ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်း၌
စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ဈေးဝယ်သူ တစ်ဦးထံမှ အမည်မသိအမျိုးသမီးတစ်ဦးက ပစ္စည်းနှိုက်ယူလိုက်သည်ကို
တွေ့မြင်ရသဖြင့် အနီးရှိ ဈေးသူ/ဈေးသား များက ဝိုင်းဝန်းဖမ်းဆီး၍ သက်သေခံပစ္စည်းများနှင့်အတူ
ဈေးခေါင်းရုံးမှတဆင့် ကျိုင်းတုံမြို့မရဲစခန်းသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့်
ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံ တစ်ရာမပြနိုင်သည့် အနီရောင် လယ်သာလက်ကိုင်အိတ်
၁ လုံးနှင့် ယင်းလက်ကိုင်အိတ်အတွင်းမှ မြန်မာငွေ ရောရာ ကျပ် ၃၀၀၀၀၀၊ မအေးတစ်အမည်ပါ
ထိုင်းနိုင်ငံဝင်ခွင့်ကတ်ပြား ၁ ခုတို့ကို သက်သေများရှေ့တွင် ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
"ဈေးထဲမှာ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးဝန်ထမ်းတွေ မပြတ်
ကင်းလှည့်စောင့်ကြပ်ပေးနေပါတယ်။ ခါးပိုက် နှိုက်ခံရတဲ့သတင်းတချို့ ကြားထားလို့လည်း ဈေးသည်တွေ၊
ဈေးဝယ်တွေကို သတိဝီရိယရှိကြဖို့ ကြိုတင်ပြီး လုံခြုံရေး အသိပညာပေးထားတာ ရှိပါတယ်။ အခုတော့
လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာဖြစ်ပါတယ်"ဟု ကျိုင်းတုံ မြို့မဈေး၊ ဈေးခေါင်းရုံးမှ
ဦးဇော်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖမ်းဆီးရမိခဲ့သည့် ခါးပိုက်နှိုက်အမျိုးသမီးမှာ မအေးအမ် (၃၅ နှစ်)၊
ဆန်ဆိုင်း (က) ရပ်ကွက်၊ တာချီလိတ်မြို့ နေသူဖြစ်ပြီး ၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင်
(ပ)၄၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan