အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မှုသည့် ရတနာစံကျောင်တော်ကြီးပေါ်သို့ ပြန်လည်ကြွဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မှုသည့် ရတနာစံကျောင်တော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်


မောင်မောင်သန်း(တောင်ကြီး)
.
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများသည် အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီအပူဇော်ခံပြီးနောက် မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ အောက်တိုဘာလ ၂၇  ရက် နံနက် ၉ နာရီက ပြန်လည်ကြွဝင်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ အခမ်းအနားကို အင်းလေး ဖောင်တော်ဦးဘုရား စံကျောင်းတော်၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကရဝိတ် ဖောင်တော်ပေါ်မှ ဖောင်တော်ဦးမြတ်စွာဘုရားများအား စံကျောင်းတော်ကြီးပေါ်သို့  ကိုယ်စားတော်မြတ်များကို အသီးသီးပင့်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖောင်တော်ဦးမြတ်စွာဘုရားများအား ဆွမ်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ် လှူဒါန်းပြီး ဂေါပက အဖွဲ့မှ ဓမ္မလက်ဆောင် (၂၁) ဌာန ကြာသင်္ကန်းများ ဝေငှပေးပြီးနောက်  ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နန်းဟူးဘုန်းတော်ကြီးကျောင်းတွင် တောင်ခြေကျောင်းဆရာတော်ကြီး ဦးကောဝိဒထံမှ ငါးပါးသီလ ခံယူဆောက်ကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
.


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အင်းသားရိုးရာ လှေပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး အင်းသားရိုးရာ ဆွမ်းပို့လှေအဖွဲ့နှင့် လှေယဉ်ဆု၊ ယဉ်ကျေးမှု ဆုတို့ကို  ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်ဝိုးဟိန်းနှင့် တာဝန်ရှိသူတို့က လည်းကောင်း၊ အမျိုးသမီး (၂၆) တက် ပထမဆု၊ ဒုတိယဆု ရရှိသူတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်မှ လည်းကောင်း၊ အမျိုးသား (၄၆) တက် နှစ်သိမ့်ဆု ရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ လည်းကောင်း အမျိုးသားရာကျော်လှေ နှစ်သိမ့်ဆု ရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကာ ဆုရရှိသော လှေပြိုင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


Journal Download

Photo of three cats