အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) မှ အောင်ပန်းရှိ အလုပ်ရှင်နှင့် အလုပ်သမားကိစ္စရပ်များအား မှတ်တမ်းတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) မှ အောင်ပန်းရှိ အလုပ်ရှင်နှင့် အလုပ်သမားကိစ္စရပ်များအား မှတ်တမ်းတင်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ရန်ကုန်)မှ Consultant ဦးအောင်မြိုင်ဌေးနှင့် ကနေဒါနိုင်ငံသူ Ms Cassandre ၊ ဆက်သွယ်ရေးပြန်ကြားရေးတာဝန်ခံတို့သည် စက်တင်ဘာ ၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့သို့ ရောက်ရှိလာပြီး ပွဲရုံများရှိ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးအခြေအနေများကိုမေးမြန်းစုံစမ်း မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
.
.
"အလုပ်သမားတွေ နှာခေါင်းထဲ ဖုန်မှုန့်တွေ မဝင်အောင် ဘာလုပ်ပေးသလဲ၊ မကျန်းမာရင်ရော ဘယ်လိုလုပ်ပေးသလဲ၊ ကုန်တင်ကုန်ချ ခါးနာတာတွေ မဖြစ်အောင် စက်ကိရိယာအကူအညီယူသင့်ကြောင်း စတဲ့အချက်တွေ ပြောသွားတာပါ"ဟု ဦးရွှေသီး ဓာတ်မြေသြဇာရောင်းဝယ်ရေးနှင်း ဂျင်းပွဲရုံပိုင်ရှင် ဦးရွှေသီးက ကမ္ဘောဇတိုင်းသို့ပြောကြားသည်။
.
ဦးရွှေသီးအနေဖြင့် အလုပ်သမားများအား နှာခေါင်းအတွင်းသို့ ဖုန်မှုန့်၊ ဂျင်းမှုန့်၊ နနွင်းမှုန့်များမဝင်ရန် နှာခေါင်းကာများ  ဝယ်ယူတတ်ဆင်ပေးကြောင်း၊ အလုပ်သများများ ဖျားနာပါက သင့်တင့်သည့် ငွေကြေးထောက်ပံ့ပေးကြောင်း၊ ကုန်တင်ကုန် ချရာတွင်အသုံးပြုသည့် ဟိုက်ဒရောလစ် စက်မျိုးကိုမူ သုံးစွဲနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
.
အဆိုပါ ILO အဖွဲ့သည် စက်တင်ဘာလ ၄ ရက်ညနေပိုင်းတွင် မုံရွာ (ဂျင်း)ပွဲရုံသို့ ရောက်ရှိလာပြီး အလားတူ မေးခွန်းမျိုးများကို မေးမြန်းသွားကြောင်း ပွဲရုံပိုင်ရှင် ဦးဝင်းနိုင်ထံက သိရှိရသည်။
.
"ILO ကဖွင့်တဲ့သင်တန်းတွေက ဘာအသိတွေရခဲ့လဲ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို ဘယ်လိုဆောင်ရွက်ထားသလဲ ဆိုတာတွေ မေးပြီး မှတ်တမ်းတင်ဗီဒီယိုရိုက်ယူသွားပါတယ်"ဟု ဦးဝင်းနိုင်က ပြောသည်။
.
အဆိုပါအဖွဲ့သည် ညောင်ရွှေသို့ ဆက်လက်ထွက်ခွာ လေ့လာရန်ရှိကြောင်း သိရှိရသည်။
.
၎င်းတို့မှတ်တမ်းတင်လေ့လာမှုပြုသည့် အနေအထားမှာ ဂျင်း၊ နနွင်း၊ ဂျင်းခြောက်၊ ပိုးသတ်ဆေး ပွဲရုံများသို့သာ ရွေးချယ်၍ ၀င်ရောက် မှတ်တမ်းတင် မေးမြန်းခြင်းဖြစ်ရာ အလုပ်ရှင်နှင့်အလုပ်သမား ဆက်ဆံရေးနှင့် အလုပ်သမားများ၏လိုအပ်ချက်ကို အလုပ်ရှင်များက ဖြည့်ဆည်းပေးမှုရှိ/မရှိ ၊ ILO မှ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် မည်သည့်လုပ်ငန်းများ ရှိ/မရှိကို လာရောက်ဆန်းစစ်သည့် သဘောဟုယူဆကြောင်း ဦးရွှေသီးနှင့်ပွဲရုံပိုင်ရှင်များကပြောသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats