မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးထားသည့် ကလေး ၃ ယောက်မိခင်ဖြစ်သူ နန်းမိုဟွမ်
ကို ပြန်လွှတ်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၁၇ ရက်တွင် နမ့်ခမ်းမြို့လုံးကျွတ်နီးပါး လူဦးရေ
၂ သောင်းကျော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
"တရားဝင်
ဆန္ဒပြတာပါ။ ကျွန်တော်ကတော့ ဖျားနေလို့ မသွားလိုက်နိုင်ဘူး"ဟု ဒုအုပ်ချုပ်ရေးမှူး
ဦးဇော်မိုးနိုင်က ကမ္ဘောဇတိုင်းသို့ပြောသည်။
နမ့်ခမ်းမြို့ပေါ်ရှိ
အဖွဲ့အစည်းအသီးသီးနှင့်ပြည်သူလူထု အင်အား ၂၀၀၀၀ ကျော်သည် နမ့်ခမ်းမြို့လယ် ကိုပတ် ကာ
`TNLA မှဖမ်းဆီးထားသည့် နန်းမိုဟွမ်အား ချက်ခြင်းလွှတ်၊ မတရားဆက်ကြေးကောက်ခံခြင်းအားချက်ခြင်းရပ်
အကြမ်း ဖက်ဝါဒတိုက်ဖျက်ရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး`စသည့် ကြွေးကျော်သံများဖြင့်လှည့်လည်ကာ
TNLA မှ မတရား ဖမ်းဆီးထားသည့် နမ့်ခမ်းမြို့၊
ဟိုနောင်ရပ်ကွက်မှ အပြစ်မဲ့သော နန်းမိုဟွမ်အားအမြန်ဆုံးချက်ခြင်းလွှတ်ပေးရန် ၊လက်နက်ကိုင်အဖွဲ့အစည်းများမှ
ပြည်သူလူထုထံ ဆက်ကြေးကောက်ခြင်းကို ချက်ခြင်းရပ်ပေးပါ၊ မတရားဖမ်းဆီးခံထားရ သည့် အပြစ်မဲ့နန်းမိုဟွမ်အား
TNLA မှ ထုတ်ပြန်ထားသည့် ဥပဒေပြင်ပတရားရုံးများနှင့်ရာဇသတ်ကြီးပုဒ်မ(၃၃၃)ကို ပြည် သူလူထုတို့မှ
လုံးဝလက်မခံပါ၊`ဆိုင်းဘုတ်များကိုင်ဆောင်ထားပြီး နံနက် ၈နာရီမှ မွန်းတည့် ၁၂ နာရီအထိ
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ကလေး
၃ ယောက်မိခင် နန်းမိုဟွမ်အား သြဂုတ်လ ၁၇ ရက်က TNLA လက်နက်ကိုင်များမှ ၄င်းနေထိုင်ရာအိမ်သို့
ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားကြ ခြင်းဖြစ်ပြီး တစ်လပြည့်မြောက်သည့် စက်တင်ဘာလ ၇
ရက်က ၎င်း၏ အစ်မဖြစ်သူ နန်းမိုခမ်းဦးဆောင်သည့် မိသားစုများမှ နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက်
ဆန္ဒပြမှု ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း နန်းမိုခမ်းကပြောသည်။
.
"နမ့်ခမ်းမြို့သူမြို့သားတွေကို
ကျေးဇူးအထူးတင်တယ်/ လူထုနဲ့မိသားစုရဲ့ဆန္ဒကိုသိမြင်ပြီး TNLA က ညီမဖြစ်သူကို အမြန်ဆုံးလွှတ်ပေးဖို့
တောင်းဆိုတယ်"ဟု နန်းမိုခမ်းက ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့်
သြဂုတ်လ ၁၇ ရက်က နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ရှိ နောမောဝ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ဆိုင်ရှင်
ဖြစ်သူ နန်းမိုဟွမ်ကို TNLA တပ်ဖွဲ့ဝင် (၅)ဦးမှ သေနတ်များဖြင့်ရောက်ရှိလာကာ ကားဖြင့်ဖမ်းခေါ်သွားခေါ်ခဲ့ကြောင်း
၎င်းကို TNLA မှ တရားဥပဒေဖြင့်အညီ ၄င်းအား ဆုံးဖြတ်စီရင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားခဲ့ကြောင်းသိရသည်။
.
နန်းမိုဟွမ်သည်
၂၀၁၇ ခုနှစ်က ဆက်ကြေးကောက်ပြီးပြန်သည့် တပ်ဖွဲ့ဝင် ၂ ဦးကို အပြန်လမ်းတွင် အစိုးရတပ်အား
သတင်းပေးသဖြင့် စောင့်ဆိုင်းပစ်ခတ်ခံရပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရခဲ့သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း
TNLA မှ ထုတ်ပြန်ကြေညာထားသည်။
.
.
အဆိုပါ TNLA
အဖမ်းခံ နန်းမိုဟွမ်အား ပြန်လည်လွှတ်ပေးရန်၊ နမ့်ခမ်းလူငယ်များ၊ SSPP/SSA လက်နက်ကိုင်အဖွဲ့၊
SNDP၊ SNLD နိုင်ငံရေးပါတီ တို့မှ စာများပေးပို့ထားသော်လည်း TNLA မှ မိသားစုရှေ့တွင်
တရားစီရင်မည်ဖြစ်ပြီး ယခု အချိန်တွင် ကျန်းမာစွာရှိနေကြောင်းသာ ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြထားကြောင်း သိရသည်။
.
လက်ရှိနမ့်ခမ်းမြို့ပေါ်
(၁၄)ရပ်ကွက်တွင် လူဦးရေ ၃၂၅၇၂ ဦး၊ အိမ်ထောာင်စု ၅၇၂၀စုရှိကာ တစ်မြို့နယ်လုံးတွင်
လူဦးရေ ၁၁၅၆၀၅ ဦးရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan