ကျိုင်းတုံတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်င်ပွဲ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများမှ ဆုရရှိသော ကျောင်းသား/သူများအား ဆုများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်င်ပွဲ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများမှ ဆုရရှိသော ကျောင်းသား/သူများအား ဆုများ ပေးအပ်



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
(၅၂) နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်း က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်ပြုလုပ်ရာ အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့် ကျောင်းသား/သူများ၏ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သော ကျောင်းသား/ကျောင်းသူများအား ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ယူနက်စကို ညွှန်ကြားရေးမှူး ချုပ် Audrey Azoulay ထံမှ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ၊ ပြည်နယ်ပညာ ရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ဖတ်ကြားရာတွင် ၁၉ ရာစုက ကျေးကျွန်စနစ်နှင့် ဥပဒေကို အဆုံးသတ်စေခဲ့ပြီး ကျေးကျွန်ဘဝမှ လွတ်မြောက်လာသည့် အမေရိကန် လူမည်းစာရေးဆရာ Fredric Douglass ဆိုသူက စာတတ်မြောက်လျှင် ထာဝရလွတ်လပ်လိမ့်မည်ဟု ရေးသားခဲ့ကြောင်း ဖတ်ကြားခဲ့သည်။
.
ဆက်လက်ပြီး ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO က ကြီးမှူး၍ အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေးကွန်ဂရက်ကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အကြီး အကဲများ တက်ရောက်ခဲ့ရာ ယင်းနေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသော ကျောင်း သား/သူများအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
"ကျွန်တော် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အားပေးကူညီခဲ့ကြတဲ့ ဖေဖေ၊ မေမေနဲ့ ကျောင်းက ဆရာ/ဆရာမတွေ အားလံးးကို ကျေးဇူးတင်ပါတယ်။ ပိုစတာနဲ့ ပန်းချီဆွဲတာတွေကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါပါတယ်။ ကျောင်းစာအားလပ်ချိန်တွေဆိုရင် ပုံဆွဲနေရတာကု ပျော်ပါတယ်"ဟု ပိုစတာပြိုင်ပွဲ၊ အလယ်တန်း အဆင့်တွင် ဆုရရှိခဲ့သည့် ယန်းလူးအခြေခံပညာအထက်တန်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသား မောင်အားဖောင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း နွေရာသီ စာတတ်မြောက်ရေးလှုပ်ရှားမှုများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျိုင်းတုံမြို့နယ်၊ ၂၀၁၅ ခုနှစ်တွင် တာချီလိတ်မြို့နယ်နှင့် ၂၀၁၆ ခုနှစ်တွင် မိုင်းဖြတ်မြို့နယ်များ၌ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ကျိုင်းတုံခရိုင် စာတတ်မြောက်ရေးလှုပ်ရှားမှုတွင် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်းမြို့နယ်များမှ အရေး၊ အဖတ်၊ အတွက် အခြေခံသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား ၂၆၃၅ ဦးရှိကြောင်း သိရသည်။
.
အဆိုပါ နိုင်ငံတကာ စာတတ်မြောက်ရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ရှမ်းပြည်နယ်ဒုတိယ အုပ်ချုပ်ရေမှူး ဦးရဲနိုင်နှင့် တွဲဘက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)နှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမမများ၊  ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်း သား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats