ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်း ထောင်များ၌ နိုင်ငံရေးပုဒ်မများဖြင့်
ဖမ်းဆီးအကျဉ်းချခံနေရသူ ဦးရေ မြင့်တက်လာ နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်
ဆက် လက်ရုန်းကန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း
(AAPP)က အောက်တိုဘာလ ၁၅ ရက်၌ အ စီရင်ခံစာ ထုတ်ပြန်ခဲ့သည်ဟု သိရ သည်။
.
.
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အ ကျဉ်းထောင်အသီးသီးတွင် ပြီးခဲ့
သည့် သြဂုတ်လကုန်အထိ နိုင်ငံရေး ပုဒ်မ များဖြင့် အကျဉ်းကျနေသူ ၁၉ ဦးသာ ရှိခဲ့ရာမှ
လက်ရှိအချိန် တွင် ၂၇ ဦးအထိရှိလာနေပြီး တက်ြ<ွကလှုပ်ရှားသူ ၅၁ ဦးမှာ ထောင် တွင်းမှ
တရားရင်ဆိုင် နေရကာ ၁၉၉ ဦးသည် အကျဉ်းထောင် ပြင်ပမှ နေ၍ တရားရင်ဆိုင်နေရကြောင်း စက်တင်ဘာလကုန်အထိ
စာရင်း များကို ကိုးကား၍ AAPP မှ ထုတ် ပြန်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအ တွင်း၌ နိုင်ငံရေးပုဒ်မ အမျိုးမျိုးဖြင့်
ဖမ်းဆီးခံရသူ ၆ ဦး ရှိကာ ၄င်းတို့ အနက် တိုင်းရင်သား ၂ ဦးသည် မတရားအသင်း ဆက်သွယ်မှု
ဥပဒေ ပုဒ်မ ၁၇(၁) အရ တရားစွဲဆိုခံရခြင်း ဖြစ်ပြီး တက်ြ<ွကလှုပ်ရှားသူ ၂ ဦး သည် ငြိမ်းစုစီဥပဒေပုဒ်မ
၁၉၊ ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ)၊ ရှေ့နေ တစ်ဦးနှင့် တက်ြ<ွကလှုပ်ရှားသူတစ် ဦးသည်
ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။
.
မြန်မာနိုင်ငံ၌ သတင်းလွတ်လပ် ခွင့်အတွက် တင်းကျပ်ခံနေရဆဲဖြစ်ကာ
လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်အတွက်လည်း ဆက်လက်ရုန်း ကန်နေရဆဲဖြစ်ပြီး လွတ်လပ်စွာဖော်
ထုတ်ရေးသားခွင့်ကိုနှုတ်ဆိတ်သွား စေရန်အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ယ)ဖြင့် ဆက်လက်ကန့်
သတ်ထားသည်သာမက နိုင်ငံသား များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေဖြင့်
ကန့်သတ် ထားသည်ဟု ယင်းအစီရင်ခံ၌ဖော်ပြ ပါရှိသည်။
.
လူမှုကွန်ရက်များပေါ်တွင် ဝေ ဖန်ရေးသားခြင်းများအတွက်နိုင်ငံ သားများကို
ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာ ကွယ်ရေးဥပဒေဖြင့်
တရားစွဲဆို၊ ပြစ် ဒဏ်ချမှတ်မှုများ ရှိလာခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်နေပြီး ထိုဥပဒေ
အား လွဲမှားစွာ အသုံးပြုလာနိုင် ကြောင်းကိုလည်း ဖော်ပြထားသည်။
.
.
.
#KBZTai #Shan