ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံမှုနှင့် လူမှုကွန်ရက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံမှုနှင့် လူမှုကွန်ရက်



ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်ဆိုင်ရာ အကောင့်များ အပါအဝင် လူမှုကွန်ရက်အကောင့်များ၊ စာမျက်နှာများကို Facebook မှ ပယ်ဖျက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ တွင် VK ခေါ် VKontakte အသုံးပြုမှု များပြားလာသည်။
.
အချို့က Facebook မှ VK သို့ ပြောင်းသုံးကြသလို အများစုကတော့ အစမ်းသဘောဖြင့် အသုံးပြုလာကြသည်။ မည်သို့ပင်ဆိုစေ ရက်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံအတွင်း ဠု အကောင့်ဖွင့်လှစ်မှုက ရုတ်ချည်း မြင့်တက် လာခဲ့သည်။
.
VK ခေါ် VKontakte လူမှုကွန်ရက်ဝန်ဆောင်မှုကို Pavel Durov အမည်ရှိ စွန့်ဦးတီထွင်သူ တစ်ဦးက ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး စတင်တင်ထောင်စဉ်က တက္ကသိုလ်အသိုင်းအဝိုင်းအတွင်း ဆက်သွယ် ဆောင်ရွက်ရန် အတွက်သာ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး ၂ဝဝ၇ ခုနှစ်အတွင်း အသုံးပြုသူ တစ်သိန်းကျော်အထိ ရှိလာခဲ့ကာ ၂ဝဝ၈ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အကြီးမားဆုံး လူမှုကွန်ရက်တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့သည်။
.
၂ဝ၁၄ ခုနှစ်တွင် စတင်တည်ထောင်သူ Pavel Durov ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သော Mail.ru က ဝယ်ယူခဲ့သည်။ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများနှင့် အခြားသော အကြောင်းများကြောင့် VK ကို ယခုအခါ တရုတ်နှင့် ယူကရိန်း အပါအဝင် နိုင်ငံအများအပြားတွင် ပိတ်ပင်ထားခဲ့သည်ဟု လည်း သိရသည်။
.
တစ်ဖန် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး လူမှုကွန်ရက်ဖြစ်သော Facebook ၏ သမိုင်းကြောင်းကို ပြန်လည် လေ့လာကြည့်ပါက အမေရိကန် ပြည်ထောင်စု၊ ဟားဘတ်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည့် မာခ့်ဇူကာဘတ်နှင့် သူငယ်ချင်းများက စတင်တင်ထောင်ခဲ့ခြင်းဖြစ်ပြီး ဠု ကဲ့သို့ပင် ဟားဘတ်တက္ကသိုလ်အတွင်း အသုံးပြုနိုင်ရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုမှ အဆင့်ဆင့် တိုးတက်ကာ ၂ဝဝ၆ ခုနှစ်တွင် အသက် ၁၃ နှစ် ပြည့်ပြီးသူတိုင်း အသုံးပြု နိုင်သော လူမှုကွန်ရက်တစ်ခု ဖြစ်လာခဲ့သည်။
.
မြန်မာလူမှုကွန်ရက်နယ်ပယ်တွင် အများဆုံး အသုံးပြုနေသော Facebook လူမှုကွန်ရက်စာမျက်နှာသည် ယခုအခါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်လာနေသည်ဟု ယူဆလာခဲ့ပြီး နောက်ပိုင်းတွင် အ ခြား အစားထိုး အသုံးပြုနိုင်သော လူမှုကွန်ရက်တစ်ခုအဖြစ် Facebook နှင့် အသွင်အပြင်၊ အသုံးပြုပုံချင်း ခပ်ဆင်ဆင် တူညီသော ရုရှားနိုင်ငံအခြေစိုက် VK ကို ပြောင်းလဲအသုံးပြုလာကြခြင်းလည်း ဖြစ်သည်။
.
Facebook သည် မူပိုင်ခွင့်ဆိုင်ရာအပြင် အမျိုးမျိုးသော ထိန်းချုပ်မှုများကို စောင့်ကြပ်ကြည့်ရှုနေသော်လည်း အခြား တစ်ဖက်တွင် ရုရှားအခြေစိုက် VK အနေဖြင့် ၎င်းတို့နိုင်ငံ၏ ထိန်းချုပ်မှု အားနည်းသော မူပိုင်ခွင့် ဥပဒေအရ Facebook ထက်စာလျှင် များစွာလွတ်လပ်သည်ဟုလည်း ဆိုနိုင်ပါသည်။ Facebook ထက် အားသာချက်အချို့ ရှိနေသော်လည်း အသုံးပြုသူများအတွက် ကိုယ်ရေးကိုယ်တာ လုံခြုံမှု မည်မျှ အာမခံချက်ပေးစွမ်းနိုင်မည် ဟူသော အချက်မှာ လတ်တလောတွင် ဆုံးဖြတ်ရန် စောလွန်းနေသေးသည်။
.
မည်သို့ပင် ဆိုစေကာမူ Facebook ပင် သုံးသည်ဖြစ်စေ၊ VK ကို အသုံးပြုသည်ဖြစ်စေ လူမှုကွန်ရက် အသုံးပြု နေသမျှတော့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုဆိုသည်မှာ မည်သို့မျှ အာမခံချက် မပေးနိုင်သော အနေအထား တစ်ခုဟု ဆိုရမည်သာ ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့ဖြစ်စဉ်များကို မျက်ခြေမပြတ်စေဖို့ အတွက် လူမှုကွန်ရက် အသုံးပြုခြင်းမှာ လိုအပ်သည်ဟု ဆိုနိုင်သော်လည်း ညောင်သီးလည်းစား၊ လေးညှို့သံလည်း နား ထောင် ဆိုသကဲ့သို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် အခြားသော နည်းပညာဆိုင်ရာ မသမာမှုများကိုလည်း သတိနှင့် ရှောင် ရှားနိုင်ကြရန် လိုအပ်ပါတော့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats