လန်ဒန်ဆရာတော် ဦးဥတ္တရ
ဦးဆောင်သော ဥရောပ-မြန်မာ ဗုဒ္ဓသာသနာပြုအသင်းမှ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံတော်သမ္မတဟေင်းနှင့် ကမ္ဘောဇဘဏ်နာယက တို့အား ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲ
အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင်
ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ဂုဏ်ထူးဆောင်ဆုများ
ချီးမြှင့်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ဂုဏ်ဆောင်
အလင်းရောင်ဆု၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်အား အာရှဂုဏ်ဆောင် အလင်းရောင် ဆုနှင့်
ကမ္ဘောဇဘဏ်လီမိတက် နာယက၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နာယက ဦးအောင် ကိုဝင်းအား
မြန်မာ့ဂုဏ်ဆောင် အလင်းရောင်ဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါဆုများကို
၂၀၁၆ ခုနှစ်ကတည်းက ပေးအပ်ရန် စီစဉ်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်မှ၊ ဆရာတော် ၏ သက်တော်
၆၀ ပြည့် မွေးနေ့နှင့် တိုက်ဆိုင်ချိန်မှသာ ပေးအပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အဆိုပါ
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဥဒေ စိုးမိုးမှုနှင့် တရားမျှတမှုတို့ကို
အခြေခံလျက် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး၏ ဥပအဒေ အထောက်အကူပြု အဖွဲ့
(Legal Advisory Group) အား တရားမျှတမှု စွမ်းဆောင်ရည်ဆုကိုလည်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
.
လန်ဒန် ဆရာတော်
ဦးဥတ္တရ ဦးဆောင်သော ဥရောပ - မြန်မာ ဗုဒ္ဓသာသနာပြု
အသင်းသည် ၂၀၀၃ မှ စတင်ကာ အများအကျိုး ဆောင်ရွက်သည့် နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များကို
ဂုဏ်ပြုဆုများ ပေးအပ်လျက် ရှိရာ ကဗျာ ဆရာကြီး တင်မိုး၊ ဦးမင်းကိုနိုင်၊ နာရေးကူညီမှု
အသင်း ဥက္ကဋ္ဌ ဦးကျော်သူ တို့ကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။