ကမ္ဘောဇတိုင်း
.
ကမ္ဘာ့ထိပ်တန်း မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော OPPO သည် ဩဂုတ်လ
၃၀ ရက်က ရန်ကုန်မြို့၊ Melis Hotel တွင် ၎င်း၏ ထုတ်ကုန်သစ်ဖြစ်သော VOOC အမြန်အားသွင်းစနစ်ပါဝင်သည့်
OPPO F9 ကို စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အခမ်းအနားသို့ OPPO ၏ Brand Ambassador များဖြစ်သည့် အကယ်ဒမီ
ဝတ်မှုန်ရွှေရည်၊ အဆိုတော် ရွှေထူး၊ Customer Relations Ambassador ဖြစ်ကြသော အကယ်ဒမီပိုင်ဖြိုးသုနှင့်
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော်ကိုမျိုးကြီးတို့နှင့်အတူ အခြားနာမည်ကြီး အနုပညာရှင်များ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Selfie ဘုရင်ဟု သိရှိထားသည့် OPPO အနေဖြင့် ၎င်းတို့၏ F Series ထုတ်ကုန်များအနက်
နောက်ဆုံး မိတ်ဆက်ပေးလိုက်သော OPPO F9 တွင် VOOC အမြန်အားသွင်းနည်းပညာအပြင် မိုဘိုင်းဖုန်း ဈေးကွက်အတွင်း နည်းပညာသစ်တခုဖြစ်သော
နှစ်ရောင်စပ် ရောင်ပြေးကာလာနှင့် ၆ ဒသမ၃ လက်မအရွယ် မျက်နှာပြင်ပြည့် ရေစက်ပုံစံ "Waterdrop Screen" တို့ကို
ထည့်သွင်းပေးထားသည်။
.
နည်းပညာဆန်းသစ်မှု များစွာပါဝင်သော OPPO F9 ကို မြန်မာနိုင်ငံတွင်
၃၉၉,၉၀၀ ကျပ် ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး
သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ (၆) ရက်နေ့အထိ Pre-orderများ မှာယူနိုင်မည်ဖြစ်ကာ ဈေးကွက်အတွင်း စတင်ရောင်းချပေးမည့် သြဂုတ်လ ၈ ရက်နေ့တွင်
လာရောက် ထုတ်ယူပါက OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်ကို လက်ဆောင်အဖြစ် ရရှိမည်ဖြစ်ကြောင်း
သိရသည်။
.
OPPO အနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို အားရုံစိုက်ကာ
OPPO F9 တွင် VOOC (ဗူးခ်) အမြန်အားသွင်းစနစ်ကို ထည့်သွင်းပေးထားကြောင်း သိရသည်။
.
OPPO မှ သီးသန့် တီတွင်ဆန်းသစ်ထားသော ယခုနည်းပညာသည် ဗို့အားနည်း
အားသွင်းနည်းပညာကို အသုံးပြုထားပြီး ပုံမှန် 5V/1A အားသွင်းစနစ်ထက် (၄)ဆ ပိုမိုမြန်ဆန်စွာ
အားသွင်းနိုင်မည်ဖြစ်သည်။ အလျင်စလိုဖြစ်သည့် အခြေအနေတွင် ၅ မိနစ် အားသွင်းရုံဖြင့် ၂ နာရီကြာ ဖုန်းပြောနိုင်မည်ဖြစ်သည်ဟု
သိရသည်။
.
VOOC (ဗူးခ်) စနစ်တွင် အလွှာ (၅)လွှာ ပါဝင်သော အဆင်မြင့် ကာကွယ်မှုစနစ်ကို
ဖုန်းအားသွင်းခေါင်း- Adaptor မှ ဖုန်းအားသွင်းပေါက်- Port နှင့် ဖုန်းအတွင်းပိုင်းအထိ
ထည့်သွင်းတပ်ဆင်ပေးထားသည်။ VOOC (ဗူးခ်) စနစ်မှာ MUC ဖြင့် ဗို့အားလျှော့ချသည့် ဆားကစ်ကို
အစားထိုးလိုက်ခြင်းဖြစ်ပြီး အပူချိန်မြင့်တက်လာခြင်းမရှိသည့် အမြန်အားသွင်းနည်းပညာ
အဖြစ် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။
.
OPPO အနေဖြင့် VOOC (ဗူးခ်) နည်းပညာကို ၂၀၁၄ ခုနှစ်တွင် စတင်မိတ်ဆက်ပေးခဲ့ပြီး
အဆိုပါနည်းပညာအတွက် မူပိုင်ခွင့်ပေါင်း (၅၀၀) ကျော်ကို လျှောက်ထားရယူခဲ့ရပြီး လက်ရှိတွင်
VOOC (ဗူးခ်) နည်းပညာကို အသုံးပြုသည့် သုံးစွဲသူပေါင်း သန်း (၉၀) ကျော်အထိ ရှိနေပြီး
ဈေးကွက်၏ ရင့်ကျက်တည်ငြိမ်မှုအရှိဆုံး အမြန်အားသွင်းပညာ အဖြစ် ရပ်တည်လျက်ရှိကြောင်း
သိရသည်။
.
OPPO F9 ကို နောက်ကျောဘက်တွင် ပွင့်ဖတ်သဏ္ဍန် အရောင်ပြေးရောစပ်မှု
ပုံစံဖြင့် ဖန်တီးထားသည့် Sunrise Red နှင့် Twilight Blue အရောင် ၂ မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး
ရောင်ပြေးကာလာဖြန်း နည်းပညာနှင့် ဘေးဘောင်ဖရိန်
အရောင်ပြေး နည်းပညာတို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည်။
.
F9၏ ရုပ်ထွက်အရည်အသွေး 1080 x 2340 pixels အရည်အသွေးနှင့် မျက်နှာပြင်
မှာ 19.5:9 aspect ratio ရှိသည့် ဘေးဘောင်အလွန်ကျဉ်းမြောင်သော
မျက်နှာပြင်ပြည့် 6.3 notch မျက်နှာပြင်မှာ ရေစက်ပုံစံ Waterdrop Screen ပုံစံဖြင့်
ဖန်တီးထားခြင်းဖြစ်သည်။
.
ကင်မရာ အရည်အသွေးအနေဖြင့် OPPO၏ F9 တွင် 16MP + 2MP အရည်အသွေးရှိသည့်
Dual Rear Camera တို့ကို ထည့်သွင်းတပ်ဆင်ပေးထားသည်။ OPPO F9 ၏ 25MP အရည်အသွေးရှိ ရှေ့ဘက်ကင်မရာစနစ်တွင်လည်း
သုံးစွဲသူ၏ စိတ်တိုင်းကျ Selfie ပုံများအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးမည်ဖြစ်သည်။
.
စမတ်ဖုန်းသစ် OPPO F9 တွင် 256GB အထိ အချက်အလက် ထပ်တိုးအသုံးပြုနိုင်ပြီး
4GB RAM + 64GB ROM တို့က မြန်ဆန်သည့် လုပ်ဆောင်မှုစနစ်ကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
SIM Card တစ်ကဒ်ထက် ပိုမိုသုံးစွဲ စေနိုင်ရန် SD Card တစ်ကဒ်နှင့် SIM Card ၂ ကဒ် ထည့်သွင်းနိုင်မည့်
Slot ဒီဇိုင်းကို အသုံးပြုထားသည်။
.
စက်တင်ဘာလ ၈ ရက်နေ့တွင် တနိုင်ငံလုံးသို့ စတင်ရောင်းချပေးမည်ဖြစ်ရာ
ထိုနေ့ ၈ ရက်နေ့မှစတင်၍ ဝယ်ယူသူများအတွက် Gift Box များကို လက်ဆောင်ရရှိမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan