သြစတေးလျနိုင်ငံ Southern Cross University မှ စီးပွားရေးနှင့် အင်ဂျင်နီယာဘွဲ့ ရရှိနိုင်မည့် သင်တန်းကို ရန်ကုန်မြို့ရှိ British University College (BUC) တွင် ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သြစတေးလျနိုင်ငံ Southern Cross University မှ စီးပွားရေးနှင့် အင်ဂျင်နီယာဘွဲ့ ရရှိနိုင်မည့် သင်တန်းကို ရန်ကုန်မြို့ရှိ British University College (BUC) တွင် ဖွင့်လှစ်မည်

ကမ္ဘောဇတိုင်း
.
တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသော ကျောင်းသား/ကျောင်းသူများ အတွက် သြစတေးလျနိုင်ငံ Southern Cross University  မှ စီးပွားရေးနှင့် အင်ဂျင်နီယာ ဘွဲ့ရယူနိုင်ရန် အခြေခံ (Foundation) သင်တန်းကို ရန်ကုန် မြို့ရှိ British University College (BUC) ၌ စက်တင်ဘာလ ၁၇ ရက်၌ စတင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ် ကြောင်း သိရသည်။
.
.
အဆိုပါ Foundation  သင်တန်း ပြီးမြောက်သွားပါက အင်္ဂလန်နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့မှ တိုက်ရိုက် ပေးအပ်မည့် ဘွဲ့ (Degree) များကို ဆက်လက်တက်ရောက် သင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။
.
"British University College ကနေတစ်ဆင့် တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ Bachelor of Business Administration, Bachelor of Business in Convention and Event Management, Bachelor of Business in Hotel Management, Bachelor of Business in Tourism and Hospitality Management စတဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။ ရွေးချယ်တက်ရောက်နိုင် မယ့် ပညာရေးလမ်းကြောင်း အနေနဲ့ ကတော့ ပထမ ၂၂ လကို British University College မှ တက်ရောက် ပြီး ATHE (Awards for Training and Higher Education), UK က ပေးတဲ့ Level 5 Extended Diploma in Management ကို ရရှိမှာဖြစ် ပါတယ်။ ကျန် ၁ နှစ်ကို Southern Cross University မှာ ဆက်လက် တက်ရောက်ပြီး Bachelor ဘွဲ့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်း အနေနဲ့ကတော့ British University College မှာ ပထမ ၁၄ လ တက် ရောက်ပြီး ATHE (Awards for Training and Higher Education), UK ကပေးတဲ့ Level 4 Extended Diploma in Management ကို ရရှိ မှာပါ။ ကျန် ၂ နှစ်ကို Southern Cross University မှာ ဆက်လက် တက်ရောက်ပြီး Bachelor ဘွဲ့ကို ရရှိမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့ရှိ British University College (BUC) မှ Sales & Marketing Executive ဖြစ်သူ Molly မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သင်တန်း တက်ရောက်လိုသူ များ အနေဖြင့် ဖုန်းနံပါတ်-ဝ၉၄၂၆၂- ၆၅၅၅ဝ၊ ဝ၉၄၂၆၂၆၅၅၅၁၊ ဝ၁ ၄ဝ၁၂၇၂ သို့လည်းကောင်း၊ အမှတ် (၂၅)၊ ဦးချစ်မောင်အိမ်ယာ၊ (KBZ Bank  နှင့် Family Sushi) ကြား၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း ဆက် သွယ် ဆောင်ရွက်နိုင်ကြောင်း သိရ သည်။
.
Southern Cross University သည် အာရှပစိဖိတ် ဒေသအတွင်းရှိ ထိပ်တန်း တက္ကသိုလ် ၁ဝဝ စာရင်း တွင် သာမက ကမ္ဘာ့ထိပ်တန်း တက္က သိုလ် ၅ဝ စာရင်းတွင်လည်း ပါဝင် သော တက္ကသိုလ် တစ်ခုဖြစ်ကာ တက္ကသိုလ်ကြီးများ၏ Student Sup-port, Median Graduate Starting Salary, Graduate Employment  စသည့် အပိုင်းများ၌ 5 Stars အဆင့် ရရှိထားသည့် တက္ကသိုလ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats