တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၌ LED လမ်းမီးများ တပ်ဆင်ရန်အတွက် ကုမ္ပဏီ ၂၆ ခုက အဆိုပြု တင်သွင်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၌ LED လမ်းမီးများ တပ်ဆင်ရန်အတွက် ကုမ္ပဏီ ၂၆ ခုက အဆိုပြု တင်သွင်းထား


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီး (မိန်းလမ်း)အရှည် ၅ ဒသမ ၈ မိုင်တစ်လျှောက်ရှိ လမ်းလယ်ကျွန်းနှင့် လမ်းဘေး ဝဲ/ယာ တစ်လျှောက်တွင် LED အမျိုးအစား လမ်းမီးများ တပ် ဆင်ထွန်းညှိခြင်း လုပ်ငန်းဆောင်ရွက် ရန်အတွက် အဆိုပြုထားသော ကုမ္ပ ဏီပေါင်း ၂၆ ခု ရှိကြောင်း တောင် ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
.
''အခု လောလောဆယ် လာ လျှောက်ထားတဲ့ ကုမ္ပဏီတွေကတော့ ၂၆ ခု ရှိနေပါပြီ။ တင်ဒါပိတ်မှာက ဒီ လ ၁၃ ရက်၊ ၁၄ ရက်မှ ပိတ်မှာပါ။ တင်ဒါ ရွေးချယ်တဲ့ပွဲကိုလည်း မြို့တော် ခန်းမမှာ ပြုလုပ်သွားမှာပါ။ ဒီ ဗိုလ်ချုပ် အောင်ဆန်း လမ်းလုပ်ပြီးရင် အ နောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်း တွေကို ပြုလုပ်သွားဖို့ ရှိပါတယ်။ မြို့ထဲမှာ တော့ လိုအပ်ချက်တွေက အများ ကြီးပေါ့။ လမ်းတွေရော၊ တံတားတွေ ရော အကုန်လုံး လိုအပ်နေပါသေး တယ်။ သို့သော်လည်း တစ်ခုထဲ လုပ်လို့မရဘူးလေ။ လမ်းလဲကောင်းရမယ်။ ဘက်စုံကောင်းနေဖို့လဲ လိုတာပေါ့ နော်။ လမ်းမီးတွေလိုတယ်။ လမ်းမီး ဆိုပေမဲ့လည်း တခြားမြို့တွေလို မဟုတ်ဘဲ မြို့တော်ဖြစ်တဲ့အတွက် မြို့တော်အင်္ဂါရပ် နဲ့ညီအောင် လုပ်ထားဖို့ လည်း လိုတာပေါ့။ အဲဒါကြောင့် အခုလို လမ်းမီးတွေကောင်းဖို့အတွက် လုပ်ရတာ ဖြစ်ပါတယ်''ဟု တောင်ကြီးမြို့ နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် လမ်းမီးထွန်းညှိ ဆောင်ရွက်ရန်အတွက် လမ်းလယ် ကျွန်းများ၌ ဆောင်ရွက်မည့် မီးတိုင် များအား မူလတည်ဆောက်ထားသည့် တိုင်နေရာများတွင်သာ ပြန်လည်စိုက် ထူသွားမည် ဖြစ်ပြီး လမ်းဘေး ဝဲ/ယာ တွင် စိုက်ထူမည့် တိုင်များအား တစ်တိုင်နှင့် တစ်တိုင်ကြား အကွာအ ဝေး ၁ဝဝ ပေ မှ ၁၃ဝ ပေအတွင်း ပြန်လည် စိုက်ထူသွားမည် ဖြစ်ပြီး လမ်းဆုံများတွင် အလင်းရောင် ပို မိုရရှိစေရန် မီးဆိုင်းများ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။
.
''အခုလို လုပ်ပေးတာက ကောင်း တာပေါ့။ လုပ်ပေးသင့်တာလည်း ကြာ နေပါပြီ။ ဒီလမ်းတွေက မြို့တော်အဆင့် ဖြစ်နေပြီးတော့ တချို့နေရာတွေမှာဆို ရင် လမ်းမီးကို မရှိဘူး။ လမ်းမကြီး တွေအပြင် ရပ်ကွက်ထဲက လမ်းတွေ ကိုပါ တပ်ဆင်ပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ''ဟု တောင်ကြီး ဒေသခံ ကိုစိုင်းအေးက ၎င်း၏အမြင်ကို ကို ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ လမ်းမီးများ တပ်ဆင် ရာတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တစ်လျှောက် ကရင်မရေထွက်မှ တောင်ကြီး ဆေးတက္ကသိုလ်အထိနှင့် တက္ကသိုလ်လမ်းဆုံ မီးပွိုင့်မှ အနောက် မြို့ပတ်လမ်းနှင့် ကျောက်တလုံးလမ်း ဆုံနေရာအထိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက်ူနီ အမျိုးအစား လမ်းမီးများကို တပ်ဆင် သွားမည် ဖြစ်ပြီး လမ်းမီးများကို အလို အလျောက် ဖွင့်/ပိတ် စနစ်ဖြင့် တပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats