ကမ္ဘောဇတိုင်း
.
. စာအုပ်အမည် - ကြယ်တွေကြွေသောည
ဘာသာပြန် - အကြင်နာမွန်
တန်ဖိုး - ၅ဝဝဝ ကျပ်
ထုတ်ဝေသူ - ငါတို့စာပေ
.
''ကြယ်တွေကြွေသောည''ဆိုသည့် နာမည်မှာ စိမ်းနေတဲ့အမည်မဟုတ်ဘဲ အထူးအထွေ
မိတ်ဆက်ပေးဖို့ လိုမှာမဟုတ်ပါဘူး။ လူမှုကွန်ရက်မှာ စာဖတ်သူတွေ သည်းသည်းလှုပ် အား ပေးခဲ့ရတဲ့
ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပါ။ စာအုပ်မထွက်ခင်ကတည်းက လည်တမျှော်မျှော် စောင့်နေရတဲ့ စာအုပ်ကြီးဆိုလည်း
မမှားပါဘူး။
.
သူငယ်ချင်းဘဝကတည်းက ရင်းနှီးဖြူစင်ခဲ့တဲ့ ချစ်ခြင်းတွေနဲ့အတူ လှပနူးညံ့တဲ့
မေတ္တာ တရား၊ စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ ဘယ်တော့မှ မဖြောင့်ဖြူးပါဘူး။ ဘဝ အနိမ့်အမြင့်၊
အတက်အကျတို့နဲ့အတူ မိဘတွေရဲ့ လောဘ၊ ဒေါသတို့ရဲ့သားကောင် သားသမီးတို့ရဲ့ ဘဝ။အတ္တ မျဉ်းပြိုင်တွေကြားမှာ
ပေးဆပ်လိုက်ရတာက ချစ်ခြင်းမေတ္တာ။ ဒေါသမီးတောက်တွေကြားမှာ လောင်ကျွမ်းခဲ့ရာတာက အဖြူရောင်သစ္စာ။
.
''ကြယ်တွေကြွေသောည''တွေရောက်တိုင်း ချာတိတ်လေးတွေမှာ ကိုယ်စီဆုတောင်း
မေတ္တာလေးတွေနဲ့။ သူတို့လေးတွေရဲ့ ဆုတောင်းတွေ ပြည့်ခဲ့ခြင်း ရှိမရှိကိုတော့... ဒီစာအုပ်
လေးထဲက ရသတွေနဲ့အတူ ခံစားဖတ်ရှုကြည့်စေလိုပါတယ်။ ဒီထဲမှာ သိရှိစေလိုမှာကတော့ ချစ်ခြင်းမေတ္တာတွေ၊
အမုန်းတရားတွေ၊ လောဘ၊ ဒေါသတွေနဲ့အတူ နူးညံ့လှတဲ့မေတ္တာတွေ ကို ဖော်ကျူးထားတဲ့ အရာတွေကို
ဖတ်ရှုရမှာဖြစ်ပါတယ်။
.
စာအုပ်အမည် - နေထွက်ဘုရင်
စာရေးသူ - ဗြိတိသျှ ကိုကိုမောင်
တန်ဖိုး - ၅ဝဝဝ ကျပ်
.
သီပေါမင်းပါတော်မူပြီး အိန္ဒိယနိုင်ငံအရောက်မှာပဲ မျိုးချစ်ဗမာတွေနဲ့
ဖရန်စစ်တို့ ပူးပေါင်း ကာ နေမဝင် အင်ပါယာလက်အောက်ကနေ လွတ်မြောက်ဖို့ လျှို့ဝှက်အစီအစဉ်တစ်ခုကို
ရေး ဆွဲကြပါတယ်။
.
ဒါကတော့ သီပေါမင်းကို ပြန်ပေးဆွဲပြီး ပြင်သစ်နိုင်ငံကို ပို့ဆောင်မယ်။
ပြီးရင် ပြင်သစ် တို့ရဲ့ အကူအညီနဲ့ ဗမာ့လွတ်လပ်ရေးအတွက် ပြန်တိုက်မယ်။ အစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်တဲ့
သီပေါမင်းကို ပြန်ပေးဆွဲတဲ့ အစီအစဉ် ကတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်ကိုပြန်
တဲ့ လမ်းမှာတော့ မမျှော်လင့်ဘဲ ကမ္ဘာဦးဒိုင်နိုဆောကြီးတွေက အစ၊ ဗန်ဂိုး နားရွက်ဖြတ်လိုက်ရတဲ့
လက်သည် အလယ်၊ လက်ရှိ အမေရိကန်သမ္မတ ဒေါနယ်ထရန့်အဆုံး ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံ၊
အဖြစ်အပျက်များစွာတို့နဲ့အတူ ဗမာတို့ရဲ့ ဘုရင်သီပေါအကြောင်းတွေကိုလည်း စာမျက်နှာ လေးရာကျော်တဲ့ဇာတ်လမ်းရှည်ကြီးနဲ့
ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံများကို ဖတ် ရှုရမှာဖြစ်ပါတယ်။
.
.
.
#KBZTai #Shan