တိုက်မောင်း
.
ပြည်သူနဲ့အတူ မွေးဖွားလာသော အစိုးရ သို့မဟုတ် ဒီမိုကရေစီ အစိုးရဟု
ခေါ်ဆိုရပေလိမ့် မည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီအစိုးရသည် ပြည်သူလူထု၏ မဲများဖြင့်
အနိုင်ရလာသော ပါတီ ကိုယ်စားလှယ်များ၊ အမတ်များဖြင့် အများစုက ဖွဲ့စည်းထားခြင်းလည်း
ဖြစ်သည်။ နိုင်ငံတော်အား စီမံခန့်ခွဲ ပိုင်ခွင့်အာဏာကိုလည်း အပြည့်အဝ ရ ရှိနေချိန်လည်း
ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူလူ ထု၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေ ရေး၊ စီးပွားရေးလုပ်ငန်း
အခွင့်အလမ်းများ မျှမျှ တတ လုပ်ကိုင်ခွင့် ရရှိရေး အခြေခံ အဆောက် အဦများ ဖွံ့ဖြိုးတိုးတက်လာပြီး
ကျန်းမာရေး၊ ပ ညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်
ဖန်တီးတည် ဆောက်နိုင်ရေးတို့ကို အစိုးရအဖွဲ့က လက်ရှိတာ ဝန်ယူနေစဉ် ကာလတွင် ယခင်အခြေအနေထက်
ပိုကောင်းအောင် ဆောင်ရွက်ပေးကြရန် တာဝန် ရှိသည်။
.
အနှစ်နှစ်အလလ ကြာမြင့်စွာ ဆင်းရဲတွင်းထဲ က ရုန်းမထွက်နိုင်ခဲ့သော
ပြည်သူများမှာ မျှော်လင့်ချက် ကြီးစွာဖြင့် လက်ရှိအစိုးရတာဝန်ယူနေ ကြရသူများကို ပါတီကိုယ်စားလှယ်များ
ဘဝက ပင် သူတို့၏ လက်သန်းများဖြင့် အရင်းအနှီးပြု လုပ်ပြီး မဲပေးရွေးချယ်ခဲ့ကြသည်။ ပြည်သူများတွင်
လိုအပ်ချက်များစွာ ရှိသည်ကို ပြည်သူ့အသံများ အား နားထောင်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။
မြို့ပြနှင့် ကျေးလက်နေ ပြည်သူများ၏ လိုအပ် ချက်မှာ မတူညီနိုင်ပါ။ လမ်းပန်းဆက်သွယ်ရေး
အဆင်ပြေ ချောမွေ့စေရေးမှာ တစ်နိုင်ငံလုံး၏ လိုအပ်ချက် ဖြစ်သလို၊ လျှပ်စစ်မီး ရရှိရန်
လိုအပ် ချက်မှာ မြို့ပြထက် ကျေးလက်နေဒေသများတွင် ပိုမို၍ လိုအပ်နေမည် ဖြစ်သော်လည်း
လျှပ်စစ်မီး သုံးစွဲမှု ပမာဏမှာ ကျေးလက်ထက် မြို့ပြက ပိုမို လိုအပ်နေပြန်သည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍ
မှာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်၍ ကွန်ရက်သဖွယ် ချိတ်ဆက်သွားလာနိုင်ပါက ကုန်စည်စီးဆင်းမှု
ပို မိုမြန်ဆန်လာပြီး လူနေမှုစရိတ်များလည်း သက် သာလာမည် ဖြစ်ပါသည်။ ပညာရေးနှင့် ပတ်
သက်၍ အသက်မွေးဝမ်းကျောင်းမှု လွယ်ကူကာ ဘွဲ့တစ်ခုခု ရရှိပြီးပါက အလုပ်အကိုင် အခွင့်အ
လမ်းပါ အာမခံချက် ပေးနိုင်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာတတ်လူငယ်များကို
တောရောမြို့ပါ မွေးထုတ်ပေးနိုင်သော ပညာရေး စနစ်မျိုးကို ဦးစားပေး ထူထောင်ကြရပါမည်။
ယ ခင်က နိုင်ငံတွင်း၌ အလုပ်အကိုင် အခွင့်အလမ်း များ နည်းပါးသဖြင့် ဘွဲ့ရလူငယ်များ တစ်နည်း
အားဖြင့် လူ့စွမ်းအားအရင်းအမြစ်များသည် အ ခြားတိုင်းပြည်များသို့ ဝမ်းနည်းဖွယ်ကောင်းစွာ
ရွှေ့ပြောင်းသွားရောက်ကြ၍ နိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် လုပ်အားများ ပဲ့ပါနေကြောင်းကို
သတိ ပြုရန် လိုအပ်ပါသည်။
ကျေးလက်က လယ်သမားများအဖို့ သူတို့ စိုက်ပျိုးလိုက်သည့် သီးနှံများကို
ရောဂါပိုးမွှားများ ကင်းစင်ပြီး အရည်အသွေး ပြည့်မီစွာဖြင့် အချိန် မီ ရိတ်သိမ်းနိုင်ရေးသည်
ပထမဦးစားပေး ကိစ္စ ပင် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ပိုလျှံသော ကောက်ပဲသီးနှံများအား ဈေးကောင်းကောင်းဖြင့်
အလွယ်တကူ ရောင်းချနိုင်သော ဈေးကွက်များ ဖော်ဆောင်ပေးရေး ဖြစ်ပါသည်။ မိုးနည်းသော ဒေသများတွင်
အချိန်မီစိုက်ပျိုးရေ ရရှိရေးအတွက် ဆည်မြောင်းတာတမံများ တည်ဆောက်ပေးနေသ ကဲ့သို့ သက်ဆိုင်ရာ
အစိုးရဝန်ကြီးဌာနများက လက်တွေ့ကျပြီး အမှန်တကယ် အကောင်အထည် ဖော်နိုင်မည့် ရေရှည်/ရေတို
စီမံချက်များ ချမှတ် ၍ လိုအပ်လာမည့် ဘတ်ဂျက်များကို ကြိုတင်ရေး ဆွဲထားကြရပါမည်။ မိမိတို့
နိုင်ငံသည် ကျေးလက် တွင် နေထိုင်သော ပြည်သူက ၇ဝ ရာခိုင်နှုန်း ရှိနေသဖြင့် သူတို့၏ လူနေမှုဘဝများ
တိုးတက် မြင့်မားလာမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နေ သည်ဟု ဆိုနိုင်မည် ဖြစ်သည်။
နည်းပညာများ အလျင်အမြန် တစ်ဟုန်းထိုး ဖွံ့ဖြိုးလာ၍ တယ်လီ ဖုန်းကို လူတိုင်းနီးပါး အသုံးပြုလာနိုင်ကြသလို အင်တာနက်မှ သတင်းအချက်အလက်များကို လည်း မြို့ပြများနည်းတူ
အချိန်မီ သိရှိနေကြပြီ ဖြစ်သည်။ ကျေးလက်နေ ပြည်သူများတွင်လည်း လိုအင်ဆန္ဒများ ပိုမိုများပြားလာကြပြီ
ဖြစ်သည်။ သို့ဖြစ်၍ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အလုပ် လုပ်ကိုင်နေကြသူများ တိုးပွားလာနေသဖြင့်
တော ရွာများတွင် လယ်ယာလုပ်သားများလည်း တဖြည်း ဖြည်း ရှားပါးလာနေပါပြီ။ လယ်ယာလုပ်သားများ
မရှိပါက စပါးစိုက်ပျိုးမည့် သူများခက်ခဲလာပြီး စိုက်ပျိုးရေးကဏ္ဍကို အဓိက လုပ်ကိုင်နေသည့်
နိုင်ငံအဖို့ ဆန်စပါးထွက်နှုန်းများပါ ကျဆင်းလာ နိုင်ပါသည်။ ဆန်ထွက်နှုန်း ကျဆင်းလာပါက
ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျလာပြီး နိုင်ငံခြား ငွေ ရရှိမှုပါ ကျွဲကူးရေပါ ဆိုသလို
ကျဆင်းလာ တော့မည်ကို သတိပြုကြရပါမည်။ ကျေးလက်နေ လူငယ်များအား ခေတ်မီလယ်ယာ စိုက်ပျိုးစနစ်
များ သိရှိအောင်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးနိုင်အောင် လက်မှုလယ်ယာမှ
စက်မှုလယ် ယာသို့ တဖြည်းဖြည်းချင်း ကူးပြောင်းလုပ်ကိုင်လာ နိုင်အောင် သက်ဆိုင်ရာဌာနများမှ
ကူညီပံ့ပိုးပေး ကြရန်လိုပါသည်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာ ပါက မြို့ပြသို့ ပြောင်းရွှေ့မှုများ
နည်းပါးလာပြီး မြို့ပြနေ လူဦးရေ ထူထပ်မှုနှင့် ကျူးကျော်ပြဿ နာများပါ လျော့ကျလာနိုင်ပါသည်။
.သူဌေးသူကြွယ်များ စီးပွားရေးလုပ်ငန်းရှင်များ သည် ပြည့်ဝမ်းဗိုက်များ
ဖြစ်ကြသည်။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံတော်
သို့မဟုတ် နိုင်ငံ သားများကို ချမ်းသာလာအောင် ဆောင်ရွက်ပေး ခြင်း ဖြစ်သည်။ နိုင်ငံသားများ၏
တစ်ဦးချင်း ဝင် ငွေမြင့်မားလာဖို့ လိုသည်။ အလုပ်လက်မဲ့ နှုန်း လျှော့ချနိုင်ပြီး လူတိုင်းအလုပ်အကိုင်
အခွင့်များ ရရှိအောင် အစိုးရတွင် စီးပွားရေးမူဝါဒကောင်းများ ချမှတ်ထားရန် လိုသည်။ လုပ်ငန်းရှင်များအတွက်
လုပ်သာကိုင်သာသော စီးပွားရေးအခွင့်အလမ်း များကို ဖန်တီးပေးထားရမည်။ အခွင့်အလမ်းများ
သည် လက်တစ်ဆုပ်စာ လူတစ်စုအတွက် မဖြစ် စေရ၊ မှန်မှန်ကန်ကန် ယှဉ်ပြိုင်နိုင်သော အခြေအ
နေမျိုးကို ပွင့်လင်းမြင်သာစွာ လူတိုင်းပါဝင်နိုင်ခွင့် ရှိရမည်။
.
ကြိုးနီစနစ်ကို တဖြည်းဖြည်းချင်း ပြုပြင် ပြောင်းလဲဖို့ လိုသည်။
သတ်မှတ်ချိန်အတွင်း ရုံး လုပ်ငန်းများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်လာ နိုင်အောင် ခေတ်စနစ်နှင့်
မကိုက်ညီတော့သော ဗျူရိုကရေစီ ယန္တရားမှ လုပ်နည်းကိုင်နည်း အ ဟောင်းများကို ပြင်သင့်တာပြင်၊
ဖျက်သင့်တာ ဖျက်၍ အစားထိုးသင့်သည်များကို အသစ်အစား ထိုးကြရန် လိုသည်။ အဟောင်းသံသရာထဲမှ
ရဲရဲ ရုန်းထွက်ကြရမည်။ အချိန်နှင့်ဒီရေသည် လူကို မစောင့်ဆိုသကဲ့သို့ နည်းပညာများ လျှင်လျှင်မြန်
မြန် တိုးတက်လာသော ခေတ်တွင် အချိန်သည် ငွေ ဖြစ်လာ၏။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန်အ
တွက် နိုင်ငံတော်အစိုးရ၏ မူဝါဒများ အရေးကြီး သကဲ့သို့ လုပ်ငန်းရှင်များ၏ စီးပွားရေး
ကျင့်ဝတ် အပေါ် လိုက်နာလုပ်ဆောင်မှုသည်လည်း အခရာ ကျနေပါသည်။ နိုင်ငံတော်သို့ ပေးသင့်ပေးထိုက်
သည့် အခွန်အခများကို ပြည့်ပြည့်ဝဝ ပေးသွင်း ကြရန် လို၏။ တရားမဝင် ကုန်သွယ်မှုလုပ်ငန်း
များကို ရှောင်ကြဉ်၍ ဥပဒေနှင့်အညီ လုပ်ဆောင် ကြရန် လို၏။ လာဘ်ပေးလာဘ်ယူမှုများ ကင်း
ရှင်းပြီး အဂတိလိုက်စားမှုများ လျော့နည်းလာ အောင် လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြရန် လို၏။ အစိုးရ၊ လုပ်ငန်းရှင် ပြည်သူ၊ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတို့
ညီ ညွတ်လာပါက နိုင်ငံတော်၏ စီးပွားရေးသည် ဖွံ့ ဖြိုးတိုးတက်လာရန် အချိန်သိပ်မလိုတော့။
.
ပြည်သူလူထုသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နိုင်ငံတော်အတွင်း၌
မှီတင်းနေထိုင်လိုကြ၏။ ဖြစ်နိုင် လျှင် သေနတ်သံများ မကြားလိုကြ။ ခေါင်းပြား ပြားအိပ်လိုကြ၏။
တပ်မတော်နှင့် ဃြဗ လက် မှတ်မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်း များကြားရှိ စစ်ပွဲများကို
အမြန်ရပ်စေလိုကြ၏။ စားပွဲဝိုင်းများပေါ်တွင် မြန်မြန်အဖြေရှာ၍ တွေ့စေ လိုကြ၏။ သို့မှသာ
နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာ ယာလာပြီး တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို တောရောမြို့ပါ
ဖြန့်ကြက်ဆောင်ရွက်လာနိုင်မည် မဟုတ်ပါလား။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရွေ့ ရှေ့ရောက်ရန်သည်လည်း
ပြည်သူများ၏ မျှော် လင့်ချက် ရောင်ခြည်ဖြစ်နေ၏။
.
ပြည်သူအများစုသည် ဥပဒေဘောင်အတွင်း ၌ အေးအေးချမ်းချမ်းဖြင့် နေထိုင်လိုကြ၏။
ဥပ ဒေများ ပြုပြင်ရန် အသစ်ရေးဆွဲရန်အတွက် ဒီ မိုကရေစီ စနစ်တွင် လွှတ်တော်များ၏ အဓိက
တာဝန်ဖြစ်ပါသည်။ ဥပဒေများ ပြဌာန်းထုတ်ပြန် ပြီးပါက ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်
သိ ရှိနားလည်လာအောင် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပညာပေးဆောင်ရွက်ကြရန်
လို၏။ ဥပဒေများကို ပြည်သူများနှင့် ရင်းနှီးကျွမ်း ဝင်လာအောင် တောရောမြို့ပါ တစ်ချိန်တည်း
တစ်ပြိုင်တည်း နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် သင့်၏။ ဥပဒေကို ကိုင်စွဲ၍ အသုံးပြုကြမည့်
ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း မိမိတို့နှင့် နေစဉ် ထိတွေ့မှု ရှိနေသည့်ပြည်သူများအား
ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အကြောင်းကို ဂဃနဏ ရှင်းပြပေးကြရန် တာဝန်ရှိပါသည်။
.
ပြည်သူများက ဥပဒေကို နားလည်နေရုံနှင့် မပြီးသေး။ လိုက်နာကြရန်လည်း
လို၏။ စည်း ကမ်းလိုက်နာ ဘေးကင်းကွာ ဆိုသည့်စကားအ တိုင်း ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည်သာ
ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တစ်ခုကို ထူ ထောင်နိုင်ကြမည် ဖြစ်ပါသည်။ ဝန်ထမ်းများက
လည်း ဥပဒေနှင့်အညီ ပြည်သူလူထုကို ဝန်ဆောင် မှု ပေးကြရန် လိုပါသည်။ ဥပဒေကို လက်တစ် လုံးခြားလုပ်၍
အဂတိလိုက်စားခြင်း မပြုလုပ်ကြ ဘဲ အထူးရှောင်ကြဉ်ကြရန် လိုသည်။ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်
ကျင့်သုံးနေ သော ဌာနဆိုင်ရာဝန်ထမ်းများရော ဥပဒေကို လိုက်နာကြရမည့် ပြည်သူများပါ ဥပဒေနှင့်အညီ
နေထိုင်လာနိုင်ကြပြီ ဆိုပါက နိုင်ငံအတွင်း၌ တ ရားဥပဒေ စိုးမိုးမှုရှိလာပြီး အမှုအခင်းများ
လျော့ နည်းကျဆင်းလာမည် ဖြစ်ပါသည်။ ပြည်သူများ အားလုံး ဒီမိုကရေစီစနစ်နှင့် အံကိုက်သော
အ လေ့အထများဖြင့် တဖြည်းဖြည်း နေသားကျလာပါ က ကျွန်တော်တို့ အနှစ်နှစ်အလလက မျှော်လင့်
ခဲ့ရသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် အ မြန်ပေါ်ထွန်းလာရမည်မှာ မြေကြီးလက်ခတ် မလွဲ
နိုင်ပါ။
.
ဒီမိုကရေစီစနစ်သညှ်အေုန့သိုနမ များ အားလုံးက အပိုင်းလိုက် အပိုင်းလိုက်
တာဝန်ယူ တာဝန်ခံပြီး တက်တက်ကြွကြွ စုပေါင်းလုပ်ဆောင် ကြရခြင်း ဖြစ်သည်။ အစိုးရသည် ဒရိုင်ဘာဖြစ်
မည်ဆိုလျှင် ဝန်ထမ်းများသည် ကားအင်ဂျင် ဖြစ် လိမ့်မည်။ ပြည်သူများသည် ကားပေါ်တွင် ပါလာ
သော ခရီးသည်များလည်း ဖြစ်နိုင်သလို စပယ် ယာတာဝန်ကိုလည်း တစ်ခါတရံ ထမ်းဆောင်ကြရ ပေလိမ့်မည်။
ကားတစ်စီးတွင် အင်ဂျင်ကောင်းရန် လိုသလို၊ လိုရာခရီးကို အချိန်မီ ဘေးမသီရန် မခ ရောက်စေဖို့
ဒရိုင်ဘာကောင်းရန်လည်း လိုပါ သည်။ လမ်းခရီး၌ တောင်တက်တောင်ဆင်း ရှိ ၍ဖြစ်စေ၊ ရွှံ့ဗွက်နွံနစ်၍
ဖြစ်စေ ကားပေါ်တွင် ပါ လာသော ခရီးသည်ပြည်သူများက ဒရိုင်ဘာနှင့် ကားကိုချည်း အားကိုးမနေဘဲ
လိုအပ်ပါက အား လုံးဆင်းကာ ကူ၍တွန်းတန်လျှင် ကူတွန်းပြီး ရှေ့ မှကြိုးနှင့် ဆွဲတန်လျှင်
ကြိုးနှင့်ကူ၍ ညီညီညာညာ ဆွဲပေးကြရမည်။ ဒရိုင်ဘာနှင့် ကားမှာသာ တာ ဝန်ရှိတာပဲလေ။ ငါတို့နဲ့
မဆိုင်ပါဘူးဆိုပြီး တာဝန် မဲ့သည့် အပြုအမူမျိုးဖြင့် နေသာသလို နေပါက လိုရာခရီးသို့
သတ်မှတ်အချိန်အတွင်း မရောက် နိုင်သည်ကို အထူးသတိပြုကြရန် လိုအပ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်က လူ ထုနှင့် တွေ့ဆုံပွဲများတွင် ပြည်သူအားလုံး၏ စု ပေါင်းအင်အား
အရေးကြီးပုံကို မကြာခဏဆိုသ လို ထည့်သွင်းပြောကြားနေခြင်းလည်း ဖြစ်သည်။
.
ပြည်သူလူထု၏ အင်အားသည် တိုင်းပြည်၏ အင်အားပင် မဟုတ်ပါလား။ ၅၂ သန်းကျော်
သော ပြည်သူအားလုံးက မိမိတို့တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒများ လူတိုင်း
ကိုယ်စီရှိကြမည်မှာ မုချဧကန် အမှန်ပင်။ ပြည်သူ များတွင် မျှော်လင့်ချက် များစွာရှိ၏။
လိုအပ်ချက် များစွာ ရှိ၏။ အချို့ကိစ္စများဟာ ရေရှည် အ ကောင်အထည်ဖော် ဆောင်ရွက်မှသာ အသီးအပွင့်ကို
ခူးယူစားသုံးကြရသည်။ စိတ်ရှည်ဇွဲကောင်း ကြရန် လိုပါသည်။ အစိုးရတစ်ရပ် အားကောင်း မောင်းသန်
ဖြစ်ရန်အတွက် ဝန်ထမ်းများက အဓိ ကပံ့ပိုးရသကဲ့သို့ ပြည်သူများကလည်း အားတက် သရော ပူးပေါင်းဆောင်ရွက်ကြရန်
လိုပါသည်။ ပြည်သူများ၏ မျှော်လင့်ချက် သို့မဟုတ် မဲဆန္ဒ ရှင်များ၏ လိုအပ်ချက်များကို
အစိုးရက တာဝန် ယူစဉ် ကာလအတွင်း ထိုက်သင့်အားလျော်စွာ ဖြည့်ဆည်းအကောင်အထည်ဖော်ပေးနိုင်ခဲ့ပါက
သူတို့၏ လက်သန်းလေးများကို ပြန်ကြည့်ပြီး ကျေ နပ် နှစ်သိမ့်မှုများ အတန်အသင့် ရရှိနိုင်မည်ဖြစ်
ကြောင်း တင်ပြလိုက်ရပါသည်။
.
.
.
#KBZTai #Shan