စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း ၂၀၁၅ ခုနှစ်မှ
၂၀၁၈ ခုနှစ် ဇူလိုင်လအထိ နိုင်ငံခြားသားများထံမှ အင်းလေးကန်ဇုန်ဝင်ကြေး အဖြစ် ငွေကျပ်
၄၀၃ ဘီလီယံကျော် ကောက်ခံရရှိခဲ့ကြောင်းသိရသည်။
.
.
ယင်းကောက်ခံရရှိမှုငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဘဏ္ဍာရံပုံငွေအဖြစ်
ထည့်သွင်းထားကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်
(၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး၊ ဒုတိယနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း
နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်မှ ယနေ့အထိ ရှမ်းပြည်နယ်အတွင်းရှိ ထင်ရှားကျော်ကြား
သော ဒေသအသီးသီးသို့ လာရောက်လေ့လာ ကြသည့် နိုင်ငံခြားသား ခရီးသည်၊ နိုင်ငံခြားသားခရီးသွားလုပ်ငန်းနှင့်
စပ်လျဉ်းသည့်မေးခွန်းကို လွှတ်တော် အစည်းအဝေးတွင်
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ)
ဦးညီလေးချမ်းမှ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည်နယ်ဝန်ကြီးမှ ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ကောက်ခံရရှိမှုငွေများကို အင်းလေးဒေသဘက်စုံဖွံဖြိုးရေးနှင့်
အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အင်းလေးကန်ဇုန်ဝင်ကြေး ကောက်ခံရေးကော်မတီရုံး
ဝန်ထမ်းလစာများ၊ အသုံးစရိတ်များ၊ အင်းလေးကန် ခရီး သွားလုပ်ငန်းခရီးသွားဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများနှင့် လူထုအခြေပြုလုပ်ငန်းများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တို့အတွက် ပြန်လည်သုံးစွဲရန်
လျာထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလော၊ တာချီလိတ်၊
ကျိုင်းတုံ၊ မိုင်းလား၊ မူဆယ်၊ 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့
ဝင်ရောက်လေ့လာသည့် နိုင်ငံခြားသားခရီးသွား များမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိတွင် ၁၆၅၁၆၉
ဦးရှိခဲ့ကြောင်း သိရသည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သို့လာရောက်ကြသည့်
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများထံမှ မြို့ဝင်ကြေးအဖြစ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင်အမေရိကန်ဒေါ်လာ
၂ ဒေါ်လာ ဖြင့်လည်းကောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင် ၅ ဒေါ်လာ နှုန်းဖြင့်တိုးမြှင့်ကောက်ခံခဲ့ရာ
၂၀၁၅ ခုနှစ်မှ ၂၀၁၈ခုနှစ် ဇူလိုင်လ အထိတွင် ၁၈၆၁၄၆၇၀၀ ကျပ် ကောက်ခံရရှိခဲ့ကြောင်း၊
'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းသို့ နိုင်ငံကူးလက်မှတ်ဖြင့် လာရောက်လည်ပတ်သည့်
ခရီးသွားဧည့်သည်မှာ ၁၀ ဦးရှိပြီး ၎င်းတို့မှာလာရောက် လည်ပတ်ခြင်းမဟုတ်ဘဲ လုပ်ငန်း ဆောင်ရွက်ရန်အတွက်
လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကာလအတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ဝင်ရောက်လည်ပတ်ခဲ့သည့်နိုင်ငံခြားသားများမှာ
၆၁၂၄ ဦး၊ အင်းလေးဒေသတွင် ၉၃၇၃၄၇ ဦး၊ ပင်းတယမြို့နယ်တွင် ၂၀၃၄ ဦး၊ ကလောမြို့နယ်တွင်
၁၂၈၀၅ ဦး၊ တာချီလိတ်တွင် ၃၁၆၇၉ ဦး၊ ကျိုင်းတုံတွင် ၉၆၆၆၅ ဦး၊ မူဆယ်တွင် ၃၅၀ ဦး၊
လားရှိုးတွင် ၈၇၇၅ ဦးရှိပြီး နယ်စပ် ဝင်ပေါက်များဖြစ်သော မူဆယ်တွင် ၂၁၉၀ ဦး၊ လားရှိုးတွင်
၄၂၆၄၅ဦး၊ မိုင်းလားတွင် ၃၃၇၃၆ ၀င်ရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင်လည်း ခရီးစဉ်ရေးဆွဲမှုများကို
အကောင်အထည်ဖော်ကာ ရပ်ရွာ အခြေပြုလုပ်ငန်းများ အနေဖြင့်လည်း ဆောင်ရွက်ရန်လျာထားကြောင်း
သိရသည်။
.
.
.
#KBZTai #Shan