မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စက်တင်ဘာလ ၁၀ ရက် က ကျင်းပပြီးစီးခဲ့သည့်
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(Nationalities Brotherhood Fedration-NBF) ၃၁
ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု
စိုက်ထူးခြင်း၊ အမည်ပေးခြင်းကို ကန့်ကွက်ကြောင်း အပါအဝင် သဘောထားကြေညာချက်တစ်စောင်ကို
ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ သဘောထားကြေညာချက်တွင်
ပါဝင်သော ကျန်အချက်များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံသည် ဖက်ဒရယ်
ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အခြေခံမူများချမှတ်ဖြစ်ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဌာန်းချက်များဖြင့် ဆွေးနွေးဆုံးဖြတ်ခြင်းမပြုလုပ်ရန် တိုက်တွန်းသည်ဟုလည်းကောင်း၊
လူမျိုးစုတိုင်းရင်းသား နိုင်ရေးပါတီများ ပေါင်းစည်းရေးဆောင်ရွက်နိုင်မှုများကို ထောက်ခံကြိုဆိုပြီး
ရေရှည်တည်တန့်ခိုင်မြဲသော ပေါင်းစည်းမှု တည်ဆောက်ကြရန် တိုက်တွန်းသည်ဟု လည်းကောင်း၊
တိုင်းရင်းသားဒေသများတွင် သယံဇာတထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများကို
အကျိုးမပြုနိုင်သော တည်ဆဲဥပဒေနှင့် နည်းဥပေဒေပါ ပြဌာန်းချက်များအား ပြင်ဆင်ပြီးမှသာလျှင်
ထုတ်လုပ်ဆောင်ရွက်ရန် တိုက်တွန်းသည်ဟု ပါရှိသည်။
"၂၀၂၀
မှာ သက်ဆိုင်ရာဒေသအသီးသီးက တိုင်းရင်းသားမျာကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အနိုင်ရရှိရေး
ရည်ရွယ်ချက်လည်းပါပါတယ်၊ တိုင်းရင်းသားပါတီများ စုစည်းညီညွတ်ကြဖို့ ရည်ရွယ်ပါတယ်"ဟု
FUP ပါတီမှ ဒုတိယဥက္ကဌ ဦးစ၀်သာဦးက ပြောသည်။
.
ယင်း NBF
(၃၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပင်းတယမြို့၊ အော်ယောရပ်ကွက်ရှိ Inlay Inn
Hotel တွင် တိုင် ရင်းသားပါတီ (၁၉)ပါတီ မှ ကိုယ်စားလှယ် ၃၈ ဦးတက်ရောက်ခဲ့ကာ စက်တင်ဘာလ
၉ ရက်နှင့် ၁၀ ရက်များတွင် နှစ်ရက် တာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း
(Nationalities Brotherhood Fedration –NBF) ကို ၂၀၁၀ ခုနှစ်၊ အောက် တိုဘာလ ၁၀ ရက်က
နိုင်ငံရေးပါတီ ၅ ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ တိုင်းရင်းသားပါတီပေါင်း ၂၄ ပါတီအထိ
တိုးမြှင့် ဖွဲ့စည်းထားပြီးဖြစ်ကာ အချို့သောပါတီများအနေဖြင့် ပူးပေါင်းဖွဲ့စည်းခြင်းများလည်း
ရှိကြောင်း သိရသည်။
.
လက်ရှိတွင်
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (Nationalities Brotherhood Fedration –NBF)
၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ-FUP၊ ဖလုံစဝေါ်ဒီမိုကရက်တစ်
ပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊
ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ-KKDUP၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ-DNOP၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ-INDP၊
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ-INO၊ တအာင်း(ပလောင်)အမျိုးသားပါတီTNP၊`၀`လစ်ဘရယ်ဒီမိုကရက်တစ်
တိုးတက် ဖွံ့ဖြိုးရေးပါတီ-WLDDP၊ ရခိုင်အမျိုးသားပါတီ၊တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ဇိုတိုင်းရင်းသားများဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ-LNDP၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ-DNDP၊
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့ ပါဝင်ဖွဲ့စည်းထားကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan