ရှမ်းယူနိုက်အသင်း၏
နည်းပြချုပ် အဖြစ် ဦးမင်းသူကို ပြီးခဲ့သည့် ရက်ပိုင်းက ခန့်အပ် လိုက်ပြီးနောက် ရာသီအကုန်တွင် ချန်ပီယံဆု တစ်ခုကို ရမည်ဟု နည်းပြချုပ်အသစ်က
ပြောဆိုခဲ့သည်။
.
'' ကျွန်တော့် နည်းပြ
သက်တမ်း က အရမ်းနုပါသေးတယ်။ နောက် တစ်ခုက ရှမ်းယူနိုက်တက် စီနီယာ အသင်းမှာ ကျွန်တော်က
လူသစ်ပါ။ ဒါပေမဲ့ အသင်း အုပ်ချုပ်မှုအဖွဲ့က ယုံ ကြည်လို့ တာဝန်ပေးတဲ့ နောက်မှာ တော့
အောင်မြင်မှုရအောင် လုပ်မှာ ပါ။ ကျွန်တော့် ပလေယာတွေနဲ့ နည်းပြတွေပါ ပူးပေါင်းပြီး အောင်မြင်
မှု ရအောင် လုပ်ပါမယ်။ အရေးအ ကြီးဆုံးက စည်းကမ်းပါ။ ကျွန်တော့် အသင်းမှာ စည်းကမ်းသာ
ပထမပါ။
.
စည်းကမ်းအတိုင်းပဲ
သွားမယ်။ အား လုံးကို ကျွန်တော့် ညီအစ်ကိုတွေလို လေးလေးစားစား ဆက်ဆံမယ်။ သူ့ အလုပ်
ကိုယ့်အလုပ် စည်းလေး ထား မယ်။ အဲဒါကြောင့် အောင်မြင်မှု ရကို ရမယ်လို့ ယုံတယ်။ ကျွန်တော်တို့
ပလေယာ အနေအထား၊ ပံ့ပိုးမှုအား နဲ့ ဆိုရင် ရာသီကုန်မှာ ချန်ပီယံဆု တစ်ဆု ရကို ရမယ်လို့
ကျွန်တော် အာမခံတယ်'' ဟု ဦးမင်းသူက ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းယူနိုက်တက်အသင်းသည်
ပြီးခဲ့သည့် ရာသီတွင် နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၌ ဒုတိယနေရာ ဖြင့် သာ ကျေနပ်ခဲ့ရသကဲ့သို့
ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရသည်။
ထို့ကြောင့် အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင် ခဲ့ခြင်း မရှိသည့် မက်ဆီဒိုးနီးယား
လူမျိုး မာယန်နှင့် လမ်းခွဲခဲ့ပြီးနောက် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်း၏ နည်းပြချုပ်
ဦးမင်းသူကို အသင်းကြီး တွင် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ် သည်။
.
ရှမ်းနည်းပြချုပ်သည်
အားကာ သိပ္ပံကျောင်းဆင်း တစ်ဦးဖြစ်ကာ ၁၉၉၈ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် စတင်ရွေးချယ် ခံရပြီး ၂ဝဝ၈ ခုနှစ်ထိ
လက်ရွေးစင် အသင်းတွင် ပါဝင် ကစားခွင့် ရရှိခဲ့ သူ ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ဇေ ယျာရွှေမြေလူငယ်အသင်းတွင်
နည်း ပြချုပ်အဖြစ် စတင် တာဝန်ယူကာ ၂ဝ၁၇ ခုနှစ်တွင် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း၏ နည်းပြချုပ်အဖြစ်
လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ရှမ်း ယူနိုက်တက် ယူ-၂၁ နည်းပြချုပ်အ ဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သည့်
AFC အသိအမှတ်ပြု A လိုင်စင် ရရှိထားသည့် နည်းပြ တစ်ဦး ဖြစ်သည်။
.
ရှမ်းအသင်းသည် လာမည့်
၂ဝ ၁၉ ဘောလုံးရာသီတွင် AFC Cup ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း
ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုဖြစ်သော
ရှမ်းယူနိုက်တက်အသင်း၏ ပြင်ဆင်လေ့ ကျင့်မှုများကို နိုဝင်ဘာလ ၇ ရက်တွင် စတင်သွားမည်
ဖြစ်သည်။