မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် တောင်သူများအား
ငွေချေးပေးမည်ဟု ပြောဆို၍ လယ်ယာမြေ ပုံစံ(၇)များကို ယူဆောင်သွားသည်ဟုဆိုကာ အမျိုး သား
၁ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ ကို တောင်သူများမှ သြဂုတ်လ၂၇ ရက်တွင် လိမ်လည်မှုဖြင့်
အမှုဖွင့်လှစ် တိုင်ကြားခဲ့ကြောင်း သိရသည်။
.
.
''၂၇ ရက်မှာ အမှုလာဖွင့်ပါတယ်။ FIR ရေးသွင်းပြီး (ပ) ၁၂၆/၂ဝ၁၈ နဲ့
အမှုဖွင့်ပေးထားပါတယ်''ဟု အောင် ပန်း နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မျိုး လှိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
ပင်းတယမြို့နယ်၊ မိုင်းအင်ကျေး ရွာနေ ဦးတင်ဖေနှင့် အောင်ပန်းမြို့နေ
ဒေါ်တင်တင်ခိုင်ဆိုသူတို့သည် တောင် သူများကို တစ်ဧကလျှင် ငွေကျပ် သိန်း ၃ဝ နှုန်းဖြင့်
ကုမ္ပဏီတစ်ခုမှ ချေး ပေးမည်ဟုပြောဆိုကာ ငွေချေးလိုသူ တောင်သူများ၏ လယ်ယာမြေ လုပ် ကိုင်ခွင့်
ပုံစံ(၇)များအား ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် အောင်ပန်း မြို့၌ တွေ့ဆုံပြီး ဒေါ်တင်တင်ခိုင်မှ
ပုံ စံ(၇) ၉ စောင်၊ ဒေါ်နန်းအိအိမွန်မှ ၆ စောင်၊ ဦးတင်ဖေမှ ၁ စောင်၊ စုစုပေါင်း ၁၆
စောင်ရယူသွားခဲ့ကြောင်း၊ ချေးငွေ ကျပ်သိန်း ၃ဝ ရရှိလျှင် ၃၅ဝဝဝ ကျပ် ပေးအပ်ရန် သဘောတူညီမှုထားရှိခဲ့
ခြင်းဖြစ်ကြောင်း တိုင်ကြားသူတောင် သူ ဦးခင်မောင်မြင့်ထံမှ သိရသည်။
.
ထိုသို့ ပုံစံ (၇)များ ပေးအပ်ပြီး နောက်ပိုင်းတွင် ချေးငွေကျ/မကျ
မေး မြန်းရာမှ တိကျသည့် အဖြေပေးခြင်း မရှိဘဲ အကြိမ်ကြိမ် ချိန်းဆိုနေသည့် အတွက် ကုမ္ပဏီသို့
ဆက်သွယ်မေးမြန်း ရာ ကုမ္ပဏီအနေဖြင့် ချေးငွေချပေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားလာ
သဖြင့် ပုံစံ(၇)များ ပြန်လည်တောင်း ခံရာ အတွေ့မခံဘဲ တိမ်းရှောင်နေသ ဖြင့် တိုင်တန်းရခြင်းဖြစ်သည်ဟု
သိရ သည်။
.
အလားတူ အောင်ပန်းမြို့၊ မိုး ကောင်းရပ်ကွက်မှ မနွယ်နွယ်လတ်က လည်း
တောင်သူများကို ကုမ္ပဏီမှ တစ်ဧကလျှင် ငွေကျပ်သိန်း ၃ဝ စီ ချေးပေးမည်ဟုဆိုကာ လယ်ယာမြေ
ပုံစံ(၇)နှင့် မြေစာရင်းပုံစံ (၁ဝ၅) အ စောင် ၂ဝ ယူဆောင်သွားသူ နန်းခင် မေထွန်းဆိုသူအား
ကုမ္ပဏီမှ အမှန် တကယ်ချေးပေးခြင်းမဟုတ်ကြောင်း သိရှိရသဖြင့် ပုံစံများ ပြန်လည် တောင်းခံရာ
၇ စုံသာ ပြန်လည်ရရှိပြီး ကျန် ၁၃ စုံအား ၆ လကျော်ကြာမြင့် သည်အထိ ပြန်လည်ပေးအပ်ခြင်း
မရှိဘဲ အခြားနေရာတွင် ပေါင်နှံထား ကြောင်း သိရှိရသောကြောင့် အောင် ပန်းနယ်မြေရဲစခန်းတွင်
(ပ)၁၂၅/၁၂၈၊ ပုဒ်မ ၄၂ဝ ဖြင့် သြဂုတ်လ ၂၁ ရက်က အမှုဖွင့်လှစ်ခဲ့ကြောင်း မနွယ်နွယ်လတ်
ထံက သိရသည်။
.
''အဲဒီနေ့ကပဲ အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ တရားရုံးက အာမခံပေး
လိုက်ပါတယ်။ ပုံစံတွေတော့ လက်လွန် ထားလို့ လိုက်သိမ်းနေရပါတယ်။ ဥပ ဒေအရ အရေးယူ ဆောင်ရွက်စရာ
ရှိ တာတွေ လုပ်ဆောင်နေပါတယ်''ဟု အောင်ပန်း နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်သူဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အောင်ပန်းမြို့တွင် ယခုကဲ့သို့ ငွေချေးပေးမည်ဟုဆိုကာ လယ်ယာမြေ ပုံစံ(၇)
ရယူထားသည့်ကိစ္စရပ်များ အ များအပြားရှိနေကြောင်း အမှုဖွင့်တိုင် ကြားခဲ့သည့် တောင်သူများထံမှ
သိရ သည်။
.
.
.
#KBZTai #Shan