သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဖြတ်စများနှင့် မီးသွေးများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဖြတ်စများနှင့် မီးသွေးများ ဖမ်းဆီးရမိ

နောင် (မြစ်မခ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဖြတ်စများ သယ်ဆောင်လာသည့်ကားနှင့် မီးသွေးများသယ်ဆောင်လာသည့်ကားကို အောက်တိုဘာ ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိန္နီမြို့မ ရဲစခန်းမှ သိရှိရသည်။


ရေပူစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့သည့် ယာဉ်များစစ်ဆေးနေစဉ် စစ်ဆေးခံနေသော ယာဉ်တန်းကြား ရပ်ထားသောသော အိမ်စီးယာဉ်ငယ်အားစစ်ဆေးရာက ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ကာ သယ်ဆောင် လာသော ကျောက်စိမ်းတုံးဆိုဒ်စုံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အမှုလာဖွင့်တာတော့ မရှိသေးပါဘူး။ စိစစ်နေဆဲဖြစ်မှာပါ။’’ ဟု သိန္နီမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

Wingroad ယာဉ်ဖြင့် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဖြတ်စဆိုဒ်စုံကို စိစစ်ဆဲဖြစ်ပြီး အဆိုပါ ပူးပေါင်းအဖွဲ့မှ ခေတ္တရပ်နားနေစဉ် မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် ဖြတ်သန်းသွားသောယာဉ်အား မသင်္ကာသဖြင့် လိုက်လံစစ်ဆေးရာက တရားမဝင်သယ်ဆောင်လာသည့် မီးသွေးအိတ်များကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

“ကားတော့ထွက်လာပြီလို့ သိရပါတယ်။ လားရှိုးကိုတော့ မရောက်သေးပါဘူး။’’ဟု လားရှိုးသစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ 

အဆိုပါ မီးသွေးများအား Mitsubishi Fuso (12W) ယာဉ်နှင့် သယ်ဆောင်လာပြီး ရေပူစခန်းအကျော် ပိန်းဆာ ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats