တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း တစ်ပိုင်တစ်နိုင် ရောင်းချသော ပျံကျဈေးသည်များထံမှ ငွေကြေးကောက်ခံမည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း တစ်ပိုင်တစ်နိုင် ရောင်းချသော ပျံကျဈေးသည်များထံမှ ငွေကြေးကောက်ခံမည် မဟုတ်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလ ၁၅ ရက် မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင် ပွဲတော်အတွင်း တစ်ပိုင်တစ်နိုင် ရောင်းချသော ပျံကျဈေးသည်များထံ မှ ဈေးကောက်အဖြစ် ငွေကြေးလုံးဝ ကောက်ခံမည် မဟုတ်ကြောင်း ပွဲ တော်ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
.
.
တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကွင်းအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ (Public Area)အတွင်း ကွမ်းယာခုံများ၊ လက်တွန်းလှည်းများဖြင့် ရောင်းချသည့် ဈေးသည်များ၊ ခေါင်းရွက် ဗျက်ထိုး ဈေးသည်များစသည့် တစ်ပိုင်တစ်နိုင် ရောင်းချသည့် ဈေးသည်များထံမှ ငွေကြေး ကောက်ခံမည် မဟုတ်ကြောင်း အသိပေးဆိုင်းဘုတ်များ၊ ဗွီနိုင်းများကိုလည်း ပွဲတော်ကွင်း အတွင်းချိတ်ဆွဲကာ အသိပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
''မီးပုံးပျံ လွှတ်တဲ့နေရာ အနီး တဝိုက်ကို အများနဲ့ သက်ဆိုင်တဲ့ နေရာ (Public Area) လို့ သတ်မှတ်ထားတယ်။ အဲဒီနေရာမှာ ဈေး ရောင်းချတဲ့သူတွေဆီက ငွေကြေး ကောက်ခံမှာ မဟုတ်ဘူး။ အရင်နှစ် တွေကလည်း မကောက်ဘူး။ ဒါပေမဲ့ အရင်နှစ်တွေမှာ ဈေးသည်တွေဆီက ငွေကြေး ကောက်ခံတဲ့သူတွေရှိ တယ်။ ဒါကိုလည်း ဒီနှစ်မှာဈေးရောင်း ချတဲ့သူတွေ သိအောင် ငွေကြေး မကောက်ခံဘူးဆိုတာ စာတွေ လိုက် လံကပ်ထားမယ်''ဟု တောင်ကြီး မြို့တော် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ တစ်ပိုင်တစ်နိုင် ဈေးသည်များထံမှ ငွေကြေးကောက်ခံသူ များကို ပွဲတော်စည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့မှ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
အများနှင့် သက်ဆိုင်သည့်နေရာ (Public Area)သည် မီးပုံးပျံ လွှတ် တင်သည့် ကွင်းပတ်လည်ကို သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ မီးပုံးပျံလွှတ်တင်ရာ ပြိုင်ပွဲကွင်း၏ တောင်ဘက်တွင်လည်း ယာဉ်ရပ်နားခ ကောက်ခံမည် မဟုတ်ဘဲ မည်သည့်ယာဉ်မဆို အခမဲ့ လာရောက် ရပ်နားနိုင်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
.
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း အများပြည်သူများ အဆင် ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် အddတွက် လုံခြုံရေးများ အပြည့်အဝ ချထား နိုင်ရေး၊ ယာဉ်ကြောကြပ်တည်း မှုများ မဖြစ်ပေါ်စေရေး ပွဲတော်လာ ဧည့်ပရိသတ်များ အဆင်ပြေချော မွေ့စွာ လည်ပတ်ကြည့်ရှုနိုင်ရေးများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကအဝေရာ မီးပုံးပျံသို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats