နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးသွားသော မနန်းမိုဟွမ်ကို ပြန်လည်လွှတ်ပေးရေး မိသားစုဝင်များ ဆန္ဒထုတ်ဖော် တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးသွားသော မနန်းမိုဟွမ်ကို ပြန်လည်လွှတ်ပေးရေး မိသားစုဝင်များ ဆန္ဒထုတ်ဖော် တောင်းဆို



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးသွားသော မနန်းမိုဟွမ်ကို ပြန်လည်လွှတ်ပေးရေး မိသားစုဝင်များက စက်တင်ဘာ ၇ ရက်တွင် နမ့်ခမ်းမြို့လယ်ဘုရား၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြောင်း သိရှိရသည်။ 
.
 
.
မနန်းမိုဟွမ်အား TNLA တပ်ဖွဲ့မှ သြဂုတ် ၁၇ ရက်တွင် ဖမ်းဆီးသွားခဲ့ပြီး ၂ဝ ရက် အကြာတွင် အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် မိသားစုဝင် ၁၀ ဦးက နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ ဆန္ဒထုတ်ဖော်တောင်းဆို ခဲ့ကြောင်း သိရသည်။
.
"ကျွန်တော်တို့က မြို့နေပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်ဖမ်းဆီးခံထားရတာကို အမြန်ဆုံး ပြန် လည်လွှတ်ပေးဖို့အတွက် လာပြီးအားပေးတာဖြစ်ပါတယ်။ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ စိုင်းရန်ကျော်က ပြောသည်။
.
ဆန္ဒဖော်ထုတ်ရာတွင်သားနှင့် သမီးတို့၏ အပြစ်မဲ့သောမေမေကို အမြန်ဆုံးပြန်လွှတ်ပေးပါရန်၊ အပြစ်မဲ့သော နန်းမိုးဟွမ် အမြန်လွှတ်မြောက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသော အစိုးရအဖွဲ့အစည်းများမှ ထိရောက်စွာ ကူညီဆောင်ရွက်ပေးပါရန်၊ PSLA TNLA မှ ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ နန်းမိုးဟွမ် အမြန်ဆုံးလွှတ်ပေး ပါရန်စသော စာတမ်းပါဗီနှိုင်းဆိုင်ဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
.
"ကျွန်တော်တို့က လက်ရှိ သူတို့ဆန္ဒဖော်ထုတ်နေတာကို ပူးပေါင်းအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာ တွေ ပူးပေါင်းပြီးတော့ လုံခြုံရေးဆောင်ရွက်ပေးခဲ့ပါတယ်"ဟု နမ့်ခမ်းမြို့မ ရဲစခန်းမှ ဒုရဲမှူး မင်းတင်က ပြောသည်။
.
အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် မိသားစုဝင် ၁၀ ဦး၊ ပြည်သူ ၃၀၀ ဦး ခန့်လာရောက်ကာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats