မူကြိုနဲ့ KG ပညာရေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူကြိုနဲ့ KG ပညာရေး



ကျော်လင်းထွန်း (ချောင်းဦး)
.
ကျွန်တော် (၉)တန်း ကျောင်းသားဘဝက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် စာဖတ်ရ အောင် သောကြာနေ့မှာ မြို့နယ် ပြန်/ဆက်ရုံး စာအုပ် (၂) အုပ် ငှားထားပါတယ်။ တနလာင်္ နေ့ ပြန်/ဆက် ပြန်အပ်။ သောကြာရောက်မှာ ကျောင်းပိတ်ရက်အတွက် ပြန်ငှား။ ဒါကို ကျွန် တော် (၅)တန်း (၆)တန်း ကျောင်းသားဘဝက တည်းက ဖေဖေကိုယ်တိုင် ရုံးပို့ပြီး လေ့ကျင့်ပေး ခဲ့တာပါ။ ငှားဖြစ်တဲ့ စာအုပ်က ငယ်ငယ်က တော့ မိုးသောက်ပန်း၊ တို့ကျောင်းသား၊ မင်္ဂလာ မောင်မယ်ပေါ့။ နောက် အတန်းကြီးပြီး စာ ဖတ်ရှိန်ရလာတော့ စစ်ပြန်၊ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ သုတစွယ်စုံလို မဂ္ဂဇင်းတွေနဲ့ အောင် ဆန်းသူရိယ တိုက်ချွန်း၊ ပုဂံဗိုလ်ချိုမှသည် စာ ရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို ငှားဖြစ်ပါ တော့တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသ ပတေးနေ့တွေ၊ ညတွေဆိုတာ ကိုယ်တိုင်ဖန် တီး ကစားလိုက်၊ သူငယ်ချင်းတွေနဲ့ တီထွင် ကစားလိုက် (ဥပမာ ဓာတ်ခဲဖျက်၊ ဖိနပ်ပျက်နဲ့ ကားတို့၊ ရထားတို့ လုပ်၊ ရွှံ့နဲ့ အရုပ်လုပ်၊ စက္ကူမှာ အရုပ်ဆွဲပြီး ဘခေုါမသကညိ  တွေနဲ့ ဇာတ်ခုံတွေ ဆောက်) ပေါ့။ တစ်ခါတစ်ခါ နေ ပူတဲ့နေ့များဆိုရင်တော့ ရှေးခေတ် (၄)တန်း အောင် မေမေရဲ့ ဘုရားစာရွတ်ဖတ်သံတွေကို ကြားနေ၊ နားထောင်နေရတာပေါ့။ ညပိုင်းက တေွာှ့ဠ ဆိုတာ ဝေး၊့ ညျေိနအ ဆိုတာကြား တောင် မကြားဖူးရသေးလေးတော့ ဖေဖေ၊ မေ မေနဲ့ တစ်ခါတစ်ရံ ရွာက အလည်လာတဲ့ အ ဘ၊ အမေကြီး၊ ဘကြီးဒေါ်ကြီးတို့ရဲ့ ပုံပြင်လေး တွေ ရပ်ရေးရွာရေး၊ အလံနီ အလံဝါစတဲ့ အ ရေးတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။

.
ကျွန်တော့်ဆောင်းပါး နိဒါန်းရှည်မှာစိုးလို့ ဖြတ်ပြီး တင်ပြပါရစေ။ ကျွန်တော်တို့ ငယ်စဉ် က မူကြိုဆိုတာ KG ဆိုတာ ပိုက်ဆံအဆင် ပြေပြီး ချမ်းသာတဲ့ သူတွေထဲကတောင် အ နည်းစုပဲ တက်ကြတာပါ။ မူကြို KG မတက် ရလည်း ဝမ်းနည်းစရာ မရှိ။ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်။ (၉)တန်း ကျောင်းသားဘဝ ကူး ထားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို သတိရမိပါရဲ့။ ၁၉၈၂ ဇန်နဝါရီလထွက် ''ရှုမဝ''မဂ္ဂဇင်းက ကဗျာပါ။ ဆရာကြီး မင်းသုဝဏ်ရေးခဲ့ပြီး က ဗျာခေါင်းစဉ်က ''အမေနှင့်သား''တဲ့။
.
          ''မီးဖိုချောင်မှာ တလှုပ်လှုပ်
          မောင်လေး ဘာတွေလုပ်။
          မရှုပ်ပါနဲ့ မောင်လေးငယ်
          မေမေ စိတ်ညစ်မယ်။
          မမကြီးရယ် မောင်မောင်လေး
          ဆန်မည်းကူလို့ ရွေး။
          ကြက်သွန်နွှင်လို့ ငရုတ်ကင်
          ငါးပိထောင်းဖို့ပြင်။
          အငွေ့ဝင်လို့ မျက်ရည်ဝဲ
          မေမေ စိတ်ဝမ်းနည်းတယ်လေး။ ။''
.
ဒီကဗျာမှာပါတဲ့ အဲဒီခေတ်က ကလေးငယ် တွေ ကျွန်တော်တို့လို အသက် (၄ဝ)ဝန်းကျင် တွေခေတ်က ကလေးငယ် တွေရဲ့ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင် စရိုက်ကို စာဖတ်သူတို့ တွေ့နိုင်၊ တွေးနိုင်ကြရောပေါ့။ မိခင်ဖြစ်သူ ဈေးသွားရင်း ဈေးလည်း ရံဖန်ရံခါ လိုက်ခွင့်ရပါတယ်။ ဟင်း သီးဟင်းရွက် အမျိုးအစားတွေ၊ အသားငါးအ မျိုးအစားတွေ၊ လူတန်းစား အမျိုးအစားတွေကို မိခင်ကိုယ်တိုင်က သွားရင်းလာရင်း သင်ကြား ပေးတာကိုး။ ဈေးက အပြန်အိမ်ရောက် မီးဖို ချောင်မှာ မိခင်နဲ့အတူ ကြက်သွန်ဖြူနွာ။ ငရုပ် သီးထောင်း၊ ရေခပ်ပေးပေါ့။ သားနဲ့ မိခင်အ ကြားနွေးထွေးသာယာမှု အပြင် အတွေ့အကြုံ ပညာတွေပါ သင်ပြီးသားပါ။ ဆံပင်ညှပ်ဆိုင်ကို ဖခင်ဖြစ်သူက လိုက်ပို့တဲ့အခါ လမ်းလျှောက် သွားရင် အတူလျှောက်။ စက်ဘီးနဲ့ သွားရမယ် ဆိုလည်း ယောကျာ်းစီး စက်ဘီးကို ဖခင်ဖြစ် သူရဲ့ ရှေ့က ဘားတန်းမှာ စီးရတဲ့ အရသာကို မေ့မရပါ။ ဘားတန်း မပါတဲ့ မိန်းမစီးစက်ဘီးမှာ နောက်က carrier (ဖင်ထိုင်)နဲ့ လိုက်ရ။ သွား ရတာကိုတော့ ဘားတန်းနဲ့ သွားရတာလောက် စိတ်မပျော်တာတော့ မှတ်မိနေသေးရဲ့။ ဆံပင် ညှပ်ပြီး ရေချိုးပြန်တော့ ဖခင်ရေလောင်းချိုးတဲ့ အောက်က ချိုးရတဲ့အရသာ ဖခင်ကိုယ်တိုင် ခေါင်းလျှော်ပေးတဲ့ အရသာ ထမင်းအတူစား တော့ မိဘတွေကို ဦးချပြီးမှ အတူစားတဲ့ အရ သာတွေကို ယနေ့ခေတ် ဖခင်များနဲ့ သားသမီး တွေကို ပြပြီးြ<ွကားလိုက်ချင်ရဲ့။
.
