Cherry FM မှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ အလှူငွေများ ပေးအပ် လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Cherry FM မှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ အလှူငွေများ ပေးအပ် လှူဒါန်း



သန်းဝေ(တောင်ကြီး)၊ တောင်ကြီး
.
ရှမ်းပြည်နယ်ကိုယ်စားပြု Cherry FM အသံလွှင့်ဌာန ၉ နှစ်မြောက် အထိမ်းအမှတ် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးသို့ အလှူငွေ ၁ဝ၅ သိန်း ကျပ် လှူဒါန်းပွဲကို စက်တင်ဘာလ ၁ ရက်၊ နေ့လယ် ၂ နာရီက တောင်ကြီး အရှေ့မြို့ပတ်လမ်း၊ ကန်ရှေ့ရပ်(ူငညည) စားသောက်ဆိုင် ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
.
.
အခမ်းအနားတွင် Cherry FM အသံလွှင့်ဌာန ဒေသခံတာဝန်ခံ ဦးသန်းထွေးဇော်နှင့် ဝန်ထမ်းများ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံ၊ ဒုဆေးရုံအုပ် ဒေါက်တာ ဝင်းနိုင်နှင့် ဆရာဝန်များ၊ သူနာပြုဝန် ထမ်းများ တက်ရောက် ခဲ့ကြပြီး Cherry FM ရှမ်းပြည်နယ်တာဝန်ခံ ဦးသန်းထွေးဇော်က ဒေသခံအားပေး ကြသော တိုင်းရင်းသား မိဘပြည်သူ များကို ကျေးဇူးဆပ်သောအားဖြင့် Cherry FM က နှစ်စဉ် အသံလွှင့် လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များကို လိုအပ်သော ကျန်းမာရေးဝန်ဆောင် မှုပေးနေသော တောင်ကြီးစဝ်စံထွန်း ဆေးရုံကြီးသို့ တတိယအကြိမ်မြောက် ပေးလှူခြင်း ဖြစ်ပါကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
အလှူငွေ ၁ဝ၅ သိန်းကျပ်ကို တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံလက်သို့ ပေး အပ်လှူဒါန်း လိုက်ပြီး စဝ်စံထွန်းဆေးရုံ အုပ်ကြီးက စဝ်စံထွန်းဆေးရုံအတွင်း သောက်သုံးရေ ဖူလုံနိုင်ရေးအတွက် စက်ရေတွင်း တူးခြင်း၊ ရေလှောင်ကန် ပြုလုပ်ခြင်းများတွင် သုံးစွဲမည်ဖြစ် ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats