုံးလာခဲ့တယ်။ အဲ့ဒါကလည်း နွားတွေက နို့မထွက် သေးပဲ သူတို့ကို အစာကိုအလကား ကျွေးနေရတယ်။ နွားတစ်ကောင်ရဲ့ စားစရိတ်က ပျှမ်းမျှအနေနဲ့ တစ် နေ့ကို ၄ဝဝဝ ကျပ်လောက် ကုန် ပါတယ်။''ဟု Red Horse Dairy Industries Limited ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းက ဆက် ပြောသည်။
.
PEP နို့စားနွားမွေးမြူရေး ခြံကို ၂ဝဝ၄ ခုနှစ်ကပင် ရေမြေ၊ တော တောင်၊ သဘာဝရာသီဥတုကို အ ခြေခံ၍ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့အတွင်းမှာ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံမှ နို့စားနွား အကောင်ရေ ၃ဝဝ ကို မှာ ယူမွေးမြူခဲ့ကြောင်း သိရသည်။
.
ထို့ပြင် နို့စားနွားမွေးမြူရေးခြံ တွင် မြေ ၂ဝ ဧက၊ နွားစာအတွက် နိုင်ငံခြားမြက် (Napier) စိုက်ဧကမှာ ၁၈ဝ ဧကဖြစ်ပြီး ယင်းမွေးမြူရေး စတင် တည်ဆောက်ရန် နယူးဇီ လန်၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ နည်းပညာများ သွားရောက်လေ့လာခဲ့ပြီး နယူးဇီလန်က ပညာရှင်များ၏ နည်းပညာ ပံ့ပိုးမှုဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ် ကာ PEP နို့စားနွားမွေးမြူရေးခြံတွင် နွားအကောင်ပေါက် ၆၅ ကောင်၊ နွားမ ၂၉၇ ကောင်၊ နွားထီး ၃ ကောင် စုစုပေါင်း နွားအကောင်ရေ ၄ဝဝ နီးပါးရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် လက်ရှိအချိန် ၌ နို့လုပ်ငန်းသည် အမြတ်နည်း ပါးခြင်းနှင့် နည်းပညာ အခက်အခဲ ကြောင့် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင် အတော်များများက စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats