မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့နယ်၊ နားယောင်းကျေးရွာအုပ်စု၊
မိုက်ဟွန်ဆန်ခါကျေးရွာအနီးရှိ တောအတွင်း မိတ်သလင်းသီးခူးသည့် အမျိုးသမီး တစ်ဦးအား
တောင်ယာတဲအတွင်း ခေါ်ယူခြိမ်းခြောက်၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သည် ညီအစ်ကိုယ်
၂ ဦးကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း အမှုဖွင့်အရေးယူ ထားကြောင်း တာလေနယ်မြေရဲစခန်းမှ
သိရသည်။
.
.
စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက အသက် ၄၂ နှစ်ရှိ အမျိုသမီးတစ်ဦးသည်
တောထဲတွင် မိတ်သလင်သီး ခူးပြီး ညနေ ၄ နာရီကျော်ခန့် တွင် ရွာသို့ပြန်လာစဉ် အားတု၏ တောင်ယာရှေ့အရောက်၌
အားတုမှ ၎င်း၏ တောင်ယာတွင်အတွင်း ယင်းအမျိုးသမီး၏ ဝက်များ ဝင်နေသဖြင့် မောင်းထုတ်ပေးရန်နှင့်
ငရုတ်သီးများ ခူးစားရန် ပြောဆိုသဖြင့် အမျိုးသမီးမှ ဝက်မောင်းပြီး ငရုတ်သီးများ ခူးနေစဉ်
အားတုက ငရုတ်သီးသူခိုး မိထားကြောင်း ၎င်း၏အစ်ကိုဖြစ်သူ လီယာအား ဖုန်းဆက်ခေါ်ကာ အမျိုးသမီးအား
ချုပ်နှောင်၍ အစ်ကိုဖြစ်သူ လီယာမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ကာ ခြိမ်းခြောက်
ပြောဆိုခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ သားမယားအဖြစ် ပြုကျင့်မှုနှင့် ပတ်သက်၍ အားတု (၃၅ နှစ်)နှင့်
လီယာ (၃၅ နှစ်)၊ မိုက်ဟွန်ဆန်ခါရွာ၊ နားယောင်းအုပ်စု၊ တာလေမြို့နေသူတို့ ၂ ဦးအား တာလေ နယ်မြေရဲစခန်းတွင် (ပ)၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ
၃၅၄/၃၇၆/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan