စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ကို ရှေးဟောင်း
သမိုင်းဝင်မြို့အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် သောမြို့အဖြစ်
ကူညီဆောင်ရွက် ပေးနိုင်ပါရန် နိုင်ငံတော် ဒုတိယ သမ္မတ (၁)ဦးမြင့်ဆွေထံသို့ တင်ပြ ထားကြောင်း
မိုးနဲမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမွမ်းလိန်ထံမှ
သိရသည်။
.
.
''မိုးနဲက ပထမ၊ ဒုတိယ၊ တတိယအထိ နေရာသုံးနေရာရွှေ့ပြောင်း တည်ခဲ့တဲ့မြို့
ဖြစ်တဲ့အပြင် ပုဂံ ခေတ်ပြိုင် ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပြီး ရှမ်းပြည်နယ်မှာ ရှိတဲ့တိုင်း
ရင်းသား ဒေသတစ်ခု ဖွံ့ဖြိုးတိုး တက်ဖို့၊ တည်တံ့ဖို့အတွက် နိုင်ငံ တော်အစိုးရရဲ့ အထောက်အပံ့
အ ကူအညီ လိုအပ်နေတာဖြစ်လို့ အခု လို တင်ပြရခြင်းဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်း ဆိုတာကလည်း
နိုင်ငံ တော်ကို နိုင်ငံခြားငွေ ရှာဖွေပေး
နေတဲ့လုပ်ငန်းဖြစ်သလို တိုင်းရင်း သားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေ ထိန်းသိမ်း စောင့်ရှောက်ပေးဖို့
လည်း လိုအပ်တာဖြစ်လို့ ငြိမ်းချမ်း ရေးကဏ္ဍမှာ
ခရီးသွားလုပ်ငန်းကဏ္ဍ အနေနဲ့ ပါဝင်ဖြည့်ဆည်းစေမယ့် ရည်ရွယ်ချက်တွေနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်''ဟု
ဦးစိုင်းမွမ်းလိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်အစိုး ရ အဖွဲ့ထံသို့လည်း တင်ပြထား ကြောင်း
တင်ပြစာတွင် မိုးနဲမြို့ကို ဘီစီ ၅ဝဝ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ကာ ပထမမိုးနဲအဖြစ်
ယခုမိုးနဲ၏ အရှေ့မြောက်ဘက် ၁၈ မိုင်ခန့် အကွာတွင်ရှိသော နောင် လိုင် ကျေးရွာ၏ အရှေ့အရပ်ရှိ နမ့် တာပူတွင်
လည်းကောင်း၊ ဒုတိယ မိုးနဲကို ယခုမိုးနဲ၏ အရှေ့ဘက် ၃ မိုင်ခွဲအရပ် ဆိုင်းဖယ်ရွာ ၏မြောက်
ဘက်၊ လွိုင်နန်းရွာ၏အနောက်ဘက်၊ ဟိုင်းကေရွာ၏ အရှေ့တောင်ဘက် တွင် လည်းကောင်း တည်ဆောက်
ခဲ့ပြီး လေးဘက်လေးတန်မြို့ရိုးများ ကာရံထားကြောင်း၊ ကျုံး ၉ ထပ်ရှိ ကြောင်း၊ တတိယမိုးနဲမှာ
ယခု လက်ရှိ မိုးနဲမြို့ဖြစ်ပြီး လူဦးရေ ၅ဝဝဝဝ ကျော်၊ အိမ်ခြေ ၈ဝဝဝ ကျော် ရှိကြောင်း
သိရသည်။
.
မိုးနဲမြို့နယ်အတွင်း ဘုန်းတော် ကြီးကျောင်း ၄၄ ကျောင်းရှိပြီး
အ ဓိကစေတီ ၄၇ ဆူရှိကာ၊ စေတီ အဆူပေါင်း ၄၁၂ ဆူ ရှိကြောင်း၊ အင်းအိုင် ၃ အိုင်၊ မြစ်ချောင်း
၃ ချောင်း၊ သဘာဝ စိမ့်စမ်းများနှင့် သာယာလှပသည့် ပတ်ဝန်းကျင် အနေအထား များကြောင့် ရှေး
ဟောင်း သမိုင်းဝင်မြို့အဖြစ် ထိန်း သိမ်းကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော မြို့အဖြစ်
အကောင် အထည်ဖော် ကူညီဆောင်ရွက်ပေး စေလိုကြောင်း တင်ပြထားသည်ကို တွေ့ရှိရသည်။
.
အဆိုပါ တင်ပြချက်နှင့်စပ်လျဉ်း ၍ မိုးနဲမြို့သို့ သွားရောက်လေ့လာ
ကြည့်ရှုခဲ့သည့် တောင်ကြီးမြို့၊ ဟို တယ်နှင့်ခရီး သွားလာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦး ဝင်းအောင်က ''တိုးရစ်ဇင်အတွက် တော့ ပတ်ဝန်းကျင်သဘာဝ အလှအ ပတွေ ရှိတယ်၊ ခရီးသွားဖွံ့ဖြိုးတိုး
တက်နိုင်ဖို့လည်း အခြေအနေ ရှိပါ တယ်၊ ဒါပေမဲ့ ခရီးသွားတွေ လိုအပ် တဲ့ တည်းခိုရေး ဟိုတယ်အဆောက်
အဦးတွေကို အဆင့်မြှင့်တင်ဖို့၊ လုံ လောက်တဲ့ အနေအထား ရှိဖို့တော့ လိုအပ်ပါမယ်။ ပြီးတော့
မြို့ရဲ့ သမိုင်း တွေကို သေသေချာချာ စာအုပ် စာ တမ်းနဲ့ ပြုစုထားဖို့အပြင် သမိုင်း ကြောင်းတွေကို
ရှင်းပြနိုင်မယ့် ဒေသ လမ်းညွှန်တွေကိုလည်း သင်တန်း တွေ ဖွင့်လှစ်ပေးဖို့လိုအပ်မှာဖြစ်
ပါတယ်။ ရှေးယဉ်ကျေးမှုအရတော့ တန်ဖိုးမြင့်ရှိပြီးသားဖြစ်လို့ သေချာ အောင် ထိန်းသိမ်းလုပ်ဆောာင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်၊
အဓိကတော့ ပြည်ထဲရေးရဲ့ ကန့်သတ်ချက်ကို ဖြေ လျှော့ပေးနိုင်ဖို့လိုအပ်ပါမယ်၊ မိုးနဲမြို့
ပေါ်သာ ခွင့်ပြုပေမယ့် မြို့ပြင်ကိုတော့ ခွင့်ပြုဖို့ လိုအပ်မှာဖြစ်သလို နိုင်ငံ ခြားသား
တွေအနေနဲ့ လတ်တ လောခွင့်ပြုချက်က ဟိုပုံးမြို့နယ် ကျော်လွန် သွားလာခွင့်မရသေးပါ ဘူး။
လာမယ့် နှစ်တွေမှာ ကန့်သတ် ချက်ဖြေလျော့နိုင်သလို လိုအပ်ချက် တွေ ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့
မိုးနဲမြို့ဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး နိုင်တဲ့အရင်း အမြစ်ကောင်းတဲ့ ဒေသတစ်ခုလို့
ဆိုနိုင်ပါတယ်'' ဟု ဆိုသည်။
.
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းဖြင့် ဒေသခံများ အလုပ်အကိုင်အ
ခွင့်အလမ်း၊ အရောင်းအဝယ်များ စည်ပင်ဖွံ့ဖြိုးတိုး တက်လာနိုင် မည်ဖြစ်ကြောင်း သို့အတွက်
နိုင်ငံ တော်အနေဖြင့် ကူညီလုပ်ဆောင် ပေးရန်မျှော်လင့်ကြောင်း မိုးနဲပြည် နယ် လွှတ်တော်ကိုယ်စားလှယ်
ဦး စိုင်းမွမ်းလိန်က ပြောဆိုသည်။
.
''တစ်ခုတော့ ရှိတာပေါ့၊ ခရီးသွား များလာရင် ပျက်စီးမှုတွေ ကပ်ပါလာမှာကိုလည်း
သတိနဲ့ စောင့်ကြည့်ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်ပါလိမ့်မယ်။ တံခါး ဖွင့်ရင် တော့
လေကောင်း လေသန့် ဝင်သလို မှိုက်သရိုက်တွေလည်း ဝင်လာမှာကို ဂရုစိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်''ဟု
မိုးနဲဒေသခံ ဒေါ်မော်မော်သန်းက ဝေဖန်မှုပြုသည်။
.
ယခုအချိန်တွင် မိုးနဲမြို့သမိုင်း စုံကို လက်ရှိ စည်ပင်သာယာရေးကော်
မတီဥက္ကဌ တာဝန်ယူထားသူ ဦးစိုင်း လှအေးမှ လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖများနှင့်
တိုင်ပင်ပြီး မြို့နယ် သံဃာတော် ဆရာတော်များ၏ သြ ဝါဒကိုခံယူကာ ပြုစုထား ရှိသလို ဘုရားကျောင်းကန်၊
ဝတ္တကမြေများ၊ ရေထွက်များ၊ အင်းများ၊ မြို့ရိုး များ၊ ဟော်နှင့်နွားကြေးရုပ်၊ မာလိန်
တိုင် စသည်များကို တိုးချဲ့လာနေ သည့် လူနေအိမ်ခြေများကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန်
မြို့ လူထုနှင့်အတူ ဝိုင်းဝန်းပြုပြင် ထိန်း သိမ်းလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan