လားရှိုး ချစ်ကြည်ရေးဘောလုံးပွဲအဖြစ် ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများ နှစ်ဖက်ယှဉ်ပြိုင်ကစား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုး ချစ်ကြည်ရေးဘောလုံးပွဲအဖြစ် ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများ နှစ်ဖက်ယှဉ်ပြိုင်ကစား


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများ ယှဉ်ပြိုင်ကစားကြမည့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို လားရှိုးမြို့ရှိ ပြည်ထောင်စုအားကစားကွင်း၌ စက်တင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဌာနကဦးစီးကာ လားရှိုးမြို့ရှိ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပါဝင်ကစားခဲ့ကြောင်း သိရသည်။
.
"ချစ်ကြည်ရေးဘောလုံးပွဲကျင်းပတာဖြစ်ပါတယ်။ မြို့မိမြို့ဖတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပေါင်း တစ်ဖက် ၅၀ ဦးလောက်နဲ့ ဌာနဆိုင်ရာဖက်ကလည်းအယောက် ၅၀ လောက် အပျော်ကျင်းပတာဖြစ်ပါတယ်"ဟု လားရှိုးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချောစုအောင်က ပြောသည်။
.
"တစ်ခါမှမမြင်ဖူးတော့ ထူးဆန်းနေမယ်လို့မြင်ပါတယ်။ မြို့နေလူထုအနေနဲ့ကတော့ ဌာနဆိုင်ရာတွေဆိုပြီးတော့ နည်းနည်းရှိန်တာတွေတော့ ရှိမှာပေါ့။ ပထမဆုံးအကြိမ်ဖြစ်တော့ အားနာတာတွေ၊ ဘာတွေပေါ့ဗျာ။ ဒီလိုကျင်းပ တာ အရမ်းကောင်းပါတယ်" ဟု လားရှိုးမြို့ဒေသခံ ဦးမျိုးသန့်က ပြောသည်။
.
အဆိုပါဘောလုံးပွဲအတွက် တစ်ဖက်လျှင် လူဦးရေ ၅၀ စီပါဝင်မည်ဖြစ်သော်လည်း သက်ကြီးပိုင်းအများစုပါဝင် သောကြောင့် လူစားလဲကစားပြီး ပွဲစဉ်တစ်ပွဲသာ ကျင်းပခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats