ကျိုင်းတုံတွင် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကျပ်တစ်ထောင်တန် ထီလက်မှတ်များ လျှောက်ထားရန် နှိုးဆော်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကျပ်တစ်ထောင်တန် ထီလက်မှတ်များ လျှောက်ထားရန် နှိုးဆော်ထား

ထက်တိုင်းကျော်

ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ရောင်းချပေးမည့် ကျပ် ၁၀၀၀ တန် ထီလက်မှတ် စာအုပ်များ ရောင်းချရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ထီလက်မှတ် ရောင်းချ သည့် လုပ်ငန်းရှင်များအား အောက်တိုဘာလ ၁၈ ရက်က ဖိတ်ခေါ်ဆွေးနွေး၍ နှိုးဆော်ထားကြောင်း သိရသည်။
.
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ လက်မှတ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ရောင်းချပေးသွားမည် ဖြစ်သ ဖြင့် ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအား လုပ်ထုံလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ကြေညာ ထားသည်ဟု ကျိုင်းတုံမြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
.

ယင်းကဲ့သို့ အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချလိုသူများသည် ထီလုပ်ငန်း အမှန်တကယ် လုပ်ကိုင် ဆောင်ရွက်သူ ဖြစ်ရန်လိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိတ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူများ ပူးတွဲပေးပို့ တင်ပြ၍ သက်ဆိုင်ရာ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နောက် ဆုံးထား၍ လျှောက်ထားတင်သွင်းနိုင်ကြောင်း သိရသည်။
.
ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်များအတွက် တစ်အုပ်လျှင် အာမခံငွေ Deposit ကျပ် ၂၀၀ နှုန်းဖြင့် ၃ လစာ ကြိုတင်ပေးသွင်း၍ ဝယ်ယူရမည်ဖြစ်ပြီး ထီလက်မှတ်စာအုပ် ဝယ်ယူခွင့်ရရှိသူများသည် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို သတ်မှတ်ထားသည့် အချိုးဖြင့် ဝယ်ယူရမည်ဖြစ်သည်ဟု စည်းကမ်းချက်တွင် ဖော်ပြ ပါရှိသည်။
.
ထို့အပြင် ထီစာအုပ် ဝယ်ယူရောင်းချလိုသူများသည် လစဉ် မိမိရောင်းချမည့် ထီစာအုပ် အရေအတွက်ကို ဖော်ပြ၍ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် တာဝန်ယူပြီး မပျက်မကွက် ဝယ်ယူရမည်ဖြစ်ကြောင်း သဘောတူ စာချုပ် ချုပ်ဆိုရမည်ဖြစ်ကာ ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲကာ အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ရောင်းချပေးနေသည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို မူလသတ်မှတ် ထားသည့် တန်ဖိုးထက် ပိုမိုရောင်းချပါက တိုင်ကြားမှုရှိလျှင် အရေးယူမည် ဖြစ်သည်ဟု ကြေညာထားသော်လည်း ကျိုင်းတုံမြို့တွင် ထီလက်မှတ် ၁ စောင်လျှင် ကျပ် ၆၀၀ မှ ၆၅၀ ကျပ်အထိ ရောင်းချမှုများ ရှိနေသည်ဟု ကျိုင်းတုံဒေသခံများထံမှ သိရသည်။
.
ထီလက်မှတ်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ထီရောင်းချသူ ကိုမောင်ဦးက “ဆိုင်ခန်းခ၊ စည်ပင်အခွန်၊ အမြတ်ခွန်၊ ရေမီးခကုန်ကျစရိတ်တွေအပြင် ထီလက်မှတ်မှာ အက္ခရာဂဏန်းစုံ ပါနေမှ ထီထိုးသူတွေက ကြိုက်ရာရွေးပြီး ထိုးကြတော့ အမျိုးတူထီစာအုပ်တွေချည်း ရောင်းနေလို့ မဖြစ်နိုင်တဲ့ အခြေအနေ ကြောင့် အစိုးရသတ်မှတ်ပေးထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့ အခက်အခဲရှိပါတယ်ဟု ၎င်း၏ အတွေ့အကြုံကို ကမ္ဘောဇတိုင်းသို့ ပြောသည်။

Journal Download

Photo of three cats