ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊
နမ့်ဝုတ် (၂) ရေအားလျှပ်စစ် စီမံကိန်းနှင့် နမ့်စို ရေအားလျှပ်စစ် စီမံကိန်းတို့အတွက်
သြဂုတ်လ ၃၁ ရက်တွင် ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီနှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့
အကြား သဘောတူစာချုပ် MOA လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
.
.
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိ တက်သည် ယခင် အစိုးရလက်ထက် တွင် အစိုးရပိုင်စက်ရုံအား
ဝန်ကြီးဌာနမှ စက်ရုံနှင့် ဝန်ထမ်းများကိုပါ လွှဲပြောင်း လက်ခံရယူလုပ်ကိုင်ခဲ့ပြီး ဓါတ်အားလုံ
လောက်မှုမရှိသဖြင့် ကုမ္ပဏီ၏ရာနှုန်း ပြည့် ရင်းနှီးမြုပ်နှံမှုဖြင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့ရာ
ကျိုင်းတုံမြို့နယ်၊ မိုင်း ခွန် ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာ အနီးတွင် ၁ ဒသမ ၈၉ မဂ္ဂါဝပ်
ထွက် ရှိသည့် နမ့်ဝုတ်(၂) ရေအားလျှပ်စစ် စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့ကာ
ဓါတ်အားထပ်မံ လိုအပ်ချက်အရ နမ့်စိုရေအား လျှပ်စစ် စီမံကိန်းကို ဆက်လက် တည်ဆောက် ခဲ့ရာ
၂ဝ၁၆ ခုနှစ်တွင် ပြီးစီးကာ ပြည် သူများကို လျှပ်စစ်ဓါတ်အား ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရ သည်။
ယင်းကဲ့သို့ လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်
လျက်ရှိသည့် နမ့်ဝုတ်(၂)ရေအားလျှပ် စစ်စီမံကိန်းနှင့် နမ့်စိုရေအားလျှပ်စစ် စီမံကိန်းတို့ကို
သစ်တောကြိုးဝိုင်းမြေ နှစ်ရှည်ငှားရမ်းခွင့်ပြုချက် ရရှိပြီးလျှင် လုပ်ငန်းဆက်လက်ဆောင်ရွက်
ခွင့်ရ ရှိနိုင်ရေးအတွက် သဘောတူညီမှုစာ ချုပ်ြဥဗ ကို လက်မှတ်ရေးထိုးရ ခြင်းဖြစ်ကြောင်းသိရသည်။
.
လက်မှတ်ရေးထိုးပွဲတွင် ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိ
သူတစ်ဦးက သဘောတူစာချုပ် လက် မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြပြီး၊သဘောတူစာချုပ်လက်
မှတ်ရေးထိုးကာ စာချုပ်များကို အ ပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရှိရသည်။
.
အဆိုပါ သဘောတူလက်မှတ်ရေး ထိုးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်
စက်မှုဝန်ကြီး ဦးဆွေသိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမိတက်မှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan