ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့ကို စက်တင်ဘာ လ ၂၁ ရက်က တောင်ကြီးမြို့၊
ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင် ကျင်းပရာ အစည်းအဝေး စတုတ္ထနေ့က မိုင်းပန် မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် တင်သွင်းသည့် လိုင်စင်မဲ့
ယာဉ်များနှင့် ပတ်သက်၍ ပြည်သူလူထု နစ်နာမှုမရှိစေရေးအတွက် အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်
မှတ် ပုံတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ်အစိုးရအား
တိုက်တွန်း ကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည့်အတွက် လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ
ထားရှိရန် ဆုံးဖြတ်ခဲ့ ပါသည်။
.
အဆိုအား မဲခွဲဆုံးဖြတ်ရာ လွှတ်တော်သို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်
၁၁၈ ဦးအနက် ထောက်ခံဆန္ဒမဲပေးသူ ၅၃ ဦး၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၅၈ ဦး၊ ကြားနေ ၆ ဦးနှင့်
ဆန္ဒမဲမပေးသူ ၁ ဦးရှိသည့်အ တွက် ၅ မဲအကွာဖြင့် အဆိုရှုံးနိမ့်ပြီး လွှတ်တော်တွင် မှတ်တမ်းအဖြစ်
ထားရှိရန် လွှတ်တော်ဥက္ကဌမှ ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်အတွင်းသာမက ပြည်သူများအကြားလည်း
အမြင်မတူသော ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး အချို့က အများပြည်သူ ထိခိုက်နစ်နာမှု
မရှိစေရေးအတွက် လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံ တင်ခွင့်ရရေးကို ထောက်ခံသူများ ရှိသကဲ့သို့
တရားဝင်တင်သွင်းလာသော မော်တော်ယာဉ်များကို ဝယ်ယူအသုံးပြု နေသည့် ယာဉ်ပိုင်ရှင်များ
ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးတို့ အတွက် ကိုယ်စားလှယ်တော်
ဦးစိုင်းနောင့်၏ အဆိုကို လက်ခံသူများလည်း ရှိကြပါသည်။
.
လိုင်စင်မဲ့ယာဉ် ပြဿနာသည် အစိုးရအတွက်လည်း အထူးသတိထား ကိုင်တွယ်ရမည့်
ပြဿနာတစ်ရပ် ဖြစ် နေပါသည်။ ယင်းလိုင်စင်မဲ့ မော်တော်ယာဉ်များကို စီးနင်းခွင့်ပေးထားခြင်းအားဖြင့်
မူးယစ်ဆေးဝါး သယ်ဆောင်မှုကဲ့ သို့ တရားမဝင် လုပ်ငန်းများ လုပ်ဆောင်နိုင်သလို ယာဉ်တိုက်မှုများ
အခြားသော မှုခင်းဖြစ်စဉ်များ ဖြစ်ပွားပါကလည်း မှတ်ပုံတင်ထားခြင်း မရှိသည့်အတွက် စုံစမ်းဖော်ထုတ်
အရေးယူရန် ခက်ခဲပြီး ဒုစရိုက်မှုများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် နိုင်ငံတော်အတွက်လည်း
ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဝင်ငွေများ နစ်နာဆုံးရှုံးနေရပါ သည်။
.
လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီး၊ သိမ်းဆည်းမည်ဆိုလျှင်လည်း လိုင်စင်ရှိမော်တော်ယာဉ်
ဝယ်သူစီးနင်းရန် ငွေ ကြေးမတတ်နိုင်သည့်အတွက် ဈေးသက်သက်သာသာဖြင့် ရရှိသည့် လိုင်စင်မဲ့ယာဉ်များကို
ဝယ်ယူစီးနင်း အသုံးပြု နေကြသည့် အခြေခံ လူလတ်တန်းစားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ပြီး
အစိုးရအတွက်လည်း ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းစေမည် ဖြစ်ပါသည်။
.
လိုင်စင်မဲ့ ယာဉ်များကို အများအားဖြင့် ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် အများဆုံး စီးနင်းအသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ယင်း လိုင်စင်မဲ့ယာဉ်များကို အများဆုံးစီးနင်း အသုံးပြုနေသူများမှာ တပ်ဘက်နှင့် အရပ်ဘက်
ဌာနဆိုင်ရာများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုရေး ဘာ သာရေးအဖွဲ့အစည်းများဖြစ်ပြီး
ဝင်ငွေအသင့်အတင့်ရှိ လူလတ်တန်းစား ပြည်သူများသည်လည်း မိသားစုအသုံးပြုရန် အတွက် ဝယ်ယူစီးနင်းနေကြသည်ကို
တွေ့ရမည် ဖြစ်ပါသည်။
.
လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်ရေးတွင် အများစုက ရှုမြင်နေကြသည်မှာ
ပြည်တွင်းသို့ ရောက်ရှိနေ သော Without ယာဉ်များကို ဖမ်းဆီးရေး/ မဖမ်းဆီးရေး၊ ဒေသလိုင်စင်ထုတ်ပေးရေး/
မထုတ်ပေးရေးတို့အ ပေါ်တွင်သာ အဓိကထား အာရုံစိုက်နေသည်ကို တွေ့ရပါသည်။
.
ပြည်တွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းခြင်း/မဖမ်းခြင်းထက်
အရေးကြီးသည့် အချက်တစ်ခုမှာယင်း ကဲ့သို့ လိုင်စင်မဲ့ မော်တော်ယာဉ်များ ပြည်တွင်းသို့
ထပ်မံမဝင်ရောက်ရေးအတွက် စည်းရိုးလုံရန် ဖြစ်ပါသည်။ ပြည် တွင်းတွင် ၁ စီးဖမ်းနေချိန်တွင်
နယ်စပ်၌ ၂ စီး ဝင်နေလျှင်လည်း လိုင်စင်မဲ့ယာဉ်များက ပျောက်မသွားဘဲ ပိုမိုတိုး ပွားလာမည်
ဖြစ်ပါသည်။
.
နယ်စပ်ရှိ တာဝန်ကျဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများ၊ မသိကျိုးကျွံပြုမှုများကြောင့်
ယင်းလိုင်စင်ယာဉ် များက ပြည်တွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ယင်းနယ်စပ်မှ ဝင်ရောက်မှုများကို
တိတိကျကျ ထိန်းချုပ်နိုင် မည်ဆိုလျှင်ဖြင့် ယနေ့လိုင်စင်မဲ့ မော်တော်ယာဉ် ပြဿနာသည်
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့အလိုလို ချုပ်ငြိမ်း သွားမည်ဟု
ရှုမြင်သုံးသပ်မိပါသည်။ ။
.
.
.
#KBZTai #Shan