ဆိုလိုတာက ဖခင်၊ မိခင်တွေက အချိန်ပေး ပြီး ပြုစုပျိုးထောင်တဲ့ (၃-၄-၅)နှစ်သား က လေးတွေနဲ့ KG တွေ မူကြိုတွေ (အထူးသဖြင့် ကိုယ်ပိုင် Vision နဲ့ လုပ်ကိုင်နေကြတဲ့ KG နှင့် မူကြိုတွေ)က ထိန်းကျောင်းနေတဲ့ ကလေး တွေကို ယှဉ်ကြည့်ပါ။ တော်တော်ကို သိသာ တဲ့ အချက်တွေ အများကြီးပါ။ ဥပမာ မျက်လုံး ရွှန်းလဲ့တောက်ပ ပုံခြင်းကွာပါတယ်။ မိဘကိုယ် တိုင် ထိန်းကျောင်းပြုပြင်ပုံသွင်းတဲ့ ကလေးတွေ ရဲ့ မျက်လုံးလေးတွေက ပိုပြီးကြည်လင်ပြီး ငေါင်တောင်တောင်၊ ငိုင်တိုင်တိုင် မရှိလှပါဘူး။ အထူးသဖြင့် (၂)နှစ်ခွဲနဲ့ (၅)နှစ်ကြားမှာ မူကြို အပို့ခံရတဲ့ ကလေးတွေက ပိုပြီး သနားဖို့ ကောင်းလှပါတယ်။ KG ဆိုတာကတော့ ၅ နှစ်ကျော်မို့ တော်ပါသေးတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့။
.
အစိုးရဝန်ထမ်း ဆရာ၊ ဆရာမတွေရဲ့ KG နဲ့ ပုဂ္ဂလိက KG နှိုင်းယှဉ်ရဦးမှာပါပဲ။ ဒီကြား ထဲ ပရဟိတ (ဘက)ပညာရေး KG ရော ပါ တာပေါ့လေ။ ကလေးပြုစုပျိုးထောင်ရေးကို တကယ်စိတ်ပါ၊ ဝါသနာပါလို့ အနစ်နာခံ စေတ နာထားရင် (နာ ၃ နာ ပါရင်)တော့ အကောင်း သား။ အလုပ်လက်မဲ့ထက်စာရင် ''မူကြိုဆရာ မလေး ဖြစ်နေရတာက တော်သေး။ ယူနီဖောင်း (Uniform)ကလည်း နန်းဆန်ဆန်ဆိုတော့ ဒီ လိုလေး ပြင်ဆင်၊ ဒီလို style လေးနဲ့ဆို ဘာ ပဲပြောပြော တော်သေးတာပေါ့''ဆိုတဲ့ အချိုးနဲ့ မူကြိုဆရာဆရာမ၊ ပုဂ္ဂလိကကျောင်းမှာ KG  ဆရာမ လုပ်ချင်တဲ့ သူတွေရဲ့ လက်ထဲကိုယ့် သားသမီး ရောက်သွားခဲ့ရင်တော့ မိဘများစဉ်း စားကြပါ။ ကျွန်တော်က ကြားလူပါ။ စာဖတ် သူတွေကို တွေးကြ။ စဉ်းစားကြဖို့ ရေးသား တင်ပြတာပါ။
.
ဆရာ ဆရာမတွေထဲမှာ အပင်ပန်းဆုံးက မူကြို၊ KG နဲ့ မူလတန်းပြ ဆရာဆရာမ တွေ ပါ။ (မရိုသေစကား) ချေး၊ သေး အနံ့ရော နှပ် ချေး၊ သွားရည်က အစ အားလုံးသုတ်သင်ကြ ရတာပါ။ တကယ်ကို နာ (၃)နာ ထားတဲ့ မူ ကြိုဆရာမ၊ KG  ဆရာမတွေလည်း ရှိနေကြ ပါတယ်။ မိခင် မသင်ပြ၊ လမ်းမညွှန်နိုင်တာကို ညွှန်ပြသင်ကြားကြတယ် ဆိုပေမယ့် အချို့သော မူကြို၊ KG ဆရာမများ၊ (For show နဲ့ ဂုဏ်/ လစာတွေး ဆရာမ)များလည်း ရှိနေကြလေ တော့ တကယ့် မိခင်အရင်းလိုပဲ ဟုတ်ရဲ့လား ဆိုတာ စဉ်းစားစေချင်တာပါ။ မိခင်ရင်းက အိမ် မှာ TV ကြည့်၊ Facebook  ကလိ၊ ဆံပင်ညှပ်/ လျှော်/ပေါင်းနေချိန် မိမိရင်သွေးကလေးခမျာ မအိပ်ချင်ဘဲ အိပ်နေရ၊ မစားချင်ဘဲ စားနေရ တာကိုတော့ ရင်နာသင့်ပါတယ်။
.
ကျွန်တော် စာမရေးခင်ကတည်းက ''အရ ဟတာဒိ နဝဂုဏေဟိ    ''စတဲ့ ဆွမ်းတော် တင်၊သောက်တော်ရေကပ် အလွတ်ရနေပါပြီ။ မရဘဲနေမလား ဒီမိခင်ကြီးက နေ့တိုင်း (နံနက် ဘုရားဆွမ်းတော်ကပ်တိုင်း) ကျွန်တော့်ကို ဘေး ကနေ ထိုင်ပြီး ကပ်ခိုင်း၊ လိုက်ဆိုခိုင်းတာကိုး ဗျ။ ယဉ်ကျေးလိမ္မာတို့၊ ဓမ္မစကူးလ်တို့ အပတ် စဉ် မရှိခဲ့ပေမယ့် (လုံးဝမပေါ်သေးပေမယ့်) ရှေး ခေတ်လေးတန်းအောင် မိခင်ကြီးရဲ့ အိမ်တွင်း မူကြို၊ မိသားစုတွင် KG ကနေပဲ ဘုရားရှိခိုး၊ ဆွမ်းတော်တင်၊ ပန်းရေ ဆီမီးကပ်၊ (၃၈)ဖြာ မင်္ဂလာတွေ  တတ်မြောက်ခဲ့ရတာပါ။ မေတ္တာ ပို့၊ အမျှဝေ တတ်ခဲ့ပါတယ်။ တောင်ပြုံးမင်းကြီး မင်းလေး၊ ဗိုလ်ချုပ်အောင်ဆန်း၊ မင်းတုန်းမင်း၊ ရွှေဗဟိုရ်စည်တို့ ဆိုတဲ့ အကြောင်းတွေက စာ ဖတ်ခဲ့ရလို့ စာသင်ခဲ့ရလို့ မဟုတ်ခင်။ (၅)နှစ် သား (၆)နှစ်သားကတည်းက ဖေဖေတို့ မေမေ တို့ (မိဘတွေ)ရဲ့ ညစဉ် ပြောပြချက်ကနေ ရင်း နှီးပြီးသားပါ။ TV တို့၊ အင်တာနက်တို့၊ Facebook၊ WeChat၊ ဂိမ်းတို့ ဆိုတာကလည်း ကြား တောင်မကြားဖူးပါ။ မိဘနဲ့ သားသမီး အချိန် များများပေးပြီး လက်ပွန်းတစ်တီး နေတာက မူ ကြို၊ွု တွေထက် ပိုပြီးကောင်းတယ်ဆိုတာ ကို အခုနောက်ပိုင်း မိဘတွေ တော်တော်လေး လက်ခံလာကြပါပြီ။
.
သို့သော်  မိဘအများစုမှာ စီးပွားရေးလုပ် ငန်း ခေတ်ရေစီးကြောင်းကို အကြောင်းပြပြီး ''ဆင်ခြေပေး''ကာ မိမိရင်သွေးများကို မူကြိုပို့ မြဲ ပို့နေကြပါတယ်။ အိမ်မှာ တကယ်အခက်အခဲဖြစ်လို့၊ ကလေးကလည်း ပို့ဖို့မဖြစ်မနေ လို အပ်လို့ ဆိုရင် ပို့သင့်ပါတယ်။ ဒါမှ မဟုတ်ဘဲ ''သူတို့တောင် သူတို့ကလေး မူကြိုထားတာ ပဲ ၊ တို့လည်း မူကြိုထားနိုင်တာပေါ့''ဆိုတဲ့စိတ် နဲ့ မပို့ဆောင်စေချင်ပါ။ ''မူကြိုပို့ခြင်း၊ မပြည့် စုံသော (အထူးသဖြင့် မေတ္တာအား နည်းသော၊ စေတနာနဲ့ အနစ်နာ မပါသော) KG ပို့ခြင်း'' ဆိုတာ ဂုဏ်ယူစရာ မဟုတ်ပါ။ မိမိရဲ့ မိဘတစ် ယောက် ရင်သွေးအပေါ် ပေးသင့်သော အချိန် ကို အလွဲသုံးစား ပြုလုပ်ခြင်းလို့ နားလည်ရမှာ ပါ။ မိမိမှာ မိသားစု စီးပွားရေး (မဖြစ်မနေ)အရ နဲ့ လိုအပ်ချက်အရ ဆိုရင် ပို့ရတော့မယ်ဆိုရင် မိမိရင်သွေးအပေါ် မိခင်နီးပါး၊ အစ်မကြီးနီးပါး မေတ္တာ၊ အကြင်နာနဲ့ နာ (၃)နာပါတဲ့။ မူကြို KG ကို ရွေးချယ်ကြဖို့ပါ။
.
မူကြိုနဲ့ KG ပညာရေးဟာ ယနေ့ခေတ်လို (အထူးသဖြင့် မြို့ပြလို) ဗာဟီရများတဲ့ မိဘတွေ အတွက် မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းပါ။ မိ ဘ ကိုယ်စား ကလေးငယ်လေးတွေကို ထိန်း ကျောင်းပေးတဲ့ ဝန်ဆောင်မှုဆိုတာ အလွန်အင် မတန် တာဝန်ကြီးလှပါပေတယ်။ တာဝန်ကြီး တာဖြစ်သလို တာဝန်ရှိတယ်ဆိုတာလည်း လက် ခံပြီး သိနားလည်ရမှာပါ။ မိမိစီးပွားရေးအရ မူ ကြိုကျောင်းထောင်၊ ကိုယ်ပိုင်မူလတန်းကျောင်း ထောင်ပြီး အပေါ်ယံ Facilities နဲ့ မိဘများကို မျှားခေါ်၊ ရင်သွေးငယ်လေးတွေကိုတော့ လခ စား (အရည်အသွေး မတောက်တစ်ခေါက်) ဆရာမလေးတွေနဲ့ ထားမယ်ဆိုရင် မဖြစ်သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ Facilities ပေးနိုင်သလို ရင် သွေးငယ်လေးတွေ အတွက်လည်း တကယ့်မိ ခင်၊ အစ်မကြီး၊ ဆွေမျိုးရင်းချာက မေတ္တာ၊ အ ကြင်နာ၊ နွေးထွေးမှုပေးကြသလိုကို ပေးစေချင် တာပါ။ ထပ်တူနီးပါးပေးနိုင်၊ လုပ်နိုင်လေလေ၊ မူကြိုနဲ့ KG လုပ်ငန်းဆိုတာ ကုသိုလ်လည်းရ ဝမ်းလည်းဝလေလေပါပဲ။
.
နိဂုံးချုပ်ပါရစေ။ ၅ နှစ်အထိ ကလေးသူ ငယ်ဆိုတာ ဖြစ်နိုင်ရင် မိခင်အရင်း (သို့)ဖခင် အရင်းနဲ့ နေထိုင်ပြီး ထိန်းကျောင်း သင်ပြနိုင်ရင် အကောင်းဆုံးပါ။ အခြေအနေအရ မူကြိုပို့ချင် ကြပြီဆိုရင်လည်း အစစ အရာရာ စဉ်းစားကြ ဖို့ပါပဲ။ ဒီလိုပါပဲ ဝန်ဆောင်မှုလုပ်ငန်းကို လုပ် ဆောင်ကြမည့်သူများကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြစေချင်ပါတယ်။ ဒီနေ့ အများ သူငါ ပြောနေကြတဲ့ ပညာရေးစနစ်ထဲမှာ 'မူ ကြို၊ KG ပညာရေး'ဟာ တကယ့်အနူးညံ့ဆုံး အပိုင်း၊ အရေးအကြီးဆုံး ကဏ္ဍမှာ ပါတယ်ဆို တာ မမေ့စေချင်ပါဘူး။ တက္ကသိုလ်ဝင်တန်း (၁ဝ)တန်းထက် မူကြို၊ KG က ပိုအရေးပါနေ တာပါ။ ဒီ အရွယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ ကိုယ်ကာယပိုင်ဆိုင်ရာ ချို့ ယွင်းတိမ်းစောင်းမှုတွေဟာ တိုင်းပြည်ရဲ့ ပညာ ရေးမှာ လူမှုရေးနယ်ပယ်မှာ ဘယ်လောက်အ ရေးပါနေတယ်ဆိုတာ တင်ပြလိုက်ရကြောင်းပါ ဗျာ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats