ဗိုလ်ချုပ်အောင်ဆန်းဒိုင်း
ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက် အသင်းသည်
ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ ညနေက Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် အဝေးကွင်းအဖြစ်
သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေသာ ဖြစ်ပေါ်ခဲ့ပြီး
ယင်းကဲ့သို့ ဂိုးသွင်းနိုင်ခြင်း မရှိသည့်အပေါ် ကျေနပ်မှု မရှိကြောင်း ရှမ်းယူနိုက်တက်အသင်း
နည်းပြချုပ် မာယန်က ပြောကြားခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အနိုင်ဂိုး ရရှိရန် အိမ်ရှင် ဟံသာဝတီကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဟံသာဝတီ အသင်း၏ နောက်ခံလူများနှင့် ဂိုးသမားက အကောင်းဆုံး တားဆီးနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပထမပိုင်းတွင် ရှမ်းယူနိုက်အသင်းဘက်သို့ ထိရောက်သော တိုက်စစ်ဆင်မှုမျိုး မပြုလုပ်နိုင်သော်လည်း ဒုတိယပိုင်းတွင် တန်ပြန်တိုက်စစ်ဖြင့် တုံ့ပြန်နိုင်ခဲ့သည်။