ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဆွမ်မီလမ်းတွင် ရေမြောင်းအား ပိတ်ဆို့ထားခြင်းကြောင့် လမ်းပေါ်သို့ ရေလျှံ၍ လမ်းသွားလမ်းလာများနှင့် အနီးဝန်းကျင် နေအိမ်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
" ပြောရဲတဲ့သူ ရှိရင် ပြောပေးကြပါ။ နေ့တိုင်း လမ်းပေါ်မှာ မြင်မကောင်းလို့ သန့်ရှင်းရေး လုပ်ပေးနေရတာ မောနေပြီ" ဟု အဆိုပါ လမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းလမ်းပေါ်သို့ ရေလျှံနေခြင်းမှာ မိုးရွာနေစဉ်အချိန်နှင့် မိုးရွာပြီးစ အချိန်များတွင်သာ ဖြစ်ပေါ်နေသော်လည်း နေပူသည့် အချိန်များတွင်မူ ရေလျှံမှု မဖြစ်ဘဲ ရေမြောင်းအား ပိတ်ဆို့ထားခြင်းကြောင့် လမ်းပေါ်သို့ ရေလျှံနေရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လမ်းအား မိုးရာသီ မတိုင်ခင်က စည်ပင်သာယာရေးဌာနမှ ပြုပြင်ထားကြောင်းလည်း သိရသည်။