မိုင်းမော၊ (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က
ဖြန့်ဝေထားရှိသောလူ ကုန်ကူးမှု အသိပညာပေး Bill Board စိုက်ထူ ဖွင့်ပွဲအခမ်းအနားကို မိုင်းဖြတ်မြို့ပြည်သူ့ပန်း
ခြံအနီး၌ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊
မိုင်းဖြတ်မြို့၊ စကခ(၁၈) တပ်မမှူး ဗိုလ်မှူးချုပ် စိုးတင့်နှင့် တပ်ရင်းတပ်ဖွဲ့မှ
အရာရှိများ၊ မိုင်းဖြတ်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသက်လွင် ဦးစီး ကာကွယ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ၊ လူကုန်တားတပ်ဖွဲ့စိတ်မှူး
ရဲမှူးရင်ရင် အေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်နှင့်
တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၊ ရက်ကွက်အုပ်ချုပ်ရေးမှူး
များ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားများ တက်ရောက်ခဲ့ပြီး တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်
ပေးခဲ့သည်။
ဆက်လက်၍ မိုင်းဖြတ်-မိုင်းယောင်းသွားကားလမ်းဆုံ၌ လူကုန်ကူးတားတပ်ဖွဲ့စိတ်(၁)တာချီလိတ်၊
ကျိုင်းတုံ၊ မော်ကွမ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအသင်းနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် င်္သခကျ တို့နှင့်အတူပူးပေါင်းပြုလုပ်သည့် ပညာပေးဆိုင်းဘုတ်အား
စိုက်ထူခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